၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နိုင်ငံအဝန်း၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၂၄၀၃၂၃ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိ

 

နေပြည်တော်   ဇွန်   ၂


၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်း များကို ယနေ့  နံနက်ပိုင်းတွင်   စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက်   သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိသည်။ 

 


ပြည်ထောင်စုနယ်မြေ     နေပြည်တော်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်း စုစုပေါင်း ၇၅၇ ကျောင်း၊ ဘုန်းတော်ကြီး သင်ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်း စုစုပေါင်း ၂၈ ကျောင်း၊ ကိုယ်ပိုင်ကျောင်း အထက်တန်း၊  အလယ်တန်း၊   မူလတန်းကျောင်း စုစုပေါင်း ၅၇ ကျောင်း  စုစုပေါင်း ၈၄၂ ကျောင်းတို့ ပြန်လည်ဖွင့်လှစ်ပြီး   ယနေ့တွင်    ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၅၈၅၂၅ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်းနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင် ကျောင်းများတွင်လည်း ကျောင်းသား  ကျောင်းသူများ က ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များအညီနှင့်အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိရာ နိုင်ငံအဝန်း၌ နေပြည်တော်ကောင်စီနယ်မြေအပါ အဝင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၂၄၀၃၂၃ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။

 


ထို့ပြင် ကျောင်းတက်ရောက်ကြသည့် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူ များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး ပြီး နှာခေါင်းစည်း (Mask)များ   ဖြန့်ဝေပေးခြင်း၊ ကျောင်းသား   ကျောင်းသူများ   နှာခေါင်းစည်း (Mask ) များနှင့် Faceshield များ  စနစ်တကျတပ်ဆင် စေပြီး    ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျ လက်ဆေးစေခြင်းတို့ကို ဆရာ   ဆရာမများနှင့် တာဝန်ရှိသူများက စနစ်တကျ ဆောင်ရွက်ပေးလျက် ရှိရာ  သက်ဆိုင်ရာ  တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်မှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများက   သွားရောက်ကြည့်ရှုအားပေးကြပြီး   ဆရာ   ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများကို   ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။

 


ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက်   ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် ကိုဗစ် - ၁၉ စည်းကမ်းများနှင့် အညီ စာသင်ခုံများ နေရာချထားခြင်း၊   စာသင်ချိန် များအား စနစ်တကျစီမံထားခြင်း၊ ကျောင်းကြို/ပို့ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်းများအတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအစီအမံများ စီစဉ်ထားခြင်းနှင့် ကျောင်းများဥပဓိရုပ်ကောင်းမွန် စေရေး ကြိုတင်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

 


ဆရာ ဆရာမများ၊  ကျောင်းသား   ကျောင်းသူ များ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေး အန္တရာယ်ကင်းရှင်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ များ၊  မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊   ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ အေးချမ်း စွာ ပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။                    

 

သတင်းစဉ်