၂၀၂၂ ခုနှစ် အာဆီယံ-တရုတ်ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်  နိုဝင်ဘာ  ၁၆


တတိယအကြိမ်      အာဆီယံ-တရုတ်            ချစ်ကြည်ရေးနှင့်    ပူးပေါင်း  ဆောင်ရွက်ရေးဆိုင်ရာ  ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲ (3rd  ASEAN-China Friendship and Cooperation Short Video Con-test) ၏    ဆုပေးပွဲအခမ်းအနား ကို နိုဝင်ဘာ ၁၆ ရက်  မွန်းလွဲပိုင်း က     တရုတ်နိုင်ငံ   ပေကျင်းမြို့ မှတစ်ဆင့်    Online   စနစ်ဖြင့်  ကျင်းပသည်။

 


အခမ်းအနားသို့      အာဆီယံ ဒုတိယအထွေထွေ အတွင်းရေးမှူး ချုပ်   Ekkahab Phanthavong၊  အာဆီယံဆိုင်ရာ   တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  သံအမတ်ကြီး Deng Xijun    နှင့်     အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း   ကိုယ်စားလှယ် ဦးအောင်မျိုးမြင့်၊   တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အာဆီယံနိုင်ငံများ၏   အမြဲတမ်း ကိုယ်စားလှယ်များ၊    သံတမန် များနှင့်    ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင်    တရုတ် နိုင်ငံနှင့်   အာဆီယံနိုင်ငံများမှ တာဝန်ရှိသူများက  ပြိုင်ပွဲကျင်းပ မှုနှင့် ပတ်သက်၍  အမှာစကားများ ပြောကြားကြပြီးနောက်   ပြိုင်ပွဲ တွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများက      ၎င်းတို့၏ ဗီဒီယိုဇာတ်လမ်းတိုများ  ရိုက်ကူး ခဲ့ပုံနှင့် ဆုရွေးချယ်ခံရခြင်းအပေါ်  ဝမ်းမြောက်စကားများ  ပြောကြား ကြသည်။

 


အဆိုပါပြိုင်ပွဲတွင်   ပထမဆု (Gold Medal)ကို  ပြန်ကြားရေး ဝန်ကြီးဌာန      မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား၊ MITV Channel  မှ        မြန်မာနိုင်ငံကိုယ်စားပြု၍ ၂၀၁၆ ခုနှစ်   ဩဂုတ် ၂၄ ရက် က  လှုပ်ခတ်ခဲ့သော   ပုဂံငလျင် ကြောင့်  ထိခိုက်ခဲ့ရသည့် သဗ္ဗညု ဘုရားကြီးအား     တရုတ်နိုင်ငံ အထောက်အပံ့ဖြင့်         ပြုပြင် ထိန်းသိမ်းရေး         လုပ်ဆောင်နေပုံ  ၅    မိနစ်ကြာ      အစီအစဉ်ကို Friendly Neighbors (Section A)   ခေါင်းစဉ်အောက်တွင်      ပေးပို့ ယှဉ်ပြိုင်မှုကို       လည်းကောင်း၊  ဒုတိယဆု    (Silver Medal)နှစ်ဆုကို တရုတ်နိုင်ငံမှ  ရိုက်ကူး သည့်  “Explore the Chinese Mark of Malacca from Culture and Museum Tour” နှင့်  လာအို-တရုတ်တို့  ပူးပေါင်းရိုက်ကူးသည့်  “The Growth of a Female Chef ”  ကိုလည်းကောင်း၊      တတိယဆု  (Bronze Medal)      သုံးဆုကို  မလေးရှားနိုင်ငံမှ       ရိုက်ကူး သည့်   “China-Malaysia Life Differences- The Malay Sisters in China”၊   စင်ကာပူ-တရုတ်တို့   ပူးပေါင်းရိုက်ကူးသည့်  “Delicious Life-Singapore Lovers”    နှင့်  ကမ္ဘောဒီးယား - တရုတ်  ပူးပေါင်း ရိုက်ကူးသည့် “The Cashewnut Connects  China-Cambodia Friendship”တို့ကို လည်းကောင်း၊  Excellence Award ရရှိသူ ၁၅ ဦး ကိုလည်းကောင်း   ရွေးချယ်ပြီး ဆုချီးမြှင့်သည်။

 


ယင်း         ဗီဒီယိုဇာတ်လမ်းတို ပြိုင်ပွဲကို   အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့်     တရုတ်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးသည့်    ဆက်ဆံ ရေးကို အထောက်အကူဖြစ်စေရန် အတွက်   တရုတ်နိုင်ငံက   ၂၀၂၀ ပြည့်နှစ်မှစတင်၍  နှစ်စဉ်ဖိတ်ခေါ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး      MITV  အနေဖြင့် ယမန်နှစ်က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာတွင်လည်း  နှစ်သိမ့် ဆု (Excellence Award)  ရရှိခဲ့ သည်။

 


အဆိုပါပြိုင်ပွဲကို   အာဆီယံ ဆိုင်ရာ         တရုတ်မစ်ရှင်အဖွဲ့  (China's Mission to ASEAN),  အာဆီယံဆိုင်ရာ          မြန်မာ အမြဲတမ်းမစ်ရှင်အဖွဲ့   (Perma-nent Mission of Myanmar to ASEAN),  အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရုံး   (ASEAN Secretariat),    ဝူရှီးမြူနီစီပယ် အုပ်ချုပ်ရေးအဖွဲ့ (Wuxi Municipal  Government)နှင့် အခြား အစိုးရ ဌာနနှင့်          အဖွဲ့အစည်းများ  ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး    ယခု နှစ်ကျင်းပသည့် ပြိုင်ပွဲသို့ တရုတ် နှင့်    အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြိုင်ပွဲဝင်   ဗီဒီယိုဇာတ်လမ်းတို ပေါင်း ၁၈၀၀၀ ကျော်  ဝင်ရောက် ယှဉ်ပြိုင်ကြရာ       တရုတ်နိုင်ငံ နှင့်            အာဆီယံနိုင်ငံများမှ    ဒိုင်အဖွဲ့ဝင်    ၁၀  ဦးက       ကြည့်ရှု အကဲဖြတ်၍          ဆုများရွေးချယ် ချီးမြှင့်ခြင်းဖြစ်ကြောင်း           သိရ သည်။                   


 သတင်းစဉ်