
နေပြည်တော် မတ် ၁၈
တည်ဆောက်ရေးလုပ်ငန်း စိစစ် ရေးကော်မတီ၏ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော် ဆောက်လုပ်ရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမဆောင်၌ ကိုဗစ် - ၁၉ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
လုပ်ငန်းများအချိန်မီပြီးစီးရေး
အစည်းအဝေးတွင် တည် ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဦးရွှေလေးက ၂၀၂၁- ၂၀၂၂ (ခြောက်လ) ဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျက် ခွင့်ပြုထားသော လုပ်ငန်းများကို အချိန်မီပြီးစီး အောင် ပြည်ထောင်စုဝန်ကြီးဌာန များ၊ တိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့များမှ တည်ဆောက် ရေးလုပ်ငန်းများကို အချိန်မီ ပြီးစီးအောင် ဆောင်ရွက်သွား ကြရန် လိုပါကြောင်း၊ လုပ်ငန်း ပမာဏများပြားသည့် ဝန်ကြီး ဌာနများအနေနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ လုပ်ငန်းများ လွှဲပြောင်းအပ်နှံခြင်း အပါအဝင် ဆောင်ရွက်ရန်တို့ကို အလျင်အမြန် ဆောင်ရွက်နိုင်မှ သာ တည်ဆောက်ရေးလုပ်ငန်း များ အရည်အသွေးကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများကို သတ်မှတ်စံချိန် စံညွှန်းနှင့် အရည်အသွေးမီအောင် အလေးထား ဆောင်ရွက်ကြရန် လည်း အထူးမှာကြားလိုပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်က ကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စည်းမျဉ်း စည်းကမ်းများ၊ မူဝါဒ များနှင့် ပတ်သက်၍လည်း ကောင်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် က ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်နည်းများ၊ တင်ဒါစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြား သည်။
ကဏ္ဍအလိုက်ဆွေးနွေး
ယင်းနောက် တည်ဆောက် ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၊ အတွင်းရေးမှူး၊ ကော်မတီအဖွဲ့ ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာန များမှ တာဝန်ရှိသူများက မိမိတို့ နှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် အသီးသီး အကြံပြုဆွေးနွေး တင်ပြရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့အငှား အိမ်ရာ တည်ဆောက်ရေးစီမံကိန်း ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မွန်းလွဲ ၃ နာရီ တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။
အစည်းအဝေးတွင် ပြည်သူ့ အငှားအိမ်ရာ စီမံကိန်းဦးစီး ကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ကိုဗစ် -၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှ စတင်ပြီး ပြည်သူ့အငှားအိမ်ရာ အခန်း ၁၀၀၀၀ စီမံကိန်း၏ Phase (I) အိမ်ခန်း ၅၀၀၈ ခန်း၏ လုပ်ငန်းများ ပြီးစီးမှုအနေဖြင့် နေပြည်တော်တွင် ၉၀ ရာခိုင်နှုန်း၊ မန္တလေးတွင် ၈၂ ရာခိုင်နှုန်းနှင့် ရန်ကုန်တွင် ၅၃ ရာခိုင်နှုန်းအထိ တိုးတက်ပြီးစီးနေပြီ ဖြစ်ပါ ကြောင်း၊ စီမံကိန်းအတွက် ကျခံ သုံးစွဲထားသည့် နိုင်ငံတော်၏ ဘဏ္ဍာငွေများ လေလွင့်မှုမရှိ စေရန် အလေးထားစိစစ်လျက် ရှိပါကြောင်း၊ နေထိုင်မည့် ပြည်သူ များ အဆင်ပြေစေရန် မြေပြင် အခြေအနေအရ ကျောင်း / ဆေးရုံ/ ဈေး စသည့်လိုအပ်ချက်များ၊ အခြေခံ အဆောက်အအုံများ ပြည့်စုံစေရေးနှင့် လုပ်ငန်းများ တိုးတက်အောင်မြင်အောင် ဆောင် ရွက်နိုင်ရေးအတွက် ဆက်လက် ဆွေးနွေး ဆောင်ရွက်ပေးစေလို ပါကြောင်း ပြောကြားသည်။
အကြံပြုဆွေးနွေး
ထို့နောက် ဦးစီးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမင်းထိန်က ပြည်သူ့အငှား အိမ်ရာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုပ်ငန်းပြီးစီးမှု နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို လည်း ကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ အိမ်ရာစီမံကိန်း၏ အခြေခံ သတ်မှတ်ချက်များ၊ မူဝါဒများ၊ စီမံကိန်းလုပ်ငန်းများ သတ်မှတ် အချိန်မီ ပြီးစီးရေးတို့နှင့် ပတ်သက်၍ အကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်း ရှင်များ အသင်းချုပ် (MCEF) ၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက် တာများ အသင်းချုပ် (MLAC) နှင့် မြန်မာမြို့ပြနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းရှင်များ အသင်းချုပ် (MDA) တို့မှ တာဝန်ရှိသူများက ပြည်သူ့အငှားအိမ်ရာ တည် ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းအခြေအနေ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ရှေ့ဆက်ဆောင်ရွက်ရန် ကိစ္စများ ကို ဆုံးဖြတ်ကြသည်။
သတင်းစဉ်