၂၀၂၀ - ၂၀၂၃ ခုနှစ် လုပ်သားအင်အား ခန့်မှန်းစာရင်းအင်းများအစီရင်ခံစာ

Type

 

အေးမွန်(လေဘာ)

 

မြန်မာနိုင်ငံ၏ အလုပ်အကိုင်နှင့်ပတ်သက်သော “၂၀၂၀-၂၀၂၃ ခုနှစ် လုပ်သားအင်အားခန့်မှန်းစာရင်းအင်းများအစီရင်ခံစာ” ကို  မေလတွင် ဖြန့်ဝေခဲ့သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ ချမှတ်ရာတွင် စာရင်းအင်းကိန်းဂဏန်းများသည် များစွာအရေးပါ ပါသည်။ စာရင်းအင်းကဏ္ဍသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သဖြင့် တိုးတက်ပြောင်းလဲနေသည့် နည်းစနစ်များဖြင့် ဆောင်ရွက်ရန်လိုအပ်ပါသည်။

 

အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံ၏ အလုပ် သမားရေးရာကိစ္စရပ်များအတွက်  အလုပ်သမား ရေးရာ စာရင်းအင်းများ    စဉ်ဆက်မပြတ်ရရှိရန် ဆောင်ရွက်လျက်ရှိပြီး အလုပ်သမားရေးရာ စာရင်း အင်းများ၏ အဓိကအရင်းအမြစ်သည် လုပ်သား အင်အားစစ်တမ်း ဖြစ်ပါသည်။
လုပ်သားအင်အားစစ်တမ်း    ကောက်ယူခဲ့မှု သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာမည်ဆိုပါက လုပ်သားအင်အားနမူနာစစ်တမ်းကို ရန်ကုန်မြို့နှင့် ချောက်မြို့တို့တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့  (International   Labour  Organiza-tion-ILO) အကူအညီဖြင့် ၁၉၅၇ ခုနှစ်တွင် လည်း ကောင်း၊ တစ်နိုင်ငံလုံးလွှမ်းခြုံမှုရှိသော မြန်မာနိုင်ငံ လုပ်သားအင်အားစစ်တမ်းတစ်ရပ်ကို   United Nations  Development   Programme (UNDP)၊ United Nations Population Fund (UNFPA) နှင့် ILO  တို့၏  နည်းပညာ၊  ငွေကြေးအကူအညီတို့ဖြင့် ၁၉၉၀ ပြည့်နှစ်တွင်လည်းကောင်း ကောက်ယူနိုင် ခဲ့သည်။ 
လုပ်သားအင်အားစစ်တမ်းများ
အဆိုပါစစ်တမ်းများ ကောက်ယူပြီး နောက်ပိုင်း တွင် လုပ်သားအင်အားစစ်တမ်းများကို ကောက်ယူ နိုင်ခဲ့ခြင်းမရှိဘဲ ခန့်မှန်းလုပ်သားအင်အားစာရင်း များကိုသာ အသုံးပြုခဲ့သည်။   ထို့နောက်  ၂၀၁၅ ခုနှစ်  မြန်မာနိုင်ငံလုပ်သားအင်အား၊   ကလေး လုပ်သားနှင့် ကျောင်းအပြီး လုပ်ငန်းခွင်ဝင်ရောက်မှု အကူးအပြောင်း ဆန်းစစ်ခြင်းစစ်တမ်းကို ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်နိုင်ခဲ့သည်။ ထို့ပြင် အနည်းဆုံး အခကြေးငွေသတ်မှတ်နိုင်ရန် အိမ်ထောင်စုများ၏ နေထိုင်စားသောက်စရိတ်အခြေအနေစစ်တမ်းကို ထိုနှစ်မှာပင် ကောက်ယူ၍    ထိုစစ်တမ်းပေါ်တွင် အခြေခံပြီး အနည်းဆုံးအခကြေးငွေကို သတ်မှတ် နိုင်ခဲ့ပါသည်။ လုပ်သားအင်အားစစ်တမ်း ကောက်ယူ ခြင်းလုပ်ငန်းကို ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်၊ ၂၀၁၉ ခုနှစ်အထိ တစ်နှစ်လျှင်နှစ်ကြိမ် နိုင်ငံတော်ဘဏ္ဍာ ငွေဖြင့် နှစ်စဉ်ဆောင်ရွက်ခဲ့ရာ  ၂၀၂၀  ပြည့်နှစ် တွင် လုပ်သားအင်အားစစ်တမ်းကောက်ယူခြင်းကို ပထမအကြိမ်အထိသာ ကောက်ယူနိုင်ခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် စစ်တမ်း(ဒုတိယအကြိမ်)မှစ၍ စာရင်းကောက်ယူ မှုကို ရပ်နားခဲ့ရပါသည်။ 
လုပ်သားအင်အားစာရင်းအင်းများ  စဉ်ဆက် မပြတ်ရရှိရေးရှေးရှုလျက် ၂၀၂၂ ခုနှစ် နှစ်စဉ်လုပ်သား အင်အားစစ်တမ်းကို ကွင်းဆင်းကောက်ယူနိုင်ရေး ဆောင်ရွက်ရန် လျာထားခဲ့သော်လည်း ကောက်ယူ ရမည့် နမူနာစာရင်းကောက်ကွက်အချို့တွင် နယ်မြေ အခြေအနေအရ ကွင်းဆင်းကောက်ယူရန် အခက် အခဲရှိခဲ့သဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန သည်  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနနှင့် ဆွေးနွေး ညှိနှိုင်းကာ   အသင့်လျော်ဆုံးနည်းလမ်းဖြစ်သည့် လုပ်သားအင်အားစာရင်းအင်းများကို   ခန့်မှန်း တွက်ချက်ခြင်း (Projection)   နည်းလမ်းသုံးရန် ဆုံးဖြတ်ခဲ့ပြီး မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ စာရင်း အင်းပညာဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ဆောင်ရွက် ခဲ့သည်။ 
ခန့်မှန်းတွက်ချက်
ထို့နောက် ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၁ ခုနှစ်၊  ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့အတွက် လုပ်သားအင်အား စာရင်းအင်းများကို  ခန့်မှန်းတွက်ချက်ဖော်ထုတ်၍ အစီရင်ခံစာရေးသားထုတ်ပြန်နိုင်ရန်   မိတ္ထီလာ စီးပွားရေးတက္ကသိုလ်နှင့်   Nay Pyi  Taw   State Academy စာရင်းအင်းပညာဌာနတို့မှ  ပါမောက္ခ ဆရာ ဆရာမကြီးများက ဝန်ထမ်းများကို ၁၀-၁၀-၂၀၂၂ ရက်နေ့မှ  ၃၀-၁၁-၂၀၂၂   ရက်နေ့အထိ   နည်းပညာသင်တန်းပို့ချပေးခဲ့ပါသည်။ ၉-၁-၂၀၂၂ ရက်နေ့မှ ၂၀-၃-၂၀၂၃  ရက်နေ့အထိ    အစီရင်ခံစာ ရေးသားဆောင်ရွက်ခဲ့ပါသည်။ 
၂၀၂၀ ပြည့်နှစ်၊ ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ်တို့အတွက် လုပ်သားအင်အားစာရင်းအင်းများ ခန့်မှန်းတွက်ချက်ခဲ့ခြင်းကို ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း၊ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံလုပ်သားအင်အား၊ ကလေးလုပ်သားနှင့် ကျောင်းအပြီးလုပ်ငန်းခွင်ဝင်ရောက်မှု      အကူး အပြောင်းဆန်းစစ်ခြင်းစစ်တမ်း၊  ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် လုပ်သားအင်အားစစ်တမ်း များမှ အချက်အလက်များအခြေခံ၍ တွက်ချက်ခဲ့ ပါသည်။
အချက်အလက်မှန်ကန်ရေး
စာရင်းအင်းအချက်အလက်    မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးဗဟိုကော်မတီမှ စစ်တမ်း များနှင့် စာရင်းအင်းဆိုင်ရာစံသတ်မှတ်ချက် လုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ စာရင်းအင်းဆိုင်ရာကျွမ်းကျင် သူများအား ဖိတ်ကြား၍ ၂၀၂၀-၂၀၂၃ ခုနှစ် လုပ်သား အင်အား  ခန့်မှန်းစာရင်းအင်းများ   (မူကြမ်း)ကို ၂၄-၂-၂၀၂၃ ရက်နေ့တွင်  ရှင်းလင်းတင်ပြ၍ အကြံ ပြု ဆွေးနွေးချက်များရယူပြီး   လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက်ခဲ့သည်။
၂၀၂၀-၂၀၂၃ ခုနှစ်   လုပ်သားအင်အားခန့်မှန်း စာရင်းအင်းများ  အစီရင်ခံစာတွင်   အခန်းရှစ်ခန်း ပါဝင်ပြီး   ခန့်မှန်းတွက်ချက်နည်း   (Projection Method)ဖြင့်  တွက်ချက်ရာတွင်   အသုံးပြုခဲ့သော နောက်ခံအကြောင်းအရာများ၊ အဓိပ္ပာယ်သတ်မှတ် ချက်များ၊ လုပ်သားအင်အားပါဝင်မှုနှုန်း  (Labour Force Participation Rate)၊ လုပ်သားအင်အား (Labour Force)၊ အလုပ်အကိုင်နှင့် လုပ်ငန်းအမျိုး အစားအလိုက် အလုပ်လက်ရှိ   (Employment)၊ အလုပ်လက်မဲ့နှုန်း (Unemployment Rate) များ နှင့် ခန့်မှန်းတွက်ချက်ခြင်းနည်းများအား အသေး စိတ်ဖော်ပြထားသည်။
ကြိမ်ဖန်များစွာ  တွက်ချက်ပေးခဲ့
စာရင်းအင်းများ     ခန့်မှန်းတွက်ချက်ရာတွင် နည်းပညာကျွမ်းကျင်သော စာရင်းအင်းပညာဌာနမှ ပါမောက္ခဆရာ ဆရာမကြီးများက စာရင်းအင်းများ အား လက်တွေ့အခြေအနေနှင့် အနီးစပ်ဆုံးဖြစ်စေ ရေး၊ ခိုင်မာမှုဖြစ်စေရေးတို့အတွက် လက်ရှိကာလ အခြေအနေအား ထည့်သွင်းစဉ်းစားခြင်း၊   ၂၀၂၀ ပြည့်နှစ် လုပ်သားအင်အားစစ်တမ်း  ပထမအကြိမ် ရလဒ်များနှင့် နှိုင်းယှဉ်ခြင်းဖြင့်  အသင့်လျော်ဆုံး model များဖြစ်စေရန် လမ်းညွှန်မှုပေးခဲ့၍ အလုပ် သမားညွှန်ကြားရေးဦးစီးဌာန   လုပ်သားအင်အားကောက်ယူပြုစုရေးဌာနခွဲမှ ဝန်ထမ်းများက စာရင်း အင်း software တစ်ခုဖြစ်သော SPSS software ကို အသုံးပြု၍ ကြိမ်ဖန်များစွာ   တွက်ချက်ပေးခဲ့ သည်။
ထို့ကြောင့် ၂၀၂၀-၂၀၂၃ ခုနှစ်  လုပ်သားအင်အား ခန့်မှန်းစာရင်းအင်းများ         အစီရင်ခံစာသည် လက်တွေ့လုပ်ငန်းနယ်ပယ်နှင့် စာရင်းအင်းပညာ ဘာသာရပ်နယ်ပယ်တို့၏ ပူးပေါင်းဆောင်ရွက်ခြင်း ၏  အောင်မြင်မှုနမူနာကောင်းတစ်ရပ်ဟု မှတ်ယူ နိုင်သည်။
ဤ ၂၀၂၀-၂၀၂၃ ခုနှစ် လုပ်သားအင်အား ခန့်မှန်း စာရင်းအင်းများအစီရင်ခံစာပါ ကိန်းဂဏန်းအချက် အလက်များကို သုတေသနပြုသူများ၊ ပြည်တွင်း/ ပြည်ပမှ   စာတမ်းပြုစုမည့်    ဘွဲ့ယူကျောင်းသား ကျောင်းသူများ   နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၊ အထူးသဖြင့် အလုပ်အကိုင်နှင့်   အလုပ်သမားရေးရာမူဝါဒများ၊  စီမံကိန်းများချမှတ်ခြင်းများတွင်   ထိရောက်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။  
 ၂၀၂၀-၂၀၂၃ ခုနှစ် လုပ်သားအင်အား ခန့်မှန်း စာရင်းအင်းများ အစီရင်ခံစာအား ဝန်ကြီးဌာနများ၊ စာရင်းအင်းဆိုင်ရာဌာနများနှင့် စာကြည့်တိုက်များ သို့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်းနှင့် အလုပ်သမား ဝန်ကြီးဌာန၏ www.mol.gov.mm website တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း စာရင်းအင်းအသုံးပြု သူများ၊ မူဝါဒရေးဆွဲသူများ၊ ဗဟုသုတရှာမှီးသူများ၊ သုတေသီပညာရှင်များ အားလုံးအတွက် သတင်း ကောင်းပါးအပ်ပါသည်။                ။