၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်မည့်သူများအတွက် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ခေါ်ယူရေး ကြေညာချက်

 

ကျန်းမာရေးဝန်ကြီးဌာန၊  ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနသည်  ပြည်သူလူထုအား အရည်အသွေးပြည့်ဝ၍  လူတိုင်း   လက်လှမ်းမီသော  ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန်အတွက် ကျန်းမာရေးကဏ္ဍဆိုင်ရာ  မူဝါဒများချမှတ်ပြီး  ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များကို  လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပါသည်။
ထို့အပြင် ပိုမိုထိရောက်ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက် မှုကို  ပေးစွမ်းနိုင်ရေးအတွက် စေတနာ၊ မေတ္တာ၊ ကရုဏာ၊  ဝါသနာ နှင့် ပြည့်စုံသည့် ဆရာဝန်များ၊  သွားဘက်ဆိုင်ရာ  ဆရာဝန်များကို လေ့ကျင့်မွေးထုတ်နိုင်ရန်ရည်ရွယ်၍ ၂၀၂၂-ခုနှစ်၊   တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအောင်မြင်မည့်သူများအတွက်  ဆေးတက္ကသိုလ်များနှင့်   သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ခေါ်ယူရာတွင် မြန်မာ စာ၊  အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊  ရူပဗေဒ၊  ဇီဝဗေဒ (၆)ဘာသာ ရမှတ်၏  သတ်မှတ်စုစုပေါင်း  ရမှတ်ရရှိသူများအနက်မှ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ(၃)ဘာသာ စုစုပေါင်းရမှတ်(အများ/အနည်း)ပေါ် မူတည်၍  လူတွေ့စစ်ဆေးခြင်းစာမေးပွဲ   ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး   ရွေးချယ်ခံရသူများအား    ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ကျောင်းသား/သူများ ကြိုတင်သိရှိနိုင်ရေးအတွက် အသိပေးကြေညာအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
၁၇-၃-၂၀၂၂