
နေပြည်တော် ဖေဖော်ဝါရီ ၂၀
၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ကို ယနေ့ မွန်းလွဲပိုင်းတွင် ဟားခါး မြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ဦးမောင်းဟာ၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားသဘာပတိ ဟားခါး တက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာ ရာမ်ငိုင်းမှ (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့မိန့်ခွန်း ပြော ကြားပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား သို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချင်းပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းငွေကျပ်သိန်း ၂၀၀၀ နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က လက်ခံရယူသည်။
ဆက်လက်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ထောက်ပံ့ပေးအပ်သည့် ဆိုလာ အစုံ ၁၀၀ ကို လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစိုးမင်းအုန်းတို့က ပေးအပ်ရာ ချင်းပြည်နယ် အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း က လက်ခံရယူသည်။
ယင်းနောက် ချင်းအမျိုးသားနေ့ ဂုဏ်ပြုပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပြီး ဂုဏ်ထူးဆောင် လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့် ကာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ချင်းရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ရိုးရာ အကများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြခန်းကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်