၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

 

လယ်ဝေး    ဇွန်   ၂


ပြည်ထောင်စု         နယ်မြေ နေပြည်တော်   လယ်ဝေးမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်း များတွင်   ၂၀၂၂-၂၀၂၃  ခုနှစ် ပညာသင်နှစ်အတွက်  ဇွန် ၂ ရက် နံနက်ပိုင်းမှ         စတင်ဖွင့်လှစ်၍ ကျောင်းသား       ကျောင်းသူများ အေးချမ်းစွာ   ပညာသင်ကြားနေမှု ကို        နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးနှင့်  တာဝန်ရှိသူ များ ကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ    နေပြည်တော် ကောင်စီအဖွဲ့ဝင်   ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် အ.ထ.က (၁)၊ အ.ထ.က(၂)  နှင့်   အ.ထ.က (သဲကောကြီး)သို့    သွားရောက် ၍    ၅  နှစ်မှ    ၁၂   နှစ်အထိ ကျောင်းသား ကျောင်းသူလေးများ ကိုဗစ်-၁၉    ကာကွယ်ဆေးထိုးနှံ ရန်    စာရင်းပေးသွင်းနေမှုများ၊ ကာကွယ်ဆေး    ထိုးနှံနေမှုများ၊ ကျန်းမာရေး    စောင့်ရှောက်မှုပေးနေမှုများနှင့်        ကျောင်းသား ကျောင်းသူလေးများ  ပညာသင်ယူ နေမှုများကို  ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ          မှာကြား၍ အားပေးစကားများ  ပြောကြားပြီး    နှာခေါင်းစည်း   (Mask)    များ ပေးအပ်သည်။

 


လယ်ဝေးမြို့နယ်တွင်အ.ထ.က ၁၈ ကျောင်း၊   အ.ထ.က-ခွဲ(၁၈)ကျောင်း၊  အ.လ.က  ၁၄ ကျောင်း၊ အ.လ.က-ခွဲ ၂၆ ကျောင်း၊ မူလွန် ၅၁ ကျောင်း၊  မူလတန်း  ၁၁၈ ကျောင်းနှင့်     မူလတန်းခွဲ ၁၉ ကျောင်း   စုစုပေါင်း ၂၆၄ ကျောင်း နှင့် ဘုန်းတော်ကြီးသင်  စာသင် ကျောင်း လေးကျောင်းနှင့် ကိုယ်ပိုင် ကျောင်း    ၁၃   ကျောင်းတို့   ဇွန် ၂    ရက်မှစတင်၍       ဖွင့်လှစ် သင်ကြားလျက်ရှိပြီး ကျောင်းသား ကျောင်းသူများ  အေးချမ်းစွာပညာ သင်ကြားနိုင်ရန်အတွက်     ဆရာ ဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်များနှင့်  ကျောင်းသားမိဘ များက ပူးပေါင်း၍  ကူညီဆောင် ရွက်ပေးနေကြကြောင်း     သိရသည်။


မြို့နယ်(ပြန်/ဆက်)