၂၀၂၂ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် အောက်တိုဘာ ၁၉ ၂၀၂၂ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တက်ရောက်ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဦးစိုင်း လုံးဆိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူများ နှင့် ရုရှားစီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ရတနာပစ္စည်းများ ထုတ်လုပ်မှု အဆင့်ဆင့်နှင့် ၂၀၂၂ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲအခမ်းအနား ကျင်းပ နိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုကြ သည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၂ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ၌ ရောင်း ချရန် မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲ များနှင့် ပုလဲအတွဲများ၊ ခန်းမ အပြင်ဘက်တွင် ခင်းကျင်းပြသ ထားသည့် ကျောက်စိမ်းရိုင်းအတွဲ များကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က လိုအပ်သည် များ လမ်းညွှန်မှာကြားသည်။ နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေရရှိရန်နှင့် နိုင်ငံသား များအတွက် စီးပွားရေးအကျိုး ဖြစ်ထွန်းမှုများ ရရှိနိုင်စေရန် အတွက် တူးဖော်ထုတ်လုပ်ထား သည့် ကျောက်မျက်ရတနာများ ကို ရောင်းချနိုင်မည့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်ကျင်းပခဲ့ ပြီး ယခုပြပွဲတွင် ပုလဲအတွဲများ အတွက် ကြမ်းခင်းဈေးကို အမေရိ ကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိ ကာ ငွေပေးချေမှုကို ပြည်ပ ရတနာကုန်သည်များက အမေရိ ကန်ဒေါ်လာ၊ ယွမ်ငွေ၊ ထိုင်း ဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များ က ကျပ်ငွေဖြင့်လည်းကောင်း၊ ကျောက်မျက်၊ ကျောက်စိမ်းအတွဲ များအတွက် ကြမ်းခင်းဈေးကို ယူရိုငွေဖြင့် သတ်မှတ်ထားရှိ ပြီး ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များက ကျပ်ငွေဖြင့် လည်းကောင်း ပေးချေသွားရမည် ဖြစ်သည်။ ပုလဲအတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ အမေရိ ကန်ဒေါ်လာ ၁၀၀၀ ဖြစ်ပြီး ကျောက်မျက်အတွဲများ အတွက် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရို ၅၀၀ ဖြစ်၍ ကျောက်စိမ်းအချော ထည် အတွဲများအတွက် အနိမ့်ဆုံး အခြေခံဈေးမှာ ယူရို ၁၀၀၀ နှင့် ကျောက်စိမ်းအရိုင်း အတွဲများ အတွက် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရိုငွေ ၅၀၀၀ ဖြစ်သည်။ ယနေ့ပြုလုပ်သည့် ၂၀၂၂ ခုနှစ် နှစ်လယ်မြန်မာ့ကျောက် မျက်ရတနာပြပွဲကို အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ခင်းကျင်း ပြသရောင်းချပေးသွားမည်ဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို ပြည်တွင်းပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် စည်းမျည်းစည်းကမ်း သတ်မှတ်ချက်များနှင့် အညီ ရောင်းချပေးသွားမည်ဖြစ်သည်။ ထို့ပြင် မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ပုဂ္ဂလိက ကျောက်မျက်ရတနာ အချော ထည် အရောင်းပြခန်းများ လည်း ဖွင့်လှစ်ရောင်းချပေးလျက် ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်