၂၀၂၂ ခုနှစ်၊ နှစ်သစ်ကူးရုံးပိတ်ရက်နှင့် သင်္ကြန်ကာလ  ရုံးပိတ်ရက်ကာလအတွင်း YBS ယာဉ်လိုင်းများ၊ အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲမည့်အစီအစဉ်အား အသိပေးကြေညာခြင်း 

 

 

၁။    ၂၀၂၂ ခုနှစ်၊ နှစ်သစ်ကူးရုံးပိတ်ရက်နှင့် သင်္ကြန်ကာလ ရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်မြို့နေပြည်သူ များနှင့်   ရန်ကုန်တိုင်းဒေသကြီးမှ  အခြားတိုင်းဒေသကြီးနှင့်  ပြည်နယ်များသို့   သွားရောက်လိုသည့် ခရီးသွားများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင် ရေးကြီးကြပ်မှုကော်မတီ (YRTC) စီမံမှုဖြင့်  အောက်ဖော်ပြပါ YBS ခရီးသည်တင်ယာဉ်လိုင်းများနှင့် အဝေးပြေးယာဉ်လိုင်းများမှ ပုံမှန်ပြေးဆွဲလမ်းကြောင်းအတိုင်း သတ်မှတ်ယာဉ်စီးခနှုန်းထားဖြင့် ပြေးဆွဲ မည်ဖြစ်ပါသည်-    
    (က)    YBS ခရီးသည်တင်ယာဉ်လိုင်းများ 
    (၁)     နှစ်သစ်ကူးရုံးပိတ်ရက် (ဧပြီလ ၉ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့အထိ)
    (ကက)     YBS ယာဉ်လိုင်း     ၁၁၉ လိုင်း 
    ( ခ ခ )    City Bus     ၂၁၁၈ စီး
    ( ဂ ဂ )     Mini Bus         ၃၂၆ စီး
    (၂)    သင်္ကြန်ကာလရုံးပိတ်ရက် (ဧပြီလ ၁၃ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့အထိ) 
    (ကက)     YBS ယာဉ်လိုင်း       ၆၇ လိုင်း 
    ( ခ ခ )     City Bus         ၉၆၂ စီး
    ( ဂ ဂ )     Mini Bus          ၂၅၆ စီး
    (ခ)    အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများ 
    (၁)    အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း 
    (ကက)     ၁၀-၄-၂၀၂၂ ရက်နေ့အထိပြေးဆွဲမည့်ယာဉ်လိုင်း     ၁၆၅ လိုင်း 
    ( ခ ခ )     ၁၁-၄-၂၀၂၂ ရက်နေ့အထိပြေးဆွဲမည့်ယာဉ်လိုင်း     ၁၅၆ လိုင်း 
    ( ဂ ဂ )     ၁၂-၄-၂၀၂၂ ရက်နေ့အထိပြေးဆွဲမည့်ယာဉ်လိုင်း     ၁၄၂  လိုင်း
    (ဃဃ)     ၁၃-၄-၂၀၂၂ ရက်နေ့အထိပြေးဆွဲမည့်ယာဉ်လိုင်း       ၃၇  လိုင်း 
    ( င င )    ၁၄-၄-၂၀၂၂ ရက်နေ့အထိပြေးဆွဲမည့်ယာဉ်လိုင်း         ၂   လိုင်း
    ( စ စ )    ပိတ်ရက်မရှိ ပြေးဆွဲမည့်ယာဉ်လိုင်း             ၂   လိုင်း
    (၂)    ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်း 
    (ကက)    ၁၂-၄-၂၀၂၂ ရက်နေ့အထိပြေးဆွဲမည့်ယာဉ်လိုင်း     ၉၀ လိုင်း 
    ( ခ ခ )    ၁၃-၄-၂၀၂၂ ရက်နေ့အထိပြေးဆွဲမည့်ယာဉ်လိုင်း     ၈၆ လိုင်း 
    ( ဂ ဂ )    ပိတ်ရက်မရှိ ပြေးဆွဲမည့်ယာဉ်လိုင်း            ၈  လိုင်း
၂။    ရန်ကုန်မြို့တွင်းပြေးဆွဲသော YBS ခရီးသည်တင်ယာဉ်လိုင်းများသည် ၁၇-၄-၂၀၂၂ (နှစ်ဆန်း တစ်ရက်နေ့) တွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ပြီး အဝေးပြေးခရီးသည်တင်ယာဉ်လိုင်း များသည် ၁၇-၄-၂၀၂၂ (နှစ်ဆန်းတစ်ရက်နေ့) မှစ၍ ပြန်လည်ပြေးဆွဲပြီး ၂၀-၄-၂၀၂၂ ရက်နေ့တွင် ယာဉ်လိုင်းအားလုံးပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ် ပါသည်။
                    ရန်ကုန်တိုင်းဒေသကြီး 
ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ