၂၀၂၁ ခုနှစ် နေပြည်တော်တွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများအား ယာယီရပ်နားထား

 

နေပြည်တော်   ဇူလိုင်     ၁၄


၂၀၂၁ ခုနှစ် နေပြည်တော်တွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစား ပြိုင်ပွဲများဖြစ်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် U-21 (အမျိုးသား) ဘောလုံးပြိုင်ပွဲ ကို ဇွန် ၂၄  ရက်မှ ဇူလိုင် ၉ ရက်အထိ လည်းကောင်း၊  တိုင်းဒေသကြီးနှင့်  ပြည်နယ်  U-25  (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၈ ရက်မှ ဩဂုတ် ၁၁ ရက်အထိ လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလေးမပြိုင်ပွဲကို ဩဂုတ် ၂၆ ရက်မှ ၃၀ ရက်အထိ လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲကို စက်တင်ဘာ ၇  ရက်မှ ၉ ရက် အထိနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ်ပြိုင်ပွဲအား စက်တင်ဘာ  ၁၇  ရက်မှ   ၂၇ ရက်အထိ ကျင်းပရန် စီစဉ်ထားရှိသည်။


အဆိုပါ အားကစားပြိုင်ပွဲများအနက်မှ တိုင်းဒေသကြီးနှင့်ပြည်နယ်  အသက် (၂၁) နှစ်အောက် အမျိုးသား(ဘောလုံး) ပြိုင်ပွဲကို ဇွန် ၂၄  ရက် မှ ဇူလိုင် ၉ ရက်အထိ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ကျန်ရှိသည့် အားကစားပြိုင်ပွဲများကို ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု  အခြေအနေများအရ ဒေသဖြတ်ကျော်သွားလာမှု အကန့်အသတ်များ ရှိနေပါ၍ ယခင်ကြေညာထားသည့် ရက်များအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်   အားကစားပြိုင်ပွဲများအား     ဆက်လက်ကျင်းပနိုင်ခြင်း မရှိပါသဖြင့် ပွဲစဉ်များအား ယာယီရပ်ဆိုင်းထားခြင်း ဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲများအား ကျင်းပနိုင်မည့် အခြေအနေပေါ်မူတည်၍ ပြောင်းလဲ ကျင်းပမည့် ပြိုင်ပွဲအစီအစဉ်များနှင့် နေ့ရက်တို့ကို ကြေညာပေးသွား မည်ဖြစ်ကြောင်း သိရသည်။             
     

သတင်းစဉ်