၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

 

နေပြည်တော်  အောက်တိုဘာ ၂၀
ကပ္ပလီပင်လယ်ပြင်နှင့်   ဘင်္ဂလားပင်လယ်အော်တို့ တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပါ သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင် ပါသည်။
မိုးအခြေအနေနှင့် မိုးရွာရက်
မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသ ကြီး၊  မကွေးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည် နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊   ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့်        ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ မန္တလေးတိုင်း ဒေသကြီး၊    ပဲခူးတိုင်းဒေသကြီး    (အနောက်ပိုင်း)၊ ရန်ကုန်တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင်   ရွာသွန်းမြဲခန့်   မိုးထစ်ချုန်း ရွာနိုင်ပါသည်။ 
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊   မကွေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ခြောက်ရက်မှ ရှစ်ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည် နယ်၊  ကရင်ပြည်နယ်နှင့်    မွန်ပြည်နယ်တို့တွင်  သုံးရက်မှ ငါးရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
မြစ်ရေအခြေအနေ
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော် မြို့၊ ရွှေကူမြို့၊  ကသာမြို့နှင့်   သပိတ်ကျင်းမြို့တို့ တွင် ပေဝက်မှ နှစ်ပေခန့်၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့ နှင့် ဇလွန်မြို့တို့တွင် ပေဝက်မှ တစ်ပေခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ မန္တလေး မြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့နှင့် ပြည်မြို့တို့တွင် တစ်ပေမှ နှစ်ပေခန့် လက်ရှိ ရေမှတ် များအောက် ကျဆင်းလာနိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊    မော်လိုက်မြို့၊   ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်မှ သုံးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပါသည်။
မြစ်သာမြစ်ရေသည် ကလေးမြို့တွင် သုံးပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ် မြို့တို့တွင် ပေဝက်ခန့်စီ၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့်  မဒေါက်မြို့တို့တွင် ပေဝက်ခန့်စီ၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် တစ်ပေမှ နှစ်ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်း ချောင်းမြို့၊  သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ပေ ဝက်မှ တစ်ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် တစ်ပေခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့ နှင့် ကျောက်တော်မြို့တို့တွင် ပေဝက်မှ နှစ်ပေခွဲခန့် နှင့်  လေးမြို့  မြစ်ရေသည်  မြောက်ဦးမြို့တွင် ပေ ဝက်ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာ နိုင်ပြီး၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ပေဝက် ခန့်၊ သံလွင်မြစ်ရေသည် ဖားဆောင်းမြို့နှင့် ဘားအံ မြို့တို့တွင် ပေဝက်မှ တစ်ပေခန့်၊ သောင်ရင်း မြစ်ရေ သည် မြဝတီမြို့တွင် တစ်ပေခန့်နှင့် ဘီးလင်း မြစ်ရေ သည် ဘီးလင်းမြို့တွင်  တစ်ပေခန့် လက်ရှိ   ရေမှတ် များအောက် ကျဆင်းလာနိုင်ပါသည်။       မိုး/ဇလ