
နေပြည်တော် အောက်တိုဘာ ၂၂
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာ စ၁စောင် ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက် လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက် ရှိပါသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာ ခေတ်မီအကြောင်းအရာများနှင့် ယခုလအတွက် အထူးပြု ရေးသားသည့် “လူငယ်နှင့် ခေါင်းဆောင်မှု” မျက်နှာဖုံးဆောင်းပါးကြီးများ ပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (အောက်တိုဘာလ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလထုတ် သုတပဒေသနှင့် လူငယ်ရေးရာ စာစောင်တွင် ဒေါက်တာ ခင်မောင်ညို၊ ခင်မောင်အေးတို့၏ “လူငယ်နှင့် ခေါင်းဆောင်မှု” မျက်နှာဖုံးဆောင်းပါးများ၊ ကောင်းသန့်၊ ညီညီဖေ၊ မောင်ဒီပ (ပညာရေး)၊ တွဲဖက်ပါမောက္ခ ဦးလွင်မြင့်၊ ညီမော်သိမ်း၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ ဆန်းသစ်အောင် (မဟာဝိဇ္ဇာ- အင်္ဂလိပ်ဘာသာစကား)၊ ကိုဇော်ဌေး(ယဉ်ကျေးမှု)၊ ဒေါက်တာ လွင်သန့် တို့၏ လူငယ်ရေးရာဆောင်းပါးများ၊ ပါမောက္ခကိုကိုအောင်၊ အေးထွန်းမင်း တို့၏ နိုင်ငံတကာဆိုင်ရာ ဆောင်းပါးများ၊ မောင်ပေါ်ထွန်း၊ ကိုရင်ကျော် တို့၏ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာ ဆောင်းပါးများ၊ ဦးစိုင်း ကျော်သူ၊ K.M.A တို့၏ ရွေးကောက်ပွဲနှင့် ဒီမိုကရေစီဆိုင်ရာ ဆောင်းပါး များ၊ စံမြတ်ဘုန်း(စစ်ကိုင်း)၊ ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) တို့၏ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာဆောင်းပါးများ၊ နေညိုယဉ်၊ ဒေါက်တာ မြင့်သန်း၊ ဆရာနောင်တို့၏ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ ဦးဘသန်း (မဟာဝိဇ္ဇာ)၊ ဆောင်းဝင်းလတ်၊ ရဲထက်ဇော်၊ စန်းနီလာဝင်း၊ ဇီဇဝါ၊ မော်(သန်လျင်)တို့၏ ကဗျာ၊ ဟာသ၊ ဖြစ်ရပ်မှန်၊ ဝတ္ထုတိုနှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူမည်း သရုပ်ဖော်ပုံဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။
အဆိုပါ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ကျပ် ၂၅၀၀ နှုန်းဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း- ၀၆၇- ၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း- ၀၂- ၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီး များ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေ ဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ ဖုန်း-၀၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ကြောင်း သိရသည်။
သတင်းစဉ်