
နေပြည်တော် မတ် ၁၆
၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဥပ္ပါတ သန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာ ဗိမာန်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့၊ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာန နာယက ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် ၂၀၂၂ ခုနှစ်၊သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူကြမည့် ဆရာ တော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူ ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးသာဌေး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည် ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင် ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက် ရောက်ကြည်ညိုကြသည်။
ဖတ်ကြားလျှောက်ထား
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း က အခမ်းအနားဖွင့်စာတမ်းကို ဖတ်ကြားလျှောက် ထားသည်။
ငါးပါးသီလ ခံယူဆောက်တည်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ ဧည့်ပရိသတ် များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။
ယင်းနောက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ် တော်ရ အင်းစိန်မြို့၊ ရွာမ အနောက်ရပ်ကွက်၊ ရွာမပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသ က သမ္မောဒနီယ ဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာ များကို လျှောက်ထားသည်။
ဆက်ကပ်လှူဒါန်း
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဗန်းမော်ဆရာတော်ထံ လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မကွေးတိုင်းဒေသ ကြီး၊ ရေစကြိုမြို့၊ မဇ္ဈိမာရုံ ပါရမီစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဉာဏိန္ဒသာရထံ ဘွဲ့တံဆိပ်တော် နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်ပူဇော်သည်။
လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက သန်လျင်မင်းကျောင်းဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံမြို့၊ ဌေးပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဉာဏဝံသထံ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်ပူဇော်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသ ကြီး၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ တိလောကာ ဘိဝံသ ထံလည်း ကောင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ပဲခူးတိုင်း ဒေသကြီး၊ မိုးညိုမြို့၊ ဝေဇယန္တာ စာသင်တိုက်ဆရာ တော် ဘဒ္ဒန္တ နရာသဘာဘိဝံသထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် ပူဇော်ကြသည်။
ဘွဲ့တံဆိပ်တော်ဆက်ကပ်
ဆက်လက်၍ ကောင်စီဝင် မန်းငြိမ်းမောင်က အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသ ထံလည်းကောင်း၊ ကောင်စီဝင် ဒေါ်အေးနုစိန်က အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့၊ မိုးကောင်းပရိယတ္တိစာသင် တိုက် ဆရာတော် ဘဒ္ဒန္တ သုဓမ္မာ စာရာဘိဝံသ ထံ လည်းကောင်း၊ ကောင်စီဝင် ဦးမောင်းဟာက အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ် တော်ရ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အင်းသာ အရှေ့ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ ထံလည်းကောင်း၊ ကောင်စီဝင် ဦးစိုင်းလုံးဆိုင် က အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ် တော်ရ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင် ပိုင်း) မြို့နယ်၊ တိုင်တစ်ရာ အရှေ့ကျောင်းကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဇိနောဒယထံ လည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်ပူဇော်ကြသည်။
ထို့နောက် ကောင်စီဝင် ဒေါက်တာ ဗညား အောင်မိုးက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ တောင်စလင်း တိုက်သစ်ဆရာတော် ဘဒ္ဒန္တ တိက္ခ ထံလည်းကောင်း၊ ကောင်စီဝင် ဦးရွှေကြိမ်းက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဒက္ခိဏာရုံကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တ ဇောတာလင်္ကာရ ထံ လည်းကောင်း၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့၊ စက်ရုံဓမ္မ ရိပ်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သုမန ထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်ပူဇော်ကြသည်။
ဆက်လက်ပြီး ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ပဲခူးတိုင်းဒေသ ကြီး၊ မင်းလှမြို့နယ်၊ စိတ္တသုခဘုန်းတော်ကြီး သင်ပညာရေးကျောင်းဆရာတော် ဘဒ္ဒန္တ ဓမ္မပိယထံ လည်းကောင်း၊ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ် တော်ရ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဓမ္မသုခ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာတော် ဘဒ္ဒန္တ နာရဒထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ကြသည်။
ဆက်ကပ်ပူဇော်
ယင်းနောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေးက အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မန္တလေးမြို့၊ မဏိရတနာ မြတောင် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အင်္ကုရနှင့် ကျောက်ဖြူမြို့၊ ဘုရားကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍဝထံ လည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး က အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ရေးမြို့နယ်၊ ပရိယတ္တိမာမက ဓမ္မရက္ခိတ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ခန္တီ ၊ ဘားအံမြို့နယ်၊ ဇွဲကပင် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ကဝိဓဇနှင့် ခရမ်း မြို့နယ်၊ ကမာကလူ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း ဆရာတော် ဘဒ္ဒန္တ ဉာဏဝံသထံလည်း ကောင်း ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ကြသည်။
လှူဖွယ်ပစ္စည်းများ ဆက်ကပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယဘွဲ့ရရှိသည့် ဆရာတော် ကြီးများထံ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့၊ သာသနာ့ဗိမာန်စာသင်တိုက် သီလရှင် ဆရာကြီး ဒေါ်ဣန္ဒသိင်္ဂီနှင့် စစ်ကိုင်းမြို့၊ ဒေါ်ဝိဇ္ဇာနန္ဒီ ကံသာကျောင်းသီလရှင်ဆရာကြီး ဒေါ်အဉ္စနဝတီ တို့ထံလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ဇနီးက အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ဂုဏ်ဝေပရိယတ္တိ ပဋိပတ္တိ ပရဟိတသီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဒေါက်တာ ဒေါ်ဆေကဝတီ ထံ လည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် ပူဇော်ကြသည်။
အဆောင်အယောင်များ ချီးမြှင့်
ဆက်လက်၍ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော် များကို ချီးမြှင့်ပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဂ္ဂမဟာ သီရိ သုဓမ္မ မဏိဇောတဓရဘွဲ့ရရှိသည့် ဦးစိုင်းမွန်း အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက အဂ္ဂမဟာ သီရိသုဓမ္မ သိင်္ဂီဘွဲ့ရရှိကြသည့် ဒေါက်တာ စန်းစန်းရီ နှင့် ဒေါက်တာခင်မြဝင်းတို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် ထံမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ ဧည့်ပရိသတ်တို့က အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အသီးသီး ဆက်ကပ်ပေးအပ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ပြည်တွင်း/ပြည်ပ ရဟန်း ၂၈၄ ပါး၊ သီလရှင်ဆရာကြီး ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၄၁ ဦးတို့ကို သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ် လှူဒါန်း ချီးမြှင့်ခဲ့ပြီး ယနေ့ကျင်းပသည့် ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် ပူဇော်ပွဲ အခမ်းအနားတွင် အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့ တံဆိပ်တော်ရ ဆရာတော်ကြီး ၉ ပါး၊ အဘိဓဇအဂ္ဂ မဟာ သဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်ရ ဆရာတော် ကြီး ၈ ပါး၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၈ ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂၃ ပါး၊ အဂ္ဂ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီး ၃ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄၁ ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ရဟန်း ၆ ပါး တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်ခဲ့ကာ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် ၁ ဦးနှင့် အဂ္ဂမဟာသီရိ သုဓမ္မ သိင်္ဂီ ဘွဲ့တံဆိပ်ရလူပုဂ္ဂိုလ် ၂ ဦးတို့ကိုလည်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များကို ပေးအပ် ချီးမြှင့်ခဲ့သည်။ ကျန်ရှိသည့် ဆရာတော်ကြီးများ၊ သီလရှင်ကြီးများနှင့် လူပုဂ္ဂိုလ်များကိုလည်း သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးချုပ်များ နှင့် တာဝန်ရှိသူများက အသီးသီး ဆက်ကပ်ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
သွားရောက်ဖူးမြော်ကြည်ညို
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး တို့သည် ပြည်ပဘွဲ့ခံ ဆရာတော်များဖြစ်ကြသည့် အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီရိလင်္ကာနိုင်ငံ၊ Sithulpawwa Rajamaha Viharaya, Galle ကျောင်းတိုက်ဆရာတော် Venarable Metarenba Hemaratana Nayaka Thero နှင့် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ သီရိလင်္ကာနိုင်ငံ၊ University of Kelaniya ဆရာတော် Director Venerable Medawachchiye Dhammajothi Thero တို့အား ဆရာတော်များ ခေတ္တသီတင်းသုံးလျက်ရှိသည့်နေရာသို့ သွားရောက်ဖူးမြော် ကြည်ညို၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခု ကဲ့သို့ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို လာရောက် ဆက်ကပ်ခံယူခြင်းအတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သည့်နိုင်ငံဖြစ်သကဲ့သို့ သီရိ လင်္ကာနိုင်ငံသည်လည်း ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်သည့်နိုင်ငံ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ထေရဝါဒဗုဒ္ဓသာသနာ ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း လျှောက်ထားသည်။
ထို့နောက် ဆရာတော်က ယခုကဲ့သို့ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်ခြင်းခံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ တို့သည် ကိုးကွယ်သည့် ဘာသာများတူညီသကဲ့သို့ နှစ်နိုင်ငံ ဆက်ဆံရေးသည်လည်း နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲလျက် ရှိကြောင်း၊ သီရိလင်္ကာနိုင်ငံရှိ University of Kelaniya တွင်လည်း မြန်မာနိုင်ငံမှ သံဃာတော်အပါး ၃၀၀ ကျော် တက်ရောက်၍ သာသနာတော်ဆိုင်ရာ ပညာရပ်များကို သင်ယူလျက်ရှိသကဲ့သို့ အခြားနိုင်ငံများမှလည်း လာရောက် သင်ယူလျက်ရှိပါကြောင်း၊ မိမိတို့ တက္ကသိုလ်အနေဖြင့်လည်း မြန်မာနိုင်ငံရှိ သီတဂူ ဗုဒ္ဓတက္ကသိုလ်နှင့် နားလည်မှုစာချွန်လွှာ ရေးထိုး နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက် ရှိပါ ကြောင်း မိန့်ကြားသည်။
ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သီရိလင်္ကာနိုင်ငံတွင် မြန်မာနိုင်ငံမှ စာသင်သားသံဃာတော်များ ပညာသင်ကြားရာ၌ အဆင်ပြေ စေရေးအတွက် မိမိအနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း သီတဂူဗုဒ္ဓ တက္ကသိုလ်အပါအဝင် ဗုဒ္ဓတက္ကသိုလ်များ ဖွင့်လှစ်ထားရှိပြီး ဥရောပနိုင်ငံများအပါအဝင် ပြည်ပနိုင်ငံများမှ စာသင်သံဃာ တော်များနှင့် သီလရှင်များလည်း လာရောက် သင်ကြားလျက် ရှိပါကြောင်း၊ ထိုသို့ သာသနာရေးဆိုင်ရာ ပညာရပ်များကို သင်ကြားနိုင်ရေးအတွက် နိုင်ငံအသီးသီးရှိ ဆရာတော်ကြီး များ၏ ကြိုးပမ်းဆောင်ရွက်မှုသည် ထေရဝါဒဗုဒ္ဓသာသနာ ပြန့်ပွားမှုကို များစွာ အထောက်အကူပြုစေပါကြောင်း၊
အလားတူ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်ဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးကိုလည်း ထုဆစ်တည်ဆောက်လျက်ရှိပြီး ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာဋီကာ ကျမ်းစာများကို စကျင်ကျောက် တော်များ၌ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးပူဇော်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နေ ခြင်းမှာ ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲရေးအတွက် မိမိတို့အနေဖြင့် တတ်နိုင်သည့် ဘက်မှ ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်းဖြင့် လျှောက်ထားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော် ကြီးက ဓမ္မလက်ဆောင်အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်