၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို

 

 

နေပြည်တော်    ဧပြီ    ၄
၂၀၂၁-၂၀၂၂      ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို   မတ် ၃၁ ရက်တွင် စတင်ကျင်းပလျက် ရှိရာ ယနေ့တွင် စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်ကို   တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ     အထက်တန်း ကျောင်းများ၌   ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆို လျက်ရှိသည်။ 
စာမေးပွဲ   ဖြေဆိုခြင်းမပြုမီ ကိုဗစ်-၁၉           ရောဂါဆိုင်ရာ စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ Mask များ တပ်ဆင်လာစေခြင်း၊  အပူချိန်တိုင်းတာခြင်း၊   စာမေးပွဲ ဖြေဆိုခွင့်ကတ်များ     မှန်/မမှန် စစ်ဆေးခြင်းများကို ဆရာ၊ဆရာမ များက စနစ်တကျ စစ်ဆေးခြင်း များကို    ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်းသူ များ စိတ်အေးချမ်းသာစွာ ဖြေဆို နိုင်ရေးအတွက်      ကျောင်းဝင်း အတွင်းနှင့်အပြင်များ၌ သက်ဆိုင် ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာ ရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့်  ရပ်ကွက်/  ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ် တကျ     စောင့်ကြပ်ကြည့်ရှုပေး လျက်ရှိသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေး ပွဲကို မတ် ၃၁ ရက်တွင်  မြန်မာစာ ဘာသာရပ်  စတင်ဖြေဆို၍    ဧပြီ ၄ ရက် (ယနေ့) တွင် ဓာတုဗေဒ ဘာသာရပ်ဖြေဆိုခြင်းဖြစ်ပြီး  ဧပြီ ၅ ရက် (အင်္ဂါနေ့) တွင် ရူပဗေဒ၊ ဧပြီ   ၆   ရက်  (ဗုဒ္ဓဟူးနေ့) တွင် ဇီဝဗေဒ/ ဘောဂဗေဒ၊ ဧပြီ ၇ ရက် (ကြာသပတေးနေ့)တွင် ပထဝီဝင်၊ ဧပြီ ၈ ရက် (သောကြာနေ့)တွင် သမိုင်း၊ ဧပြီ ၉ ရက် (စနေနေ့) တွင်  စိတ်ကြိုက်မြန်မာစာ စသည်ဖြင့် အသီးသီး     ဖြေဆိုကြရမည်ဖြစ် ကြောင်း သိရသည်။
ယနေ့    စတုတ္ထနေ့အဖြစ် ဓာတုဗေဒ  ဘာသာရပ်ကို   လာ ရောက်ဖြေဆိုသူ        စုစုပေါင်း ၂၂၇၇၄၆  ဦးရှိကာ ဖြေဆိုသူရာခိုင် နှုန်း ၉၀ ဒသမ ၂၂ ရာခိုင်နှုန်း ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ  သိရသည်။
ထိုသို့           ကျောင်းသား၊ ကျောင်းသူများ    ၂၀၂၁-၂၀၂၂ ပညာသင်နှစ်    တက္ကသိုလ်ဝင် စာမေးပွဲ       ဖြေဆိုနေမှုများကို  သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်  ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု  အားပေးကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်