
ရန်ကုန် ဩဂုတ် ၂၄
Employment Permit System-EPS စနစ်ဖြင့် ၂၀၂၂ ခုနှစ် EPS-TOPIK စာမေးပွဲ (စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း) ဖြေဆိုအောင်မြင်၍ အလုပ်လျှောက်လွှာသက်တမ်းကျန်ရှိပြီး အလုပ်ရှင်နှင့် မိတ်ဆက်မခံရ သေးသူများ သစ်တောလုပ်ငန်းသို့ ပြောင်းရွှေ့လျှောက်ထားနိုင် ကြောင်း POEA-EPS မှ အသိပေးကြေညာထားသည်။
၂၀၂၂ ခုနှစ် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ(စိုက်ပျိုး ရေးနှင့်မွေးမြူရေးလုပ်ငန်း) အောင်မြင်၍ အလုပ်လျှောက်လွှာတန်းစီဇယားသက်တမ်းကျန်ရှိပြီး အလုပ်ရှင်နှင့်မိတ်ဆက်မခံရသေးသူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းမှ သစ်တောလုပ်ငန်း(Forestry)သို့ လုပ်ငန်းပြောင်းရွှေ့လုပ်ကိုင်နိုင်ကြောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းမှ သစ်တောလုပ်ငန်းသို့ ပြောင်းရွှေ့လုပ်ကိုင်လိုသူများ သိရှိ ရန်ဟု POEA-EPS မှ ဩဂုတ်၂၄ ရက်တွင် အသိပေးကြေညာထားသည်။
အဆိုပါအသိပေးကြေညာချက်နှင့်အတူ HRD- Korea မှ ပေးပို့လာ သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှ သစ်တောလုပ်ငန်းသို့ ပြောင်းရွှေ့လုပ်ကိုင်ခွင့်ရရှိသူ ၁၃၆၆ ဦး၏ အမည်စာရင်းနှင့် စာမေးပွဲခုံ အမှတ်ကိုလည်း ပူးတွဲကြေညာထားသည်။
အလုပ်လျှောက်လွှာတန်းစီဇယားသက်တမ်းသည် လက်ရှိစိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်း သက်တမ်းကုန်ဆုံးမည့်ရက်အထိ ဖြစ်ကြောင်း ပါရှိသည်။ လုပ်ငန်းပြောင်းရွှေ့လျှောက်ထားလိုသူများ သည် ဩဂုတ် ၂၇ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအတွင်း POEA ရုံးသို့ ကာယကံရှင်ကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပြီး ရုံးသို့ လာရောက်လျှောက်ထားရာတွင် နိုင်ငံကူးလက်မှတ် (မူရင်းနှင့်မိတ္တူ)စာမေးပွဲဖြေဆိုခွင့်အမှတ်စဉ် တင်ပြရမည်ဖြစ်ကြောင်းလည်း ဖော်ပြ ထားသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှ သစ်တောလုပ်ငန်းသို့ ပြောင်းရွှေ့ခြင်းသည် အလုပ်အကိုင်ရရှိမည်ဟု အာမမခံပါကြောင်းနှင့် EPSစနစ်အရ အလုပ်ရှင်စိတ်ကြိုက်ရွေးချယ်ခြင်းသာဖြစ်ကြောင်းနှင့် သစ်တောလုပ်ငန်းအတွက် တန်းစီဇယားလုံလောက်ပါက မူလလုပ်ငန်း ဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းသို့ ပြန်လည်ပြောင်းရွှေ့ခွင့်ပြုကြောင်းလည်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA-EPS) မှ အသိပေးထားသည်။ MT