၂၀၂၁ -၂၀၂၂ ခုနှစ် မိုးစပါး၊ နွေစပါး အခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်နိုင်ရေး ဆောင်ရွက်

 

 

နေပြည်တော်   သြဂုတ်   ၂၄   

 
လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့  ညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃)၌ ကျင်းပသည်။ 
အစည်းအဝေးတွင် စီးပွားရေး နှင့်     ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန     ဒုတိယဝန်ကြီး၊ လယ်ယာ  ထုတ်လုပ်စီမံခန့်ခွဲရေး အဖွဲ့ ဥက္ကဋ္ဌ     ဦးညွန့်အောင်က တောင်သူလယ်သမား     အခွင့် အရေးကာကွယ်ရေးနှင့်  အကျိုး စီးပွားမြှင့်တင်ရေး      ဥပဒေအရ ဦးဆောင်အဖွဲ့သည်        နှစ်စဉ် အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို ထုတ်ပြန်     ကြေညာပေးလျက်ရှိ ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးထုတ်လုပ်မည့်  မိုးစပါးနှင့် နွေစပါးသီးနှံများအတွက်  အခြေခံ ရည်ညွှန်း စပါးဈေးနှုန်း ထုတ်ပြန် ကြေညာနိုင်ရန်        ဆန်စပါး ဈေးကွက်နှင့်     ဈေးနှုန်းဆိုင်ရာ သုံးသပ်        အကြံပြုတင်ပြရေး လုပ်ငန်းကော်မတီ အစည်းအဝေး ကို  ကျင်းပပြီး  လာမည့်နှစ်  စပါး ထွက်ပေါ်မည့်ရာသီတွင်  အခြေခံ ရည်ညွှန်း  စပါးဈေးနှုန်းအဖြစ် စပါးတင်း ၁၀၀ လျှင်    ငွေကျပ် ငါးသိန်း၊      ခြောက်သောင်း သတ်မှတ်သင့်ကြောင်း  ထောက်ခံ အဆိုပြုခဲ့ကြောင်း၊      ထပ်မံ၍ အဆိုပါ     ဈေးနှုန်းအပေါ်တွင် ကုန်ဈေးနှုန်း၊      ဝန်ထမ်းလစာ၊ ပုဂ္ဂလိက  နေ့စားလုပ်ခနှုန်းထား များနှင့် ချိန်ထိုးကြည့်ရန် လိုအပ် ချက်အရ    လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေး          အဖွဲ့ဝင်များမှ ဘက်ပေါင်းစုံ၊  ရှုထောင့်ပေါင်းစုံ ဆွေးနွေးပေးကြရန်  မှာကြားသည်။
ထို့နောက်   အစည်းအဝေးသို့ တက်ရောက်လာကြသည့်    ဌာန ဆိုင်ရာ     အကြီးအကဲများနှင့် လယ်ယာထုတ်ကုန်   စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၏      တင်ပြဆွေးနွေး ချက်များအပေါ်    ဒုတိယဝန်ကြီး၊   လယ်ယာထုတ်လုပ် စီမံခန့်ခွဲရေး အဖွဲ့ဥက္ကဋ္ဌက    ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပြီး   လိုအပ်သည်များကို       ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရ သည်။                     သတင်းစဉ်