၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲအတွက် ဖိတ်ခေါ်ခြင်း

 

သယံဇာတနှင့်       သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ် ဇွန်လ  ၅ ရက်နေ့တွင် ကျရောက်မည့်  ကမ္ဘာ့ပတ်ဝန်းကျင်   ထိန်းသိမ်းရေးနေ့ကို      “တစ်ခုတည်းသော ကမ္ဘာမြေ   (Only One Earth)”  ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး     ကျွန်ုပ်တို့သည် သဘာဝတရားနှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲစွာ  နေထိုင်ရန်နှင့်    မူဝါဒများနှင့်     တစ်ဦးချင်းစီ၏ ပတ်ဝန်းကျင်နှင့်  လိုက်လျောညီထွေစွာ  နေထိုင် နိုင်မည့် နည်းလမ်းရွေးချယ်မှုများမှတစ်ဆင့် ပိုမို  စိမ်းလန်းသော နေထိုင်မှုပုံစံသို့ အသွင်ကူးပြောင်း နိုင်ရေးအတွက် ဖြစ်နိုင်သမျှ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ယခုနှစ်ဆောင်ပုဒ်မှ တိုက်တွန်း ထားပါသည်။ ယခုနှစ်ဆောင်ပုဒ်၏ တိုက်တွန်း နှိုးဆော်ချက်များကို    ပြည်သူများ    သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ “တစ်ခုတည်း  သော ကမ္ဘာမြေ (Only One Earth)” ခေါင်းစဉ်ဖြင့်  အလွတ်တန်းဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲများ ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုရရှိသူများကို ၂၀၂၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့     အထိမ်းအမှတ်      အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ များအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ် အပ်ပါသည်။ စာမူများအား ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန    ရုံးအမှတ် (၅၈)၊    နေပြည်တော်၊ ဖုန်း- ၀၆၇-၄၃၁၃၂၉၊ အီးမေးလ် hr.env.ecd@gmail.com  သို့  ၂၀၂၂  ခုနှစ်  မေလ  (၁၂)  ရက်၊ ကြာသပတေးနေ့  နောက်ဆုံးထား၍ ဆက်သွယ် ပေးပို့နိုင်ပြီး အသေးစိတ် အချက်အလက်များကို  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန Website (www.ecd.gov.mm)   နှင့်   Facebook     Page (Environmental Conservation Department-ECD)    တို့တွင်      ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အသိပေးအပ်ပါသည်။ 


ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန