၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပ

 

နေပြည်တော်    ဇွန်    ၅


၂၀၂၂   ခုနှစ်   ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားများကို   ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီး သီး၌  ကျင်းပကြရာ  တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီး ချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီး သီးမှ   တိုင်းမှူးများနှင့်   တာဝန် ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်   ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

 


ဦးစွာ   တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက အဖွင့် အမှာစကားများ     ပြောကြားကြ သည်။ ထို့နောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာနှင့်        ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်(UNEP)၏ အမှုဆောင်ညွှန် ကြားရေးမှူး၏ အစီရင်ခံစာတို့ကို တာဝန်ရှိသူများ က   ဖတ်ကြားကြပြီး   ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဗီဒီယိုကို ပြသ ကြသည်။ 

 


ယင်းနောက် ကမ္ဘာ့ပတ်ဝန်း ကျင်    ထိန်းသိမ်းရေးနေ့အထိမ်း အမှတ်     ဆောင်းပါး၊   ပန်းချီ၊    ပိုစတာနှင့် စာစီစာကုံးပြိုင်ပွဲများ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန် သော   လုပ်ငန်းများတွင်   ဆုရရှိ ကြသူများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ   တိုင်းမှူး များနှင့်    တာဝန်ရှိသူများက ဂုဏ်ပြုဆုများနှင့်    ဂုဏ်ပြု လက်မှတ်များ  အသီးသီးပေးအပ် ချီးမြှင့်ကြပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြခန်းများအား လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်