
နေပြည်တော် မေ ၂၃
ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး တစ်စီးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့ နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော် လေးမှာ မွေးဖွားစတွင် အရပ် အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ် အလေးချိန် ပေါင် ၁၈၀ ခန့်ရှိသည်။
ဆင်ဖြူတော်ကလေး၏ ဘွဲ့ နာမံတော်မှာ “ရဌနန္ဒက” ဖြစ်ပြီး အဆိုပါ ဆင်ဖြူတော်လေး သည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်း မှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါး ပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက် ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ငါးခုစီနှင့် နောက်ခြေသည်း လေးခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့်ရတနာဆင်ဖြူတော် များ၏ ကြန်အင်လက္ခဏာ ၇ ချက် ကိုက်ညီသော ဆင်ဖြူတော်လေး ဖြစ်သည်။
အထက်ပါ ဆင်ဖြူတော်လေး “ရဌနန္ဒက”မှာ ယခုအသက် ၁ နှစ်၊ ၁၀ လသားအရွယ်တွင် အရပ်အမြင့် ၄ ပေ ၂ လက်မ၊ ကိုယ်လုံး လုံးပတ် ၆ ပေ ၈ လက်မ၊ ကိုယ်အလေးချိန် ၁၃၄၂ ပေါင် ရှိလာပြီး ရတနာဆင်ဖြူတော် ထိန်းသိမ်း စောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင် ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင် လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်လေး “ရဌနန္ဒက” မှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေး ဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြား ခြင်းစနစ် “Peace Human and Ele-phant Interaction Training” ဖြင့် လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်