၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲ ကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၁၇


၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံ ပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင်  နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း B ရုံ၌ ကျင်းပသည်။

 


အခမ်းအနားသို့   ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊    အားကစား နှင့်     လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊    အမြဲတမ်း အတွင်းဝန်များ၊  ညွှန်ကြားရေမှူး ချုပ်များ၊     ဒုတိယအမြဲတမ်း အတွင်းဝန်များ၊  ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊   တိုင်းဒေသကြီး နှင့် ပြည်နယ်ပညာရေးညွှန်ကြား ရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ    အားကစားအဖွဲ့ ခေါင်းဆောင်၊    အားကစားနည်း အလိုက်      အုပ်ချုပ်သူနည်းပြများ နှင့်            အားကစားမောင်မယ် ကျောင်းသား   ကျောင်းသူများနှင့် သက်ဆိုင်ရာ           တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 


 နိုင်ငံတော်၏ဂုဏ်သိက္ခာကို  ဖော်ဆောင်


ရှေးဦးစွာ     ပညာရေးဝန်ကြီး ဌာန           ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက     အခြေခံ ပညာ   ကျောင်းသား   အားကစား ပွဲတော်တွင် ဘောလုံး(အမျိုးသား/အမျိုးသမီး)၊ ဘော်လီဘော (အမျိုး သား/ အမျိုးသမီး)၊     ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး)   နှင့် ပိုက်ကျော်ခြင်း           (အမျိုးသား) အားကစားနည်းများကို    ကျင်းပ ပေးသွားမည်            ဖြစ်ပါကြောင်း၊ အားကစားဆိုသည်မှာ    “အနိုင် အရှုံးတစ်ခုတည်းကို  ယှဉ်ပြိုင်တာ မျိုးမဟုတ်ဘဲ    ဇွဲရှိမှု၊   သည်းခံမှု၊ ကျွမ်းကျင်မှု၊    စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊    စည်းကမ်း ဥပဒေကို   ရိုသေလေးစားလိုက်နာ မှု၊   ယဉ်ကျေးမှု”    စသည်တို့ကိုပါ ယှဉ်ပြိုင်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ တကာ       အားကစားပြိုင်ပွဲများ တွင်      အောင်မြင်မှုရရှိခြင်းသည် နိုင်ငံတော်၏   စည်းလုံးညီညွတ်မှု၊  ဂုဏ်သိက္ခာနှင့်  မျိုးချစ်စိတ်တို့ကို ဖော်ဆောင်နိုင်ခြင်း ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့်          အခြေခံပညာ ကျောင်းသား    အားကစားပွဲတော် ကြီးတွင်     ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစား   မောင်မယ်များအနေ ဖြင့်    နိုင်ငံတော်၏ဂုဏ်သိက္ခာ ကို   ဖော်ဆောင်နိုင်သော    နိုင်ငံ့ လက်ရွေးစင် အားကစားသမားများ ဖြစ်လာအောင် ကြိုးစားကြရန်ကို လည်း  မှာကြားလိုပါကြောင်း။

 


ယခင်က  အာဆီယံကျောင်းသား အားကစားပွဲတော်ကို   မြန်မာနိုင်ငံ အနေဖြင့်       အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက တာဝန် ယူ၍   ယှဉ်ပြိုင်ခဲ့ခြင်း     ဖြစ်ပါ ကြောင်း၊   ၂၀၂၃  ခုနှစ်    ဖိလစ်ပိုင် နိုင်ငံတွင်ကျင်းပမည့်   (၁၂)   ကြိမ် မြောက်     အာဆီယံကျောင်းသား အားကစားပွဲတော်ကို        ပညာရေး ဝန်ကြီးဌာနက     ပထမဆုံးအနေ ဖြင့်    တာဝန်ယူပြီး     ပါဝင်ယှဉ်ပြိုင် ရမည်ဖြစ်သည့်အတွက်    ယခုလို အခြေခံပညာ          ကျောင်းသား အားကစားပွဲများကို     မလွဲမသွေ ကျင်းပပေးရခြင်း  ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့်   အခြေခံပညာ ကျောင်းသား   အားကစားပွဲတော် မှ အရည်အချင်းရှိသည့် အားကစား သမားများကို    နိုင်ငံ့ကိုယ်စားပြု အဖြစ်     အာဆီယံကျောင်းသား အားကစားပွဲတွင်      ယှဉ်ပြိုင်ရန် ရွေးချယ်မည်ဖြစ်ကြောင်းကိုလည်း ပြောကြားလိုကြောင်း    ပြောကြား သည်။

 


ပွဲတော်အား ဖွင့်လှစ်ပေး


ထို့နောက်   အခြေခံပညာဦးစီး ဌာန     ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က   အခြေခံပညာ ကျောင်းသား အားကစားပွဲတော်နှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြပြီး ပွဲတော်အား ဖွင့်လှစ်ပေးသည်။

 


ယင်းနောက် ကျောင်းသား အားကစားပွဲတော်  အထိမ်းအမှတ် အလံကို    အားကစားမောင်မယ် များက            စုပေါင်းသယ်ယူ၍ လွှင့်တင်ကြသည်။ 

 


ထို့နောက်         ကျောင်းသား အားကစားအဖွဲ့များက အားကစား သစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြသည်။
ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးများနှင့်အဖွဲ့သည်    တိုင်း ဒေသကြီးနှင့်      ပြည်နယ်များမှ အခြေခံပညာ          ကျောင်းသား အားကစားအဖွဲ့များကို    ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်သည်။

 


ဆက်လက်၍ ကျောင်းသား ကျောင်းသူများက            စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး   အစီအစဉ် အတွဲ(၃/၄)နှင့် Physical Fitness Dance အစီအစဉ်များကို   သရုပ်ပြ တင်ဆက်ကြသည်။

 


၂၀၂၂-၂၀၂၃     ပညာသင်နှစ် အခြေခံပညာ            ကျောင်းသား အားကစားပွဲတော်အား  ဇန်နဝါရီ ၁၈    ရက်မှ    ၂၇   ရက်အထိ နေပြည်တော်ရှိ               ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊     အားကစားရုံ များတွင်   ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အဖွဲ့ခေါင်းဆောင်၊   အတွင်းရေး မှူးများ၊   အုပ်ချုပ်သူ၊   နည်းပြ များ၊       အားကစားသမားများ စုစုပေါင်းအင်အား   ၁၆၈၀   ပါဝင် ယှဉ်ပြိုင်သွားမည်        ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်