၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရဌနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

 

နေပြည်တော်  ဒီဇင်ဘာ  ၈ 


ရခိုင်ပြည်နယ်      တောင်ကုတ် မြို့နယ်ရှိ      မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ       ဆင်မဇာနန်းလှ အသက် ၃၃ နှစ်က  ဆင်ဖြူတော် (အထီး)ကလေး       တစ်စီးအား ဇူလိုင်  ၂၃   ရက်  နံနက် မင်္ဂလာ အချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ   ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင်         အရပ်အမြင့် နှစ်ပေ    ငါးလက်မ၊   ကိုယ်လုံး လုံးပတ် သုံးပေတစ်လက်မ၊ ကိုယ် အလေးချိန် ပေါင် ၁၈၀ ခန့်ရှိသည်။

 


ဆင်ဖြူတော်ကလေး၏ ဘွဲ့ နာမံတော်မှာ “ရဌနန္ဒက” ဖြစ်ပြီး အဆိုပါ ဆင်ဖြူတော်လေးသည် ရတနာ      ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ        ရှစ်ချက် အနက်  မျက်လုံး ပုလဲရောင်ဖြစ် ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်း သဏ္ဌာန်ဖြစ်ခြင်း၊       အမွှေး အဖြူရောင်ဖြစ်ခြင်း၊  အမြီးတံခါး ပိတ်ဖြစ်ခြင်း၊  အရေပြားမှာ သြဇာ ကွက်ဖြစ်ခြင်း၊    အသားအရေ ပန်းရောင်ဖြစ်ခြင်း၊   ခြေဖဝါးတွင် ရှေ့ခြေသည်း ငါးခုစီနှင့် နောက် ခြေသည်း        လေးခုစီပါရှိခြင်း၊ နားကြီးခြင်း       စသည့်ရတနာ ဆင်ဖြူတော်များ၏     ကြန်အင် လက္ခဏာ ခုနစ်ချက်ကိုက်ညီသော ဆင်ဖြူတော်လေးဖြစ်သည်။    

 


အထက်ပါ ဆင်ဖြူတော်လေး “ရဌနန္ဒက”မှာ      ယခုအသက် လေးလခွဲသားအရွယ်တွင် အရပ် အမြင့် သုံးပေ ၊ ကိုယ်လုံး လုံးပတ် လေးပေ   ခြောက်လက်မ၊  ကိုယ် အလေးချိန် ၃၁၅ ပေါင်ရှိလာပြီး ရတနာဆင်ဖြူတော်   ထိန်းသိမ်း စောင့်ရှောက်ရေးဥယျာဉ် နေပြည် တော်ရှိ     ရတနာဆင်ဖြူတော် ဆောင်တွင်    မိခင်ဆင်မကြီးနှင့် အတူ    ကျန်းမာပျော်ရွှင်လျက် ရှိကြောင်းနှင့်  ဆင်ဖြူတော်လေး “ရဌနန္ဒက”မှာ ငယ်စဉ်ကတည်း ကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူ တော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာ စေရန် ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာ     ဆက်ဆံတတ် စေရန်   လေ့ကျင့်သင်ကြားခြင်း စနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

သတင်းစဉ်