
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသည် ပြည်သူလူထုအား အရည်အသွေးပြည့်ဝ၍ လူတိုင်း လက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန်အတွက် ကျန်းမာရေးကဏ္ဍဆိုင်ရာ မူဝါဒများချမှတ်ပြီး ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့် မွေးထုတ်ပေးလျက်ရှိပါသည်။
ထို့အပြင် ပိုမိုထိရောက်ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုကို ပေးစွမ်းနိုင်ရေးအတွက် စေတနာ၊ မေတ္တာ၊ ကရုဏာ၊ ဝါသနာနှင့်ပြည့်စုံသည့် ဆရာဝန်များ၊ သွားဘက်ဆိုင်ရာ ဆရာဝန်များကို လေ့ကျင့်မွေးထုတ်နိုင်ရန်ရည်ရွယ်၍ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်မည့်သူများ အတွက် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ခေါ်ယူရာတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ(၆)ဘာသာရမှတ်၏ သတ်မှတ်စုစုပေါင်း ရမှတ်ရရှိသူများအနက်မှ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ(၃)ဘာသာ စုစုပေါင်းရမှတ်(အများ/အနည်း) ပေါ်မူတည်၍ လူတွေ့စစ်ဆေးခြင်းစာမေးပွဲဖြေဆို ခွင့်ပြုမည်ဖြစ်ပြီး ရွေးချယ်ခံရသူများအား ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ကျောင်းသား/သူများ ကြိုတင်သိရှိနိုင်ရေးအတွက် အသိပေးကြေညာအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
၁၇-၃-၂၀၂၂