၂၀၂၂ ခုနှစ် မတ်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ထွက်ရှိ

 

နေပြည်တော် မတ် ၁၆
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း  ၄၀ ကျော်    စာချစ်သူများ  လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်       ဒီဇင်ဘာလ မှစ၍ သုတပဒေသာနှင့်     လူငယ်ရေးရာစာစောင်ဟု   အမည်ပြောင်းလဲကာ  မျက်နှာဖုံးဒီဇိုင်း၊    အကြောင်း အရာနှင့်   စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများ     ပြုလုပ်ပြီး ဆယ်ကျော်သက်  လူငယ်များကို   ဦးတည်     ပရိသတ်အဖြစ်ထားကာ      လစဉ်ထုတ်ဝေလျက်ရှိ သည်။
နိုင်ငံတကာထုတ်       စာအုပ်စာစောင်များမှ   ကောင်းနိုးရာ ခေတ်မီအကြောင်းအရာများနှင့် ယခု လအတွက် အထူးပြုရေးသားသည့် “ကလေးတိုင်း အတွက် လှပသောအနာဂတ် ဖန်တီးရေး” မျက်နှာဖုံး ဆောင်းပါးကြီးများပါဝင်သော        သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (မတ်လ) ကို        ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန   စာပေဗိမာန်က   ဖြန့်ချိ    လိုက်ပြီဖြစ်သည်။
၂၀၂၂ ခုနှစ်  မတ်လထုတ်  သုတပဒေသာနှင့်   လူငယ်ရေးရာစာစောင်တွင်  ဒေါက်တာခင်မောင်ညို၊  ဟိန်းလတ်၊ တာရာဝင့်ထွန်း တို့၏ “ကလေးတိုင်း အတွက် လှပသောအနာဂတ် ဖန်တီးရေး” မျက်နှာဖုံး ဆောင်းပါးများ၊ ကောင်းသန့်၊ နေညိုယဉ်၊ နေသူ ရိန်၊ မောင်ဒီပ (ပညာရေး)၊ ကိုဇော်ဌေး(ယဉ်ကျေး မှု)၊  ညီမော်သိမ်း၊    ပါမောက္ခ ကိုကိုအောင်၊  တွဲဖက် ပါမောက္ခ ဦးလွင်မြင့်၊ မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်)၊ K. M. A တို့၏ လူငယ်ရေးရာဆောင်းပါး များ၊ မောင်ပေါ်ထွန်း၏ အတွေးအခေါ် နှင့် တက်ကျမ်း ဆိုင်ရာဆောင်းပါး၊ အေးထွန်းမင်း၊ မြသိန်း၊ လင်းဟိန်း ဦးတို့၏ နိုင်ငံတကာဆိုင်ရာ ဆောင်းပါးများ၊   ဦးစိုင်း ကျော်သူ၊    စောနိုင် (အသုံးချဘောဂဗေဒ)တို့၏ ရွေးကောက်ပွဲနှင့်   စီးပွားရေးဆိုင်ရာဆောင်းပါးများ၊ ထက်ဝေအောင်(စစ်ကိုင်း)၊     ဒေါက်တာ မြင့်သန်း တို့၏        မူးယစ်ဆေးဝါးနှင့်     ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ လဲ့လဲ့ဝင်း (သတ္တဗေဒ)၏ သဘာဝ ပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာဆောင်းပါး၊  ဦးဘသန်း  (မဟာဝိဇ္ဇာ)၊  စိုးစိုး(ပန်းတောင်း)၊ ဆောင်းဝင်းလတ်၊   ဒေါက်တာ မြင့်သန်းထွန်း   (ပြည်သူ့ကျန်းမာရေး)၊ ဇာဇာရွှေရည်၊   မော်(သန်လျင်) တို့၏ ကဗျာ၊  ဟာသ၊ ဖြစ်ရပ်မှန်၊   ဝတ္ထုတိုနှင့်   အထွေထွေကဏ္ဍများကို ရောင်စုံ၊   ဖြူ/မည်းသရုပ်ဖော်ပုံ    ဝေဝေဆာဆာဖြင့်  စီစဉ်တင်ဆက်ထားသည်။
အဆိုပါ    သုတပဒေသာနှင့်   လူငယ်ရေးရာ   စာစောင်ကို  တစ်အုပ်လျှင်  ငွေကျပ် ၂၅ဝဝ နှုန်းဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊   နေပြည်တော်၊  ဖုန်း ၀၆၇၃၄၁- ၄၆၈၁၊   စာပေဗိမာန်   စာအုပ်အရောင်းဆိုင်၊  အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း  ရန်ကုန်မြို့၊ စာပေဗိမာန်  စာအုပ်အရောင်းဆိုင်  ၈၆ လမ်း၊  ၂၁ လမ်းနှင့် ၂၂ လမ်းကြား  မန္တလေး  ဖုန်း ၀၂- ၄၀၃၀ ၁၈၆၊ ရန်ကုန် မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦး စာပေ၊ နဂါးစာပေနှင့်   မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာ ယူလိုပါက စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း  ရန်ကုန်မြို့၊ ဖုန်း - ၀၁- ၈၂၄၉၀၃၁၊   ၀၁ - ၈၃၈၁၄၄၈ တို့သို့ ဆက်သွယ်မှာယူ နိုင်ကြောင်း   သိရသည်။
 ဇော်ဝင်းထွန်း