၂၀၂၂ ခုနှစ်တွင် အစားအသောက် အရေးပေါ်လိုအပ်သည့် လူပေါင်း ၂၅၈ သန်းရှိသည်ဟု ကုလအစီရင်ခံစာတွင် ဖော်ပြ

 

ဂျီနီဗာ   မေ   ၄


ပဋိပက္ခများ၊    ရာသီဥတုဖောက်ပြန်မှုနှင့်  ကိုဗစ် - ၁၉     အကျိုးသက်ရောက်မှုများကြောင့် အစားအသောက်၊ အာဟာရနှင့်   အသက်မွေးဝမ်းကျောင်း အကူအညီ လိုအပ်သည့် လူဦးရေမှာ ၂၀၂၂ ခုနှစ်တွင် လေးနှစ် ဆက်တိုက် များပြားလာခဲ့သည်ဟု မေ ၃ ရက်တွင် ကုလသမဂ္ဂနှင့်  ၎င်း၏  မိတ်ဖက်အဖွဲ့အစည်းများ၏  အစီရင်ခံစာအရ သိရသည်။  နိုင်ငံပေါင်း  ၅၈  နိုင်ငံမှ ခန့်မှန်းခြေအားဖြင့်    လူပေါင်း    ၂၅၈     သန်းမှာ    ဆာလောင်မွတ်သိပ်မှုနှင့်   ကြုံတွေ့နေရသည်ဟု အစားအသောက်     ပြဿနာနှင့်   ပတ်သက်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ     အစီရင်ခံစာတွင်     ဖော်ပြ ထားသည်။ 

 


တစ်ဘီလီယံ၏    လူဦးရေ   လေးပုံတစ်ပုံမှာ ဆာလောင်မှုကို ခံစားနေရပြီး ၎င်းတို့ထဲမှ အချို့မှာ ငတ်ပြတ်မှုဘေးအန္တရာယ်နှင့် ကြုံတွေ့ရတော့မည် ဟု  ဖော်ပြထားသည်။  အာဖဂန်နစ္စတန်၊  ကွန်ဂိုဒီမို ကရက်တစ်သမ္မတနိုင်ငံ၊   အီသီယိုပီးယား၊   နိုင်ဂျီး ရီးယားနှင့် ယီမင်နိုင်ငံတို့တွင် လူပေါင်း ၄၀ ရာခိုင် နှုန်းမှာ ပဋိပက္ခများနှင့် ဆိုးရွားသော အခြေအနေ များတွင် နေထိုင်နေရသည်။ 

 


ပြီးခဲ့သည့်    နှစ်အတွင်း     ဆိုမာလီနိုင်ငံသား   ၆၀  ရာခိုင်နှုန်းမှာ ငတ်ပြတ်မှုနှင့် ဆင်းရဲချို့တဲ့မှုများ အောက်တွင်  နေထိုင်နေရသည်။   အသက်ငါးနှစ် အောက် ကလေးငယ် ၃၅သန်းမှာလည်း အာဟာရ ချို့တဲ့မှုကို   ခံစားနေရသည်။   ပဋိပက္ခဖြစ်ပွားမှုများနှင့်   ရာသီဥတု ဖောက်ပြန်မှုများကြောင့် အစားအသောက် လုံခြုံစိတ်ချရမှုမရှိခြင်းနှင့် အာဟာရချို့တဲ့မှုများကို ဖြစ်ပွားစေသည်။

                    
ဆင်ဟွာ