၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများကို ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးချီးမြှင့်

 

နေပြည်တော်  ဇူလိုင်  ၁၄


၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့သည့် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးဌာနအစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်      ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အလုပ်သမားဝန်ကြီးဌာနတွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ နိုင်ငံ့ဝန်ထမ်း သားသမီးများဖြစ်ကြသည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း  ၆၅  ဦးရှိပြီး  တက္ကသိုလ်ဝင်တန်း ဖြေဆို အောင်မြင်သော ကျောင်းသား ကျောင်းသူ ၄၀ ရှိသည့် အတွက် ၆၂ ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး ထူးချွန်စွာ အောင်မြင်သည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၈ ဦးကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ဂုဏ်ထူး မရရှိသော်လည်း ကြိုးစားအားထုတ်မှုကြောင့် ရိုးရိုး အောင်မြင်သည့် ကျောင်းသား ကျောင်းသူ ၂၂ ဦး ကိုလည်း အသိအမှတ်ပြု ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းတို့ က       ၂၀၂၁-၂၀၂၂    တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့်       ခြောက်ဘာသာ ဂုဏ်ထူးရရှိသူ တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ တစ်ဦး၊    နှစ်ဘာသာဂုဏ်ထူးရရှိသူ   ခြောက်ဦး၊ တစ်ဘာသာဂုဏ်ထူးရရှိသူ  ၁၀ ဦး  စုစုပေါင်း ၁၈ ဦးကို   ဂုဏ်ပြုချီးမြှင့်ငွေနှင့်  ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ပြီး အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များက မိမိတို့ဌာနအလိုက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်   မူလတန်းတက်ရောက်သူ   ၄၂၄ ဦး အတွက်   တစ်ဦးလျှင်   ပညာသင်ထောက်ပံ့ကြေး ငွေကျပ် ၁၀၀၀၀ နှုန်း၊ အလယ်တန်းတက်ရောက်သူ ၂၄၅ ဦးအတွက် တစ်ဦးလျှင် ငွေကျပ်  ၁၂၀၀၀ နှုန်း၊ အထက်တန်းတက်ရောက်သူ    ၁၈၁   ဦးအတွက် တစ်ဦးလျှင်   ငွေကျပ်   ၁၅၀၀၀  နှုန်း၊ တက္ကသိုလ် ဝင်တန်း တက်ရောက်သူ ၁၁၇ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း  ၉၆၇ ဦးအတွက် ငွေကျပ် ၁၂၂၃၅၀၀၀ ကို ပေးအပ်ချီးမြှင့်ကြသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မျိုးဆက် သစ် လူငယ်လူရွယ်များအနေဖြင့် လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်အပေါ် မှန်ကန်ကောင်းမွန်သည့် သဘော ထားရှိရေးအပြင်    အသက်မွေးဝမ်းကျောင်းနှင့် စွန့်ဦးတီထွင်ခြင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာ များကို အဆင့်မီမီ တတ်မြောက်နိုင်ရေး ကြိုးစား ကြရန်     တိုက်တွန်းပြောကြားခဲ့ကြောင်း   သိရသည်။ 


သတင်းစဉ်