၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
Video Message ပေးပို့၍ မိန့်ခွန်းပြောကြား

 

နေပြည်တော်   ဒီဇင်ဘာ   ၉


၂၀၂၁ ခုနှစ်  အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု  တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု  တိုက်ဖျက်ရေးကော်မရှင်ရုံး၌  ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message  ပေးပို့၍  မိန့်ခွန်းပြောကြားသည်။

 


 တက်ရောက်


အခမ်းအနားသို့            အဂတိ လိုက်စားမှု         တိုက်ဖျက်ရေး ကော်မရှင်      ဥက္ကဋ္ဌ    ဦးတင်ဦး၊ အတွင်းရေးမှူး၊   အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ      တက်ရောက် ကြပြီး ပြည်ထောင်စုတရားသူကြီး  ချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုစာရင်း စစ်ချုပ်၊   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့်     တာဝန်ရှိသူ များ၊       မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊  မြန်မာနိုင်ငံတော်         ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာ          အကြီးအကဲများနှင့် တာဝန်ရှိသူများက Video Con-ferencing     ဖြင့်      တက်ရောက်ကြသည်။

 


အခမ်းအနားတွင်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး  မင်းအောင်လှိုင်  မိန့်ခွန်း Video Message  ကို ဖွင့်လှစ်ပြသ သည်။ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊       နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏        မိန့်ခွန်း အပြည့်အစုံကို  စာမျက်နှာ ၈ တွင် သီးခြားဖော်ပြထားပါသည်။)

 

 ကျင့်ဝတ်သိက္ခာစောင့်ထိန်း


ထို့နောက်     ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး က       တရားစီရင်ရေး      မဏ္ဍိုင် ဖြောင့်မတ်    မှန်ကန်ရေးအတွက် အဂတိကင်းစင်သည့်၊ ဘက်လိုက် မှုကင်းသည့်၊           ဖြောင့်မတ် တည်ကြည်သည့်၊    သမာသမတ် ကျသည့်             တရားစီရင်ရေးကို ဖော်ဆောင်ခြင်း၊          တရားရုံး ဝန်ဆောင်မှုများ၊    တရားမျှတမှု လက်လှမ်းမီနိုင်မှုများ၊    တာဝန် ခံယူနိုင်မှုများ       မြင့်မားအောင် ဆောင်ရွက်ခြင်းတို့ဖြင့်    တရား စီရင်ရေးအပေါ်  ယုံကြည်ကိုးစား လာမှု  တိုးတက်မြင့်မားစေမည် ဖြစ်ကြောင်း၊  ထို့ကြောင့်တရား စီရင်ရေးကဏ္ဍတွင်   ပါဝင်ဆောင် ရွက်နေသည့်   တရားသူကြီးများ အနေဖြင့်    မိမိတို့၏    ကျင့်ဝတ် သိက္ခာများကို လိုက်နာစောင့်ထိန်း ပြီး အဂတိတရားကင်းစင်စွာဖြင့် တရားစီရင်ရေး      တာဝန်များကို  ထမ်းဆောင်ကြရမည်       ဖြစ် ကြောင်း၊ တရားစီရင်ရေးကဏ္ဍနှင့်  ဆက်စပ်သူများဖြစ်သည့် တရားစွဲ အဖွဲ့အစည်းများ၊ ဥပဒေအရာရှိ များ၊ ရှေ့နေရှေ့ရပ်များ၊ အမှုသည် များအပါအဝင်     သတင်းမီဒီယာ များနှင့်       ပြည်သူများကလည်း မိမိတို့၏ ကျင့်ဝတ်သိက္ခာများကို  စောင့်ထိန်းလိုက်နာပြီး     အဂတိ တရားကင်းစင်စွာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် မျှတသည့် တရားစီရင်ရေးနှင့်     ထိရောက်မှု ရှိသည့်        တရားဥပဒေစိုးမိုးရေး တို့ကို  အတူဖော်ဆောင်ကြစေလို ကြောင်း Video Conferencing ဖြင့် ပြောကြားသည်။ 

 


ရှင်းလင်းပြောကြား


ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်   ဥက္ကဋ္ဌ ဦးတင်ဦးက      အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အကောင် အထည်ဖော်ဆောင်ရွက်မှုများကို  ရှင်းလင်းပြောကြားသည်။

 


ယင်းနောက်    ၂၀၂၁    ခုနှစ် အပြည်ပြည်ဆိုင်ရာ       အဂတိ လိုက်စားမှု      တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Video Clip ကို ပြသပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။ 


သတင်းစဉ်