
ရန်ကုန် အောက်တိုဘာ ၇
၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက် အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ် သည့် (၁၉) ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစား အဖွဲ့သည် ယနေ့ မွန်းလွဲ ၃ နာရီ တွင် လေကြောင်းခရီးဖြင့် ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန် ရှိသူများ၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အားကစား နှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှ ကျောင်းသား ကျောင်းသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပန်းစည်းများ၊ အိုးစည်၊ ဒိုးပတ် များဖြင့် ဂုဏ်ပြုကြိုဆိုကြ သည်။
ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစား အဖွဲ့တွင် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အမျိုးသား လေးယောက်တွဲ ပြိုင်ပွဲ၌ ပထမရွှေတံဆိပ်တစ်ဆု ရရှိသည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့၊ နဂါးလှေလှော် (Dragon Boat) အမျိုးသမီးမီတာ (၅၀၀) ၁၂ တက်လှော်ပြိုင်ပွဲ၌ တတိယ ကြေးတံဆိပ် တစ်ဆုနှင့် အမျိုးသား မီတာ (၁၀၀၀) ၁၂ တက်လှော်ပြိုင်ပွဲ၌ တတိယ ကြေးတံဆိပ် တစ်ဆုရရှိခဲ့သည့် လှေလှော်အားကစား အဖွဲ့တို့မှ နည်းပြများ၊ အုပ်ချုပ်သူများ နှင့် ပြိုင်ပွဲဝင်အားကစားသမား များ ပြန်လည်လိုက်ပါလာကြ သည်။
သတင်းစဉ်