၂၀၂၂ ခုနှစ်တွင် မျှော်မှန်းထားသည်ထက် ဆန်ပိုမိုတင်ပို့နိုင်မည်ဟု ဗီယက်နမ်ခန့်မှန်း

 

၂၀၂၂ ခုနှစ်  မတ်လမှစတင်၍    ငွေကြေး ဖောင်းပွမှုကြောင့်   ကမ္ဘာ့ဈေးကွက်တွင် လယ်ယာထွက်ကုန်ဈေးနှုန်းများ မြင့်တက် လာပြီး ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်ဆန်ဈေးနှုန်း များလည်း သိသိသာသာ   မြင့်တက်လာခဲ့ သည်။

 


ဗီယက်နမ်၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ဆန်ဖြူဈေးသည် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၃၃ ဖြင့် တင်ပို့လျက်ရှိပြီး ယခုနှစ် အစပိုင်းကထက်   ၁၀   ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ 

 


ဗီယက်နမ်  အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်အစပိုင်းမှ စက်တင်ဘာလအထိ   ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည်  တန်ချိန်  ငါးသန်းကျော် ရှိခဲ့ပြီး ကာလတူနှိုင်းယှဉ်ချက်အရ ယခင်နှစ် ထက် ၁၉ ရာခိုင်နှုန်း  မြင့်တက်လာခြင်းဖြစ် သည်။  ပို့ကုန်တင်ပို့မှုချည်း   အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၄ ဘီလီယံရောက်ရှိခဲ့ပြီး ကာလတူနှိုင်းယှဉ်ချက်အရ ယခင်နှစ်ထက် ၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

 


၂၀၂၂ ခုနှစ် စီမံချက်အရ ဗီယက်နမ်နိုင်ငံ ၏ ဆန်တင်ပို့မှုကို တန်ချိန် သန်းပေါင်း ၆ ဒသမ ၃ မှ ၆ ဒသမ ၅ အထိ တင်ပို့နိုင်ရန် လျာထားပြီး  ၂၀၂၁   ခုနှစ်ထက်   တန်ချိန် ၁၀၀၀၀၀ မှ ၂၀၀၀၀၀ အထိ တိုးမြှင့်လျာထား ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်၏ ကျန်ရှိသော လေးလအတွင်း ဆန်ကို  တန်ချိန် သန်းပေါင်း ၁ ဒသမ ၅ မှ ၁ ဒသမ ၇ အထိ တင်ပို့နိုင်ရန် လျာထားပြီး  လက်ရှိ  ဈေးကွက်အခြေအနေ အရ လျာထားချက်ထက် ကျော်လွန်တင်ပို့နိုင် မည်ဟု ခန့်မှန်းထားသည်။

 


ဆန်ဈေးကွက်သည်    ၂၀၂၂   ခုနှစ်၏ စတုတ္ထသုံးလပတ်ကာလမှ ၂၀၂၃ ခုနှစ်၏ အစပိုင်းကာလများတွင်   ကောင်းမွန်လျက် ရှိသော်လည်း ဆန်ဈေးကွက်၏ ၉၀ ရာခိုင်နှုန်း ခန့်ကို    ထုတ်လုပ်ဖြည့်ဆည်းပေးလျက် ရှိသော အာရှနိုင်ငံအများအပြားတွင် ဆိုးရွား သည့်ရာသီဥတုအခြေအနေများ ဖြစ်ပေါ်လျက် ရှိသောကြောင့်   ဆန်ပြတ်လပ်မှုအခြေအနေ များ ရှိလာနိုင်ကြောင်း သိရသည်။

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊


ကမ္ဘာ့ဈေးကွက်တွင်   ဆန်အများဆုံး တင်ပို့သူ   အိန္ဒိယနိုင်ငံက   ပို့ကုန်တားမြစ် ကြောင်း   ကြေညာခဲ့ပြီး   လာမည့်နှစ်တွင် တရုတ်က ဆန်တန်ချိန် ၆ သန်းခန့် တင်သွင်း မည်ဟု ခန့်မှန်းလျာထားပြီး ဖြစ်သည့်အတွက် ဗီယက်နမ်အတွက်    ဆန်တိုးမြှင့်တင်ပို့ရန် အခွင့်အရေးတစ်ရပ် ဖြစ်လာနိုင်သည်။

 


ဆန်သည်   လူနေမှုဘဝတွင်    နေ့စဉ် စားသုံးနေရသည့် အဓိက  အစားအစာဖြစ် ခြင်းကြောင့်   စီးပွားရေးတည်ငြိမ်မှုအပေါ် လိုက်၍  ဈေးကွက်အတွင်း    ဝယ်လိုအား ကျဆင်းတတ်သော အခြားကုန်စည်များကဲ့သို့ ထိခိုက်နစ်နာမှုများ သိသိသာသာ မတွေ့ရှိ ရဘဲ ဝယ်လိုအားတည်ငြိမ်သည့် ဈေးကွက် တစ်ခုဖြစ်သည်။ လက်ရှိတွင် ဆန်ပြတ်လပ် ရှားပါးနိုင်သည့် အခြေအနေနှင့်အတူ ကမ္ဘာ့ ဆန်ဈေးနှုန်းသည်      ကြီးမြင့်လာလျက်ရှိပြီး ဗီယက်နမ်၏ ဆန်တင်ပို့မှုတွင်လည်း လက်ရှိ ဈေးနှုန်းထက် ပိုမိုမြှင့်တင်နိုင်သည့် အခြေအနေ ကောင်း တစ်ရပ်အဖြစ် တွေ့ရှိနေရသည်။