(၁၉)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးနှင့် (၁၉)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးများ တက်ရောက်ရန် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)

နေပြည်တော်   မတ်   ၁၄


ကမ္ဘောဒီးယားနိုင်ငံက  အိမ်ရှင်အဖြစ်  လက်ခံ ကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ      အစည်းအဝေး (ACDFM-19) သို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကိုယ်စား  တက်ရောက်ရန် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး  မောင်မောင်အေး ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည်   ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ    အထူးလေယာဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံ  ဖနွမ်းပင်မြို့သို့ ထွက်ခွာကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး  (ကြည်း)မှ   ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊    နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်   တာဝန်ရှိသူများက  လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။ 


အဆိုပါ   မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့တွင် (၁၂) ကြိမ်မြောက်    အာဆီယံတပ်မတော် စစ်ဆင်ရေးမှူးချုပ်များ  အစည်းအဝေးတက်ရောက် မည့်  စစ်ဦးစီးအရာရှိချုပ် (ကြည်း)    ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်   အဖွဲ့ဝင်များ၊ (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ   အစည်းအဝေးသို့  တက်ရောက်မည့် 


တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်အဖွဲ့ဝင်များ  လိုက်ပါ သွားကြသည်။ 
မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့  ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင်   ရောက်ရှိကြရာ  ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် သုတေသနနှင့်  ထောက်လှမ်းရေးဌာန    ညွှန်ကြားရေမှူး Lieutenant General. Hann Sovann နှင့် တာဝန်ရှိသူများ၊  ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ  မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊    မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးချုပ် သူရလှမင်းနှင့်  ကမ္ဘောဒီးယားနိုင်ငံမှ   တာဝန်ရှိသူများက    လေဆိပ်တွင်  ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သိရသည်။                    

သတင်းစဉ်