
လွိုင်ကော် ဇွန် ၄
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန် ၃ ရက်က အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) စုပေါင်းခန်းမ၌ ကျင်းပရာ ကယား ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုး တင်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသ ကွပ်ကဲမှုစစ်ဌာချုပ်(လွိုင်ကော်) ၊ ဒေကကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာ များ၊ သင်တန်းနည်းပြ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် သင်တန်း သားမိဘများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ချုပ် ဦးဇော်မျိုးတင်က အမှာစကား ပြောကြားသည်။
ဂုဏ်ပြုချီးမြှင့်
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်က ကျောင်းအကျိုး တော်ဆောင်အဖွဲ့ ရန်ပုံငွေသို့ အလှူငွေ ထောက်ပံ့လှူဒါန်းရာ ကျောင်းအုပ်ကြီး ဒေါ်စိုးစိုးမြာက လည်းကောင်း ၊ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သော ပြေးခုန်ပစ် (တာလတ်) အားကစားသမား မလွှီးဇာအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ရာ ၎င်း၏ကိုယ်စား နည်းပြတစ်ဦးက လည်းကောင်း လက်ခံရယူသည်။
ဆက်လက်ပြီး ပြည်နယ် အစိုးရအဖွဲ့က အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းသို့ ထောက်ပံ့လှူဒါန်း သော ဆန်၊ စားသုံးဆီများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများကို တာဝန်ရှိသူအသီး သီးက ပေးအပ်ရာ ကျောင်းအုပ် ကြီး ဒေါ်စိုးစိုးမြာက လက်ခံရယူ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများ၊ သင်တန်းသားမိဘများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြားကာ ခင်းကျင်းပြသထား သည့် အားကစားလှုပ်ရှားမှုဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ အားကစား နည်းများအလိုက် အသုံးပြုသော ပစ္စည်းများကို ကြည့်ရှုသည်။
လေ့ကျင့်သင်ကြားပေးမည်
အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)၌ ဖွင့်လှစ်သည့် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ် သင်တန်းတွင် ပထမအကြိမ် သင်တန်းသား ၂၆ ဦး၊ သင်တန်းသူ ကိုးဦး စုစုပေါင်း ၃၅ ဦးကိုရွေးချယ် ထားပြီး ပြေးခုန်ပစ်၊ ဘောလုံး၊ ဂျူဒို၊ တိုက်ကွမ်ဒို စသည့် အားကစားနည်း ငါးနည်းကို သင်ကြားပေးသွားမည် ဖြစ်ကာ တက်ရောက်လိုသည့် သင်တန်း သား သင်တန်းသူများကိုလည်း ထပ်မံရွေးချယ်လျက်ရှိပြီး လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)