၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရဌနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

 

နေပြည်တော်   ဇွန်   ၂၁ 


ရခိုင်ပြည်နယ်  တောင်ကုတ်မြို့ နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်း မှ  ဆင်မ  ဇာနန်းလှ၊   အသက် ၃၃  နှစ်က ဆင်ဖြူတော် (အထီး)ကလေးတစ်စီးကို   ၂၀၂၂   ခုနှစ် ဇူလိုင် ၂၃  ရက်  နံနက်   မင်္ဂလာ အချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးသည် မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅လက်မ၊  ကိုယ်လုံး  လုံးပတ် ၃ ပေ၁ လက်မ၊  ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့် ရှိသည်။

 


ဆင်ဖြူတော်ကလေး၏ ဘွဲ့ နာမံတော်မှာ “ရဌနန္ဒက” ဖြစ်ပြီး အဆိုပါ  ဆင်ဖြူတော်လေးသည်    ရတနာ ဆင်ဖြူတော်များ၏     ကြန်အင်လက္ခဏာ   ရှစ်ချက်အနက်   မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊    အမြီးတံခါးပိတ် ဖြစ်ခြင်း၊  အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊  ခြေဖဝါးတွင် ရှေ့ခြေသည်း  ငါးခုစီနှင့်   နောက်ခြေသည်း လေးခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့်ရတနာ ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ခုနစ် ချက်နှင့်    ကိုက်ညီသော  ဆင်ဖြူတော်လေး ဖြစ်သည်။    

 

   
အထက်ပါ ဆင်ဖြူတော်လေး “ရဌနန္ဒက” သည်  ယခုအသက်  ၁၁  လသားအရွယ်တွင် အရပ် အမြင့် ၃ ပေ ၈ လက်မ၊ ကိုယ်လုံးလုံးပတ် ၆ ပေ ၅ လက်မ၊ ကိုယ်အလေးချိန် ၆၀၇ ပေါင် ရှိလာပြီး   ရတနာဆင်ဖြူတော်    ထိန်းသိမ်း စောင့်ရှောက်ရေးဥယျာဉ်     နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မ ကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း နှင့် ဆင်ဖြူတော်လေး “ရဌနန္ဒက”  သည် ငယ်စဉ်ကတည်းကပင်  လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေ ရန် ဆင်နှင့်လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်း စနစ် “Peace Human and Elephant Inter- action Training” ဖြင့် လေ့ကျင့််သင်ကြားပေး လျက်ရှိကြောင်း သိရသည်။     
   

သတင်းစဉ်