
(ယမန်နေ့မှအဆက်)
97 Media မှ သတင်းထောက်ချုပ် နန္ဒလင်း(ထားဝယ်)က ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် မြန်မာနိုင်ငံကို အလုပ် သဘောအရ လာရောက်ခဲ့သည့် ခရီးစဉ် တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ အာဆီယံအထူးကိုယ်စား လှယ်နှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ် များ ဆောင်ရွက်နေသည့်အခြေအနေကို သိလိုကြောင်းမေးမြန်းသည်။
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်မည်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ကမ္ဘော ဒီးယားနိုင်ငံနှင့် နှစ်နိုင်ငံသဘောတူညီ ချက်ကိုပြောခဲ့ပြီးဖြစ်ကြောင်း၊ အစိုးရချင်း ဆွေးနွေးခဲ့ခြင်းများရှိကြောင်း၊ စီးပွားရေး နှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် အခွန် နှစ်ထပ်ကောက်ခံမှု ကင်းလွတ်ရေး ဆိုင်ရာသဘောတူစာချုပ်ကို လက်မှတ် ထိုးနိုင်ခဲ့ပြီး ဆက်လက်ဆောင်ရွက်သွား မည့်ကိစ္စများကိုလည်း ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင် သည့်အခါတွင် မြန်မာနှင့်ကမ္ဘောဒီးယား နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းမည့်ကိစ္စများ ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ပညာရေးကဏ္ဍတွင် ကမ္ဘော ဒီးယားနှင့် မြန်မာနိုင်ငံအကြား ၂၀၁၇-၂၀၂၁ ပညာရေးပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ ချုပ်ဆိုပြီးဖြစ် ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန် ပြီဖြစ်ကြောင်း၊ သက်တမ်းတိုးမြှင့်ချုပ်ဆို နိုင်ရေးဆောင်ရွက်ခဲ့ပါကြောင်း၊ ကာကွယ် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအနေ ဖြင့် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ နှစ်ဖက်ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ပြန်ကြား ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး သွားမည့်ကိစ္စရပ်များ ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ထို့အပြင် သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍတွင် ကမ္ဘောဒီးယားက ဘုန်းတော်ကြီးနှင့် သီလရှင်အရေအတွက် ၂၄၉ ပါးကို မြန်မာနိုင်ငံ နိုင်ငံတကာ ထေရဝါဒ ဗုဒ္ဓဘာသာသာသနာပြု တက္ကသိုလ်တွင် ပညာသင်ခွင့်ပေးခဲ့ပါ ကြောင်း၊ ဆက်လက် ပူးပေါင်းဆောင်ရွက် နိုင်ရန် ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ နှစ်နိုင်ငံ ရှေးဟောင်းမြို့တော်များ အချင်းချင်း ဆက်သွယ်ရန်၊ နှစ်နိုင်ငံယဉ်ကျေးမှု မြို့တော်များ အချင်းချင်းဆက်သွယ်နိုင် ရန်လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ပိုမိုတိုးမြှင့်နိုင်မည်ဟုပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်ဦးက ပညာရေးနှင့် ပတ်သက်ပြီး မေးမြန်းလိုကြောင်း၊ လူမှုကွန်ရက်၌ ယခု ရက်ပိုင်းတွင် ပျံ့နှံ့လာသည့် တက္ကသိုလ် ဝင်ခွင့်ဖြေဆိုရန်အတွက် ကျောင်းတက် နေ သည့် သူများကို မဆိုလိုဟုထင်ကြောင်း၊ အပြင်ဖြေဖြေရန် ကျောင်းသားများအတွက် ရည်ညွှန်းသည့်သဘောကို တွေ့ရ ကြောင်း၊ ဝင်ခွင့်/ ဖြေခွင့် ဖောင်တင် ထားသည့် ကျောင်းသားများအထဲတွင် တိုင်းရင်းသားလူငယ် ကျောင်းသား ကျောင်းသူများထက် လူမျိုးခြားဝင်ဖြေ မည့်ကျောင်းသား ကျောင်းသူများက ပိုပြီး များသည်ဟု သတင်းများပျံ့နှံ့နေကြောင်း၊ ထိုကိစ္စမှန်၊ မမှန် အတည်ပြုပေးနိုင်ပါရန် နှင့် ယင်းသည်လူမျိုးရေးဘက်တွင်လည်း ဆက်နွှယ်နေသည့် အနေအထားကို တွေ့ရ ကြောင်း၊ ပညာရေးနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ရှေ့တွင် ဓာတ်ပုံများနှင့်ပြသခဲ့ပြီး ဖြစ်ကြောင်း၊ ကယားပြည်နယ် လွိုင်ကော် က စာသင်ကျောင်းတွင် PDF များက အခိုင်အမာစခန်းများ လုပ်ခြင်းများ ရှိ ကြောင်း၊ ထိုဖြစ်စဉ်များနှင့်ဆက်စပ်ပြီး ဘာသာရေးကျောင်းများ၊ အများပြည်သူ နှင့်ဆိုင်သည့်နေရာများ ဖြစ်နေသည့် လူနေအိမ်များမှ ပစ်ခတ်လာခြင်းများ ဖြစ်လာသည့်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းတွင် စစ်ရာဇဝတ်မှု ကျူးလွန် သည်ဟု ထုတ်ပြန်ခဲ့ခြင်းတွေ့ရကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း ထိုသို့ စစ်ရာဇဝတ်မှုဖြစ်ခဲ့ခြင်း၊ ထုတ်ပြန်ခြင်း၊ တပ်မတော်ဘက်က ထုတ်ပြန်ခဲ့ခြင်း ရှိ၊ မရှိ၊ ပညာရေးတွင် စစ်ကျွန်ပညာရေးနှင့် သခင်ပညာရေးဟု နှစ်မျိုး လိုင်းပေါ်တွင် ပြောဆိုနေကြသည့် အနေအထားတွင် ပညာရေးကို နေရာဒေသတချို့တွင် သခင် ပညာရေးစာသင်ကျောင်းဟု ဖွင့်လှစ်လာ သည်ကို တွေ့ရကြောင်း၊ မိမိတို့ သိရှိထား သည့် ပညာရေးစီမံချက်သည် ၂၀၃၀ အထိ ပညာရေးစီမံချက် အဆင့်လိုက်ချထား သည်ဟုသိရကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တာဝန်ယူနေစဉ် ဖွင့်လှစ်သည့် စာသင်ကျောင်းများတွင် တက်ရောက်သင်ကြားမှုမရှိဘဲ သခင် ပညာရေးဟု ဖွင့်လှစ်သည့်စာသင်ကျောင်း များတွင် တက်ရောက်ပြီး စာသင်ကြားခဲ့ သည့်ကလေးများသည် လာမည့်နှစ် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ပြန်ပြီးရွေးကောက် ပွဲများလုပ်မည်ဆိုပါက ထိုမတိုင်ခင် ကြားကာလနှင့် ယခု ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် ကြားကာလတွင် တိုင်းပြည် တည်ငြိမ်သွားသည့် အခြေအနေ အချိန်အခါတွင် စာသင်ကျောင်းများကို ၎င်းကလေးများ ရောက်လာမည်ဆိုပါက ၎င်းတို့သည် ယခုအခြားဘက်က သင်ကြား ပေးနေသည့် သခင်ပညာရေးကျောင်း ဘက်မှ အောင်မြင်သည်ကို ဒီဘက်က ခွင့်ပြုမည်လား၊ မည်သည့်ပုံစံဖြင့် သွား မည်ကို ပညာရေးနှင့်ပတ်သက်ပြီး သိလို ပါကြောင်းမေးမြန်းသည်။
သွေးထိုးလှုံ့ဆော်မှုတစ်ခုသာဖြစ်
ဗိုလ်ချုပ်ဇော်မင်းထွန်းက စာမေးပွဲ ဖြေခြင်းနှင့်ပတ်သက်၍ အပြင်ဖြေ ဖြေသည်ကို နိုင်ငံတော်အစိုးရအနေဖြင့် ကန့်သတ်၍မရကြောင်း၊ အကျုံးဝင်သူများ၊ လျှောက်လွှာတင်သူများ ဖြေရမည်ဖြစ် ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် သုံးသပ်၍ခက်ပါကြောင်း၊ Facebook တွင် တွေ့သည်မှာလည်း ရမ်းသန်းသုံးသပ် ချက်ဖြစ်ကြောင်း၊ တိုင်းရင်းသားများမပါ၊ ဘာသာခြားများပါသည်ဟူသည်မှာလည်း သွေးထိုးလှုံ့ဆော်မှုတစ်ခုသာ ဖြစ်သည်ဟု မိမိမြင်မိပါကြောင်း၊ လျှောက်လွှာတင်သည့် အခါ အမည်များ အမျိုးမျိုးဖြစ်နေနိုင် ကြောင်း၊ အမည်တွင် ဦးရာဂျူးဟု မှည့် ထားသော်လည်း ၎င်းသည်ဗမာစစ်စစ်ကြီး ဖြစ်ကြောင်း၊ ၎င်းသည် အကြောင်းရှိ၍သာ ဦးရာဂျူးဟု မှည့်ထားခြင်းဖြစ်ပြီး ဦးရာဂျူး ဟုမြင်တိုင်း အခြားလူမျိုးခြားဟု မှတ်၍ မရကြောင်း၊ ထိုသို့ရှိနိုင်သည်ဟု ဥပမာ ပြောပြခြင်းဖြစ်ကြောင်း။
အထက်တန်းပညာရေး ပြီးဆုံးမှသာ ဘွဲ့ရရန်ဖြစ်နိုင်ကြောင်း၊ အထက်တန်း ပညာရေးပြီးဆုံးမှသာ လုပ်ငန်းခွင်ဝင်ခွင့် ပိုကျယ်လာမည်ဖြစ်ကြောင်း၊ ပညာ သင်ကြားနိုင်သူ၊ ပညာသင်ကြားရန် အရွယ်ရှိသူအားလုံးကို နိုင်ငံတော်အစိုးရ အနေဖြင့် အနည်းဆုံးအဆင့် kg+9 ပညာ ရေးစနစ်ကိုမျှော်မှန်းပြီး လုပ်ဆောင်ပေး လျက်ရှိကြောင်း၊ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးက ထိုလုပ်ငန်းစဉ်တွင် ပါဝင်စေရေး မိမိတို့သားသမီးများ၊ မိမိ တို့နှင့်သက်ဆိုင်သည့် အုပ်ထိန်းခွင့်ရှိ သူများ ပါဝင်စေရေးအတွက် ဝိုင်းဝန်း ကူညီ ပူးပေါင်းဆောင်ရွက်ပေးကြပါဟု ပြောလိုကြောင်း။
စစ်ရာဇဝတ်မှုနှင့် ပတ်သက်သည့် အသုံးအနှုန်းကို ယခင်က မြန်မာနိုင်ငံတွင် ဖြစ်ခဲ့သည့်အခြေအနေအရ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများတွင် စစ် ရာဇဝတ်မှုနှင့် ပတ်သက်သည့် ရာဇဝတ် မှုများ များစွာရှိကြောင်း၊ သို့သော် ကျယ်ကျယ်ပြန့်ပြန့် စစ်ရာဇဝတ်မှုဟူ၍ စွပ်စွဲခြင်းမျိုးမရှိကြောင်း၊ ဥပမာ - ဗကပ ခေတ်က ဆင်စွယ်ရွာတစ်ရွာလုံး အသတ် ခံရသည့် ဖြစ်စဉ်မျိုးများရှိကြောင်း၊ စစ်ရာဇဝတ်မှု၊ War Crime၊ Human Against၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုများသည် ယခု နောက်ပိုင်းမှသာ နိုင်ငံတကာအသုံး အနှုန်းများနှင့် ဖြစ်လာခြင်းဖြစ်ကြောင်း၊ စစ်ရာဇဝတ်မှုဟု ပြောရခြင်းသည် စာသင်ကျောင်းများတွင် တပ်စွဲခြင်းမျိုး၊ လူသားတံတိုင်းအသုံးပြုပြီး ရပ်ကွက်/ကျေးရွာများကို ပစ်ခတ်တိုက်ခိုက်ခြင်း များ၊ ကယားဖြစ်စဉ်တွင် သာမန်အရပ် သားများ လိုက်ပါစီးနင်းလာသည့် လေယာဉ်ကို အရပ်သားရပ်ကွက်ထဲမှ ပစ်ခတ်ခြင်းမျိုးကို ပြောခြင်းဖြစ်ကြောင်း။
စစ်ကျွန်ပညာရေး၊ သခင်ပညာရေးဟု မရှိပါကြောင်း၊ NUG၊ CRPH၊ PDF အမည် ခံအဖွဲ့များသည် ၎င်းတို့ပြောနေသည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ပညာရေးကို သင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ မိမိတို့လည်း ထိုပညာရေးကို သင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုပညာရေးကိုသင်ကာ နိုင်ငံခြားသို့သွားပြီး အလုပ်လုပ်နေသူများ ရှိကြောင်း၊ တန်းတူညီတူရင်ပေါင်တန်း အလုပ်လုပ်နေသူများလည်း ရှိကြောင်း၊ ပညာရေးစနစ်ဆိုသည်ထက် တစ်ဦးချင်း အပေါ်တွင်လည်း မူတည်ကြောင်း၊ ပညာ ရေးစနစ် ကောင်း၊ မကောင်းဟု မိမိပြော နေခြင်းမဟုတ်ကြောင်း၊ ပညာရေးစနစ် နှင့်ပတ်သက်ပြီး လုပ်ဆောင်နိုင်သည် ထက် လူအပေါ်တွင်လည်း မူတည် ကြောင်း၊ အစိုးရတစ်ရပ်တွင် ကျောင်းနှစ် ကျောင်းမရှိပါကြောင်း၊ အစိုးရနှင့် အစိုးရ အသိအမှတ်ပြု ပုဂ္ဂလိကကျောင်းများ ရှိကြောင်း၊ စည်းမျဉ်းစည်းကမ်းအရ လိုက်နာပြီး အောင်လာသည့်ကျောင်း များက ပုံမှန်အတိုင်း အတန်းတက်မည် ဖြစ်ကြောင်း၊ မိမိတို့အိမ်နီးချင်းနိုင်ငံဖြစ် စေ၊ နိုင်ငံခြားတွင် ပညာသင်ကြားလာပြီး ၎င်းနိုင်ငံနှင့်သဘောတူထားသည့် အဆင့် အတန်းရှိလျှင်ရကြောင်း၊ အခြားနိုင်ငံတွင် ၁၀ တန်းတက်လာပြီး မိမိတို့နိုင်ငံတွင် ၁၀ တန်းတက်၍ရသည်ဟု မရှိကြောင်း၊ မိမိတို့နိုင်ငံတွင် မည်မျှအောင်သည်ဖြစ်စေ အခြားနိုင်ငံတွင် သွားတက်၍ရသည့် သဘောတူညီချက်ရှိလျှင် ရကြောင်း၊ ကျန်သည့်အရာများက အကျုံးဝင်ခြင်း မရှိပါကြောင်း။
သခင်ပညာရေးဆိုသည်မှာ
မိမိသိသလောက် သခင်ပညာရေး ဆိုသည်မှာ မြန်မာတို့၏အစွဲအရ မိမိတို့ ၏ ဗြိတိသျှပညာရေးကို ဆန့်ကျင်ခုခံ သည့်အမျိုးသားကျောင်းများ စတင် ပေါ်ပေါက်သည့်အချိန်တွင် မိမိတို့က အမွှမ်းတင်ပြီး သခင်ပညာရေးဟု ပြောခဲ့ ခြင်းဖြစ်ကြောင်း၊ အမျိုးသားကျောင်းများ ကို လေ့လာကြည့်ရာတွင် အမျိုးသား ကျောင်းများ၏ သင်ရိုးများတွင် မြန်မာ သင်ရိုးလည်းပါရှိပြီး အင်္ဂလိပ်ကျောင်းများ တွင်သင်သည့် အင်္ဂလိပ်စာသင်ရိုးများ လည်းပါကြောင်း၊ ထိုသို့သာ မိမိသဘော ပေါက်ပါကြောင်း၊ သတင်းထောက်ကြီး ပြောသည့် NUG၊ PDF တို့၏ ဝါဒဖြန့်မှုကို သတင်းစာရှင်းလင်းပွဲတွင် သခင်ပညာ ရေးဆိုပြီး လာပြောရန်အကြောင်း မရှိ ကြောင်း၊ အကျုံး မဝင်ဟုပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
နိုင်ငံ့သစ္စာသတင်းမီဒီယာမှ CEO ဦးအောင်ကျော်ဦးက မေးမြန်းရာတွင် အခြိမ်းခြောက်ခံ သတင်းထောက်အချို့က ဗိုလ်ချုပ်ကို မေးပေးရန်ဆိုသည့်မေးခွန်း ဖြစ်ကြောင်း၊ ပြည်တွင်းမီဒီယာအချို့ အခြိမ်းခြောက်ခံနေရကြောင်း၊ တကယ် အသတ်ခံရသူများလည်း အများအပြားရှိ နေကြောင်း၊ ယခုအချိန် နိုင်ငံတော်က မည်သည့်လက်နက်မျှ မိမိအိမ်မှာမထား ရန် ထုတ်ပြန်ထားကြောင်း၊ ထို့ကြောင့် မည်သည့်လက်နက်မှ လက်ဝယ်မဆောင် ထားရဲကြကြောင်း၊ ခြိမ်းခြောက်ခံသတင်း ထောက်သည် မည်သူလာသတ်မည်မှန်း မသိဘဲ ဘောပင်ကိုင်ပြီး သေမည့်နေ့ကို စောင့်နေရသကဲ့သို့ ဖြစ်နေကြောင်း၊ လုပ်ကြံခံရ၍ သေသည့်သတင်းထောက် များလည်း သေကုန်ပြီဖြစ်ကြောင်း၊ မိတ္ထီလာမြို့တွင်နေထိုင်သည့် သတင်း ထောက် ခင်ကိုလတ်၏ ဆိုင်ကယ်ပြင်ဆိုင် ကို ပထမဆုံးဗုံးဖြင့် အပစ်ခံရပါကြောင်း၊ ဒုတိယအကြိမ် သေနတ်ဖြင့်ဝင်ပစ်သွားပါ ကြောင်း၊ ငါးလသားအရွယ်ကလေးငယ်၏ ပေါင်ကိုထိမှန်ခဲ့ပါကြောင်း၊ တတိယ အကြိမ် ၁၃ ရက်နေ့ ၅ နာရီအချိန်တွင် အိမ်စီးကားနှင့်ဝင်လာ၍ ထပ်ပြီးသေနတ် ဖြင့် ဝင်ပစ်ခဲ့ပါကြောင်း၊ ဒုတိယတစ်ဦးမှာ မိတ္ထီလာမှဖြစ်ကြောင်း၊ တပ်မတော်မှ ဗိုလ်မှူးကြီးအဆင့်နှင့် အငြိမ်းစားယူထား သည့် ဦးစံလှဖြစ်ပြီး လက်ရှိတွင် သတင်း လုပ်ငန်းလုပ်နေပါကြောင်း၊ ၎င်းကိုလည်း သေကြောင်းကြံမှု အကြိမ်ပေါင်းမနည်း ရှိနေပါကြောင်း၊ ငွေပေး၍သတ်သည် ဆိုပြီး လိုင်းပေါ်မှာ တင်ထားသည်များ ကလည်း ပွလန်နေကြောင်း၊ ရွှေဘို၌ အသတ်ခံရသည့်သတင်းထောက် နှစ်ဦး ထက်မနည်းရှိနေကြောင်း၊
D စာမျက်နှာ ၉ မှ
ယခုလအတွင်း ဇီးကုန်းမြို့နယ် သတင်း ထောက် ဦးကျော်ကျော်သည် ဆိုင်ကယ် ဖြင့်လာသည့်အချိန်တွင် ဗုံးခွဲတိုက်ခိုက် ရန် ၎င်းတို့ပြင်ဆင်ထားသည်ကို တပ်မတော်က လက်မတင်လေးဖမ်းလိုက် သည့်အတွက် ဦးကျော်ကျော် အသက် ဘေးမှလွတ်ခဲ့ရကြောင်း၊ အလားတူ ကျောက်တံတားမြို့နယ်တွင်လည်း ဖြစ်စဉ် အများအပြားဖြစ်နေကြောင်း၊ ဗိုလ်ချုပ် တို့အနေဖြင့် သေနတ်၊ လက်ပစ်ဗုံးဖြင့် ရန်ပြုလာသူကို ဥပဒေနှင့်အညီပြန်လည် ခုခံရန် မည်ကဲ့သို့လက်နက်များကို ကိုင်ဆောင်ခွင့်ပြုပေးနိုင်မည်ကို သိချင် ကြောင်းမေးမြန်းသည်။
တတ်နိုင်သည့်စောင့်ရှောက်မှုများ
ဆောင်ရွက်ရမည်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် သတင်းထောက်ကြီး မေးမြန်းသကဲ့သို့ သတင်းထောက်များ အသတ်ခံရခြင်းသည် NUG၊ CRPH၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များက လုပ် ဆောင်နေသည်ဟု မိမိသဘောပေါက်ပါ ကြောင်း၊ တချို့နိုင်ငံတကာသတင်း မီဒီယာများတွင်လည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် သတင်းထောက်များကို နှိပ်ကွပ်ကြောင်း၊ ဖမ်းကြောင်း၊ သတင်းထောက်များကို မည်သို့ဆောင်ရွက်ကြောင်း စသည့် အချက်များကိုသာ တွေ့ရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖြစ်စဉ်၊ နေရာတိတိကျကျ၊ လူအမည်များနှင့် NUG၊ CRPH၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များက သတင်းထောက်များကို လုပ်ဆောင်နေ ခြင်းများကို ပြောပြသည့်အတွက် ကျေးဇူး တင်ကြောင်း၊ ထိုခြိမ်းခြောက်ခံထားရ သည့် သတင်းထောက်များနှင့်ပတ်သက်၍ စာရင်းများလည်း မိမိတို့ကိုပေးပါဟု ပြောချင်ကြောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာနမှတာဝန်ရှိသူများလည်း တက်ရောက် နေကြောင်း၊ တတ်နိုင်သည့်စောင့်ရှောက် မှုများကို မိမိတို့ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထိုအကြောင်းအရာများကို ဖော်ထုတ်ပြောပြပေးသည့်အတွက်လည်း မိမိတို့ကျေးဇူးတင်ပါကြောင်း။
မီဒီယာများ မည်သို့ခြိမ်းခြောက်ခံရ ကြောင်း၊ မီဒီယာများနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ အနေနှင့် မီဒီယာများကို မည်သို့နှိပ်ကွပ် ကြောင်း၊ ထိုသို့ မိမိတို့ကို ဆန့်ကျင် ရေးနေသည့် မီဒီယာသမားများဖြစ်သော အမြဲတမ်းတွေ့နေရသည့် BBC သတင်း ထောက် ရန်ကုန်တွင်ရှိကြောင်း၊ VOA သတင်းထောက်လည်း ၎င်းအတိုင်းရှိ ကြောင်း၊ RFA သတင်းထောက်လည်းရှိ ကြောင်း၊ ၎င်းတို့ကို မိမိတို့က ဖမ်းဆီးထား ခြင်းမရှိကြောင်း၊ သို့သော် မိမိတို့ကိုစွပ်စွဲ ထားသည်များလည်းရှိကြောင်း၊ ပြည်တွင်း ၌ အမျိုးသားနိုင်ငံရေးအတွက် လုပ်နေသည့် သတင်းထောက်များ အသတ်ခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းများကို နိုင်ငံတကာ မီဒီယာများကလည်း အရှက်မရှိနှုတ်ဆိတ် နေကြောင်း၊ ထိုအကြောင်းအရာကို ယခု သတင်းစာရှင်းလင်းပွဲ၌ ဖော်ထုတ်ပေး သည့်အတွက် ကျေးဇူးတင်ကြောင်း၊ ၎င်းအကြောင်းအရာများကို ပြည်ထဲရေး ဝန်ကြီးဌာနကို ပေးစေလိုကြောင်း။
ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်အတွက် နှင့်ပတ်သက်၍ ပြောရလျှင် ဥပဒေအရ မိမိတို့က လက်နက်ထုတ်ပေး၍မရကြောင်း၊ သို့သော် မိမိကိုသေစေရန်သော်လည်း ကောင်း၊ မိမိကို အပြင်းအထန်ဒဏ်ရာရ စေရန် လုပ်လိုက်သည့်အတွက် မိမိကိုယ် ကို ခုခံပိုင်ခွင့်အရ ပြုလုပ်လိုက်သောအမှု သည် ပြစ်မှုကျူးလွန်ရာမရောက်ဟု ပါရှိ ကြောင်း၊ ထို့ကြောင့်မိမိပြောလိုသည်မှာ ပြစ်မှုကျူးလွန်ရာမရောက်ဟုဆိုလျှင် ရပြီ ဖြစ်ပါကြောင်း၊ မည်သည့်အရာနှင့် လုပ်ပါ ဟူ၍လည်း မပါကြောင်း၊ ထိုသို့ဆိုလျှင် သိနိုင်မည်ဟုထင်ကြောင်း၊ ယခုလို ဖော်ထုတ်ပေးသည့်အတွက်ကြောင့်လည်း ကျေးဇူးတင်ပါကြောင်း၊ ထိုစာရင်းများကို လည်း မိမိတို့ကိုပေးခဲ့စေလိုကြောင်း၊ သက်ဆိုင်ရာပြည်ထဲရေး၊ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များနှင့် ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျန် သည့်သတင်းထောက်များအနေဖြင့် ယခု ကဲ့သို့အခြေအနေမျိုးရှိလျှင် ထိုကဲ့သို့ မိမိ တို့ကို ပေးပို့စေလိုကြောင်း၊ ခြိမ်းခြောက် ခံရသည့်စာများ မိမိတို့ထံ တင်ပြထားသူ များလည်းရှိကြောင်း၊ ၎င်းတို့ကိုလည်း ဆက်လက်၍ လုံခြုံရေးအရ ဆောင်ရွက် သွားမည်ဟု ပြောလိုကြောင်းပြန်လည် ဖြေကြားသည်။
နိုင်ငံ့သစ္စာသတင်းမီဒီယာမှ CEO ဦးအောင်ကျော်ဦးက မေးမြန်းရာတွင် ယခုမြန်မာနိုင်ငံတွင် ဓာတ်ဆီဈေး၊ ဒီဇယ် ဈေးသည် နှစ်ဆမတက်သေးသော်လည်း ပြည်တွင်း၌ပင် လိုင်းပြေးဆွဲနေသည့် ကားခအကုန်လုံးသည် ကားခသုံးဆ တက်နေကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်တို့အနေဖြင့် မည်သို့ဆောင်ရွက် ပေးနိုင်မည်ကို သိလိုကြောင်းမေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် ထိုကိစ္စကို ယခု လောလောဆယ်တွင် မိမိဖြေကြားနိုင်ခြင်း မရှိပါကြောင်း၊ မိမိတို့သက်ဆိုင်ရာဌာန ကို မေးမြန်း၍ ပြန်လည်ဖြေကြားပေးမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
လူထုရင်ဖွင့်သံ သတင်းမီဒီယာမှ အယ်ဒီတာ ဦးမင်းဂေါင်က အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် ဥပဒေနှင့်ပတ်သက်၍ မေးမြန်းခွင့်ပြုစေ လိုကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ အင်ဒို- ပစိဖိတ်မဟာဗျူဟာအရ မိမိတို့ မြန်မာနိုင်ငံသည် အရေးပါသည့် အခန်း ကဏ္ဍမှပါလာပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ပတ်ဝန်းကျင်နိုင်ငံများသို့ မည်သူများ လာရောက်သလဲဆိုသည်ကို ကြည့်မည် ဆိုပါက UN ၏ ကုလသမဂ္ဂကိုယ်စားလှယ် သံကိုယ်စားလှယ်ကိုယ်တိုင် လာရောက် ခဲ့ခြင်းရှိကြောင်း၊ မကြာမီက အမေရိကန် သံအမတ်ကြီးကိုယ်တိုင်လည်း အိမ်နီးချင်း နိုင်ငံကို လာရောက်ခဲ့ကြောင်း၊ ထို့အပြင် အင်ဒို-ပစိဖိတ်ဒေသ၌ ၇ ဒသမ ၁ ဘီလီယံ အထိ သုံးမည်ဆိုသည့်အနေအထားများ အရ ၂၀၂၂ ခုနှစ်ထဲ၌ အရှိန်မြှင့်ပြီး တွန်း လာမည့်သဘောတရားများ ရှိပါကြောင်း၊ ထို့ကြောင့် ပြည်သူများနှင့် အမျိုးသား နိုင်ငံရေးသမားများအားလုံးက ဆူပူ အကြမ်းဖက်မှုများအပါအဝင် တိုင်းပြည် ကို နိုင်ငံရေးအရပါ ဝင်ရောက်စွက်ဖက်ပြီး စိုးမိုးခြယ်လှယ် ဆောင်ရွက်လာမည်ကို အင်မတန်စိုးရိမ်နေမိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့် ထိုအခြေအနေများကို ကြိုတင် မြော်တွေးပြီး ဆောင်ရွက်ရန်အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်းနှင့် ရှိခဲ့လျှင်လည်း အကြမ်းဖျင်းဖော်ပြပေးစေလိုပါကြောင်း မေးမြန်းသည်။
ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ထို အကြောင်းအရာနှင့်ပတ်သက်၍ အကျဉ်း ချုပ်ပြောရမည်ဆိုလျှင် နံပါတ်(၁)နိုင်ငံ ခြားရေးမူဝါဒသည် မိမိတို့ပြဋ္ဌာန်းထား သည့်အတိုင်း လွတ်လပ်၍တက်ကြွသော ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးနေကြောင်း၊ ၎င်းကိုဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)စာအုပ်ထဲ၌ လည်း ဖော်ပြထားပြီးဖြစ်ကြောင်း၊ လက်တွေ့တွင် မိမိပြောလိုက်သည့် စကားထဲတွင်လည်း ပါပြီးဖြစ်ကြောင်း၊ လက်တွေ့တွင် မိမိနိုင်ငံအကျိုးကိုလိုလား သည့် မိမိနိုင်ငံအပေါ် သဘောထားရှုမြင်မှု ကောင်းသည့်နိုင်ငံများနှင့် မိမိတို့ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို အရာသည် ဘက်လိုက်ခြင်းမဟုတ် ကြောင်း၊ Reality ဖြစ်ကြောင်း၊ နံပါတ်(၂)အချက်သည် ပြည်တွင်းရေးဖြစ်ပြီး ပြည်တွင်းရေးနှင့်ပတ်သက်ပြီး မိမိတို့ အနေဖြင့် အကြမ်းဖက်မှုများ အမြန်ဆုံး ပပျောက်စေရေးအတွက် ပြည်သူလူထု ပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ပြည်သူလူထုပါဝင်သည့် ပြည်သူ့လုံခြုံရေး စနစ်ကို မိမိတို့ စစ်ကိုင်းတိုင်းဒေသကြီး တွင်စတင်ပြီး အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း၊ ထိုသို့အကောင်အထည်ဖော် သည့်အတွက်ကြောင့် စစ်ကိုင်းတိုင်းဒေသ ကြီး မြောက်ပိုင်းတွင် ဖော်ထုတ်ဖမ်းဆီး ရမိမှုများ၊ PDF စခန်းများကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်လာနိုင်မှုများ များပြား လာခဲ့ပြီဖြစ်ကြောင်း၊ ထိုနှစ်ချက်ကို မိမိ တို့ဆောင်ရွက်လျက်ရှိသည်ဟု ပြောလို ပါကြောင်း ပြန်လည်ဖြေကြားသည်။
တဲ့ပြောအွန်လိုင်းမီဒီယာမှ အယ်ဒီ တာချုပ် ဦးဇော်မင်းဦးက သတင်းစာ ရှင်းလင်းပွဲနှင့်ပတ်သက်၍ တောင်းဆို စရာတစ်ခုရှိကြောင်း၊ မိမိအနေဖြင့် ကရင်ပြည်နယ်မှလာရသဖြင့် အလွန်ဝေး ပါကြောင်း၊ လမ်းခရီးတွင်လည်း ဒုက္ခ အမျိုးမျိုးဖြင့် လာခဲ့ရကြောင်း၊ မိမိကို လည်း ဒလန်ဟု စွပ်စွဲခံရကာသတ်မည်ဟု ခြိမ်းခြောက်ခံထားရကြောင်း၊ သို့သော် မေးခွန်းတစ်ခုတည်းသာ မေးခွင့်ရသဖြင့် မိမိအတွက် နည်းလွန်းပါကြောင်း၊ မိမိတို့ အနေဖြင့် ပေးဆပ်ရမှုမနည်းပါကြောင်း၊ မိမိသည် တိုင်းရင်းသားလက်နက်ကိုင် ဒေသတွင် နေရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအား မေးခွန်းသုံးခုခန့် မေးမြန်းခွင့်ပြုစေလိုကြောင်း၊ နိုင်ငံတော် တွင်ဖြစ်ပျက်နေသည့် လျှပ်စစ်လုံလောက် မှု မရှိသည့်ကိစ္စ၊ ယခုမီတာခဆောင်သည့် သူနှင့် ဘေလ်မဆောင်သူပြဿနာ၊ မီတာခဆောင်သည့်သူနှင့် မဆောင်သူ များက မီးပျက်လျှင် အတူတူဝေမျှခံစားရ ကြောင်း၊ ထို့ကြောင့် မီတာခဆောင်သည့် သူက နစ်နာသည်ဟု အော်နေကြောင်း၊ မီတာမဆောင်သူများကို မီးဖြတ်လျှင် လျှပ်စစ်ဝန်ထမ်းများအတွက် လုံခြုံရေး ကလည်း စိုးရိမ်ရကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဝန်ထမ်းများအတွက် လုံခြုံရေး မည်မျှအထိဆောင်ရွက်ပေးမည်ကို သိလို ကြောင်း၊ မိမိတွေ့ဆုံမေးမြန်းထားသည့် အတိုင်းအတာအရ မိမိတို့နိုင်ငံတွင် မဂ္ဂါဝပ် ၄၀၀၀ ကျော်ကို သုံးစွဲနေသည်ဟု သိရကြောင်း၊ အမှန်တကယ် ထုတ်လုပ်နိုင် မှုစွမ်းအားမှာ ပုဂ္ဂလိကအပါအဝင် ၃၅၀၀ ကျော်သာရှိကြောင်း၊ မဂ္ဂါဝပ်မပြည့် ကြောင်း၊ ထို့အပြင် LPG ကလည်း စျေးကြီး သဖြင့် သာကေတနှင့် လှော်ကားတို့ကို ရပ်ထားရသောကြောင့် မဂ္ဂါဝပ် ၁၀၀၀ ခန့် ထပ်လျော့ကြောင်း၊ ထိုသို့ထပ်လျော့ သည့်အခြေအနေကြောင့် မိမိတို့ကရင် ပြည်နယ်တွင် မီးနှစ်နာရီရပြီး လေးနာရီ ပျက်သည့်ဒုက္ခများ ခံစားနေရကြောင်း၊ NLD အစိုးရလက်ထက်က လွှတ်တော် ပုဂ္ဂိုလ်များလည်း ဂျပန်နိုင်ငံကို သွား၍ လေ့လာခဲ့ကြောင်း၊ ကရင်ပြည်နယ် ဟတ်ကြီးတွင် တိုယိုဒိုင်းကုမ္ပဏီမှ မဂ္ဂါဝပ် ၆၄၀ နှစ်လုံး ၁၂၈၀ ထုတ်လုပ်ရန် လျာထားကြောင်း၊ တိုယိုဒိုင်းကုမ္ပဏီက Investment လုပ်မည်ဟု သိရကြောင်း၊ မိမိတို့ ကရင်ပြည်နယ်အစိုးရအနေဖြင့် ၁ ဒသမ ၅ ရာခိုင်နှုန်းကို အကျိုးအမြတ်ရ မည်ဖြစ်ကြောင်း၊ ထို့အပြင် သံလွင်မြစ် ကြောင်း၌ မြစ်သောင်ထွန်းနေမှုကို ၎င်းတို့ ၏ ကျောက်မီးသွေးသင်္ဘောလာသည့် အချိန်တွင် အခက်အခဲမရှိစေရန် သဲများ တူးဖော်ပြီး ရရှိလာသည့်သဲများကို နိုင်ငံခြား သို့ တင်ပို့မည်ဟုသိရကြောင်း၊ ထို့ကြောင့် နိုင်ငံအတွက်လည်း အကျိုးရှိစေမည်ဖြစ် ကြောင်း၊ မိမိတို့ပြည်နယ်အနေဖြင့် မြေယာကိစ္စကို ဆောင်ရွက်ပေးရမည်ဖြစ် သောကြောင့် ကရင်ပြည်နယ်အစိုးရ ရန်ပုံ ငွေမှ သိန်းပေါင်း ၉၀၀၀ ကျော်ကို ဧက ၈၀၀ ကျော်အတွက် လျော်ကြေးပေးထား ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ အတွက် လျှပ်စစ်မီးလိုလားချက် ရေရှည် Long-Plan အတွက် ထည့်သွင်းစဉ်းစား၍ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် ယင်းကျောက် မီးသွေးလျှပ်စစ်စီမံကိန်းကို အကောင် အထည်ဖော်ပေးရန်ရှိ၊မရှိ ပထမမေးခွန်း အနေဖြင့်သိလိုကြောင်း မေးမြန်းသည်။
ကျောက်မီးသွေးစီမံကိန်းများ ဆောင်ရွက်ရန်မရှိ
ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျောက် မီးသွေးစီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရန်မရှိကြောင်း၊ မြန်မာ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလုံလောက်ရေး အတွက် လျှပ်စစ်ဓာတ်အားနှင့် ပတ်သက် ပြီး လိုအပ်ချက်များကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိဆောင်ရွက်လျက် ရှိသည့် လျှပ်စစ်လုပ်ငန်းများမှာ အလယ် ပေါင်းလောင်း ၁၅၂ မဂ္ဂါဝပ်၊ ရွှေလီ(၃) ၆၇၂ မဂ္ဂါဝပ်၊ ကျောက်မဲ မဂ္ဂါဝပ် ၂၈၀၊ အထက်ရဲရွာ သူဌေးရေအားလျှပ်စစ်စီမံ ကိန်း သံတွဲ ၁၁၁ မဂ္ဂါဝပ်၊ ရှမ်းပြည်နယ် တောင်ပိုင်း မိုးနဲ ၅၁ မဂ္ဂါဝပ်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ အားလုံး သတိပြုဖို့ရာမှာ ရေအားလျှပ်စစ်များသာ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆိုလာစနစ် ကိုလည်း ဆောင်ရွက်နေကြောင်း၊ ကျောက်မီးသွေးနှင့် ပတ်သက်၍ ဦးသိန်းစိန်အစိုးရလက်ထက်နှင့် NLD အစိုးရလက်ထက်တို့တွင် ဆောင်ရွက်ခဲ့ သည်ကိုတွေ့ရှိရကြောင်း၊ သို့သော် လူထု ကန့်ကွက်မှုများလည်း ရှိခဲ့ကြောင်း၊ နည်းပညာပိုင်းဆိုင်ရာအရ မိမိအနေဖြင့် မသိရှိရကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ အရ မငြင်းလိုကြောင်း၊ မိမိသိရသလောက် ရေအားလျှပ်စစ်စီမံကိန်းများနှင့် ဆိုလာ စနစ်စီမံကိန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ လျှပ်စစ်မီးချွေတာနိုင်ရန် အတွက် LED မီးများနှင့်လဲလှယ်တပ်ဆင် နိုင်ရေး ပညာပေးလုပ်ဆောင်နေမှုများ ရှိကြောင်း ပြန်လည်ဖြေကြားသည်။
G စာမျက်နှာ ၁၀ မှ
တဲ့ပြောအွန်လိုင်းမီဒီယာမှ အယ်ဒီ တာချုပ် ဦးဇော်မင်းဦးက မြဝတီနယ်စပ် သောင်းရင်းမြစ်၊ မြန်မာနိုင်ငံ မြဝတီမြို့ ချစ်ကြည်ရေး သံတံတားအောက် တည့်တည့် ထိုင်းနိုင်ငံ မယ်သော်ဘက် အခြမ်းတွင် မြစ်ကမ်းထိန်းနံရံလုပ်ခြင်းကို သမ္မတကြီး ဦးသိန်းစိန်လက်ထက် မိမိတို့ ဘက်က ကန့်ကွက်ခဲ့ကြောင်း၊ ကန့်ကွက် ၍မရသဖြင့် ချစ်ကြည်ရေးတံတား (၁) ကို မိမိတို့မြန်မာဘက်ကမ်းက ပိတ်လိုက် ကြောင်း၊ ယင်းသို့ပိတ်လိုက်မှသာ ၎င်းတို့ လုပ်ငန်းများရပ်သွားကြောင်း၊ ယခုမိမိတို့ နိုင်ငံတွင် ပဋိပက္ခဖြင့် ရုန်းကန်နေရသည့် အချိန်တွင် ထိုင်းနိုင်ငံဘက်မှ ချစ်ကြည် ရေးတံတား(၂)၏ အောက်တွင် မြစ်ကမ်း ထိန်းနံရံလုပ်နေကြောင်း၊ NLD အစိုးရ လက်ထက်တွင်လည်း လုပ်သဖြင့် ပြည်သူ များ ကန့်ကွက်သော်လည်း အစိုးရက မကန့်ကွက်ကြောင်း၊ သမ္မတကြီး ဦးသိန်းစိန် လက်ထက်တွင်လည်း ကန့်ကွက်ကြောင်း၊ ယခုမြစ်ကမ်းထိန်း နံရံကို ၎င်းတို့ဘက်ကလုပ်နေသည်မှာ ရေလယ်ကျွန်းအထိ ရောက်လာပြီ ဖြစ်ကြောင်း၊ သောင်းရင်းမြစ်တစ်ဝက် ရေလယ်ကောင် သောင်ထွန်းသည့်နေရာ မှ စတင်လုပ်ကိုင် ခဲ့သဖြင့် မိမိတို့ဘက်တွင် ကမ်းများပြိုကျ လာနေပြီဖြစ်ကြောင်း၊ မိမိတို့ဘက်က မြေများလည်း ပြိုကျ နေကြောင်း၊ ယင်းကိစ္စကို ကန့်ကွက်ပေး ရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။
လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးမည်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စ နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ဆက်လက် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်များတွင် စည်းမျဉ်း၊ စည်းကမ်းများ ရှိပြီးဖြစ် ကြောင်း၊ မြန်မာနိုင်ငံနှင့်မြစ်ကြောင်း နယ်နိမိတ်စည်းကမ်းများ၊ ကုန်းပေါ်ရှိ စည်းကမ်းများ၊ ဘယ်နှမီတာအတွင်း အဆောက်အအုံ အခိုင်အမာမဆောက်ရ စသည့်စည်းကမ်းများသည် နှစ်နိုင်ငံတွင် ရှိပြီးဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက် ၍ မြစ်ကြောင်းများတွင် မြေထိန်းနံရံ တည်ဆောက်မှုနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ သဘောတူညီချက်များကို နှစ်နိုင်ငံသိပြီးသားဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
နေပြည်တော်တိုင်းအွန်လိုင်းသတင်း အေဂျင်စီမှ သတင်းထောက် ဦးမင်းမောင် က မြန်မာနိုင်ငံတွင် အင်တာနက်ဈေးနှုန်း များတက်နေသည်ကို သိရှိရပါကြောင်း၊ ဖုန်းကတ်များကိုလည်း နိုင်ငံတော်က အခွန် ၂၀၀၀၀ ဆောင်ရမည်၊ ကတ်ဖိုး ၁၅၀၀ နှင့် စုစုပေါင်း ၂၁၅၀၀ဟု သတ်မှတ် လိုက်သည့်အပေါ်တွင် ပြည်သူလူထု၏ ဝေဖန်မှုများ မြင့်တက်နေပါကြောင်း၊ အဆိုပါကိစ္စကြောင့် ပြည်သူလူထုတွင် အခက်အခဲမျိုးစုံရှိနေပါကြောင်း၊ ယခု ကဲ့သို့ ဈေးနှုန်းမြင့်တက်ခဲ့သဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအပေါ် ပြည်သူ များ၏ အထင်မှား၊ အမြင်မှားမှုများ ရှိနေ ပါကြောင်း၊ ယခုကဲ့သို့ ဆင်းကတ်များကို တန်ဖိုးမြှင့်တင်ခဲ့သည့်အပေါ်တွင် လူ အတော်များများက မလိုအပ်သည့်သတင်း များဖြန့်နေသည်ကိုလည်း တွေ့ရပါ ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်သည့်အစီအမံဖြင့် မည်ကဲ့သို့ ပြုလုပ်ထားသည်ကို ပြည်သူလူထုအားလုံး ရှင်းရှင်းလင်းလင်းသိရှိနိုင်စေရန် ဖြေကြား ပေးစေလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခု မေးခွန်းကို မေးမြန်းသည့် သတင်းထောက် ကြီးအနေဖြင့် ကိုယ်တိုင်ဆင်းကတ် သွားရောက် ဝယ်ယူပြီးဖြစ်ပါသလားဟု မေးမြန်းလိုကြောင်း၊ မိမိအနေဖြင့် သတင်း ထောက်ကြီး သိသာစေရန်မေးမြန်းခြင်း ဖြစ်ကြောင်း၊ သတင်းထောက်ကြီးကို ဆန့်ကျင်၍ မေးမြန်းခြင်းမဟုတ်ကြောင်း၊ သတင်းထောက်ကြီးအနေဖြင့် ယခု ၂၀၀၀၀ တန်ဆင်းကတ်ကို သွားရောက်ဝယ်ယူပြီး ဖြစ်ပါသလားဟု ပြန်လည်မေးမြန်းသည်။
နေပြည်တော်တိုင်း အွန်လိုင်းသတင်း အေဂျင်စီမှ သတင်းထောက် ဦးမင်းမောင် က မိမိတွင် မှတ်ပုံတင်ပြီးသား ဆင်းကတ် ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်း ထောက်ကြီး အသုံးပြုရန်အတွက် နောက်ထပ် ဆင်းကတ်တစ်ကတ် လိုအပ် ပါသလား၊ သတင်းထောက်ကြီးတွင် လက်ရှိအသုံးပြုနေသည့် ဖုန်းမည်မျှရှိပါ သလဲ၊ ဆင်းကတ် မည်မျှအသုံးပြုနေပါ သလဲကို သိလိုကြောင်း၊ သတင်းထောက် တစ်ဦးဖြစ်သည့်အတွက် အနည်းဆုံးဖုန်း နှစ်လုံးနှင့် ဆင်းကတ်နှစ်ကတ်ရှိမည်ဟု မိမိထင်ကြောင်း မေးမြန်းသည်။
နေပြည်တော်တိုင်းအွန်လိုင်းသတင်း အေဂျင်စီမှ သတင်းထောက် ဦးမင်းမောင်က မိမိတွင် လက်ရှိအသုံးပြုနေသည့် ဖုန်း နှစ်လုံးနှင့် ဆင်းကတ်လေးကတ်ရှိပါ ကြောင်း ပြန်လည်ဖြေကြားသည်။
လုံခြုံရေးအခြေအနေကြောင့်ဖြစ်
ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိ ပေါ်လွင်အောင်ပြောချင်သည်မှာ အဆိုပါ ကိစ္စဖြစ်ကြောင်း၊ ယခုဆင်းကတ် တစ်ကတ်လျှင် ၂၀၀၀၀ ဆိုသည့်ဈေးနှုန်း သည် နောက်ထပ်ဝယ်ယူမည့် ဆင်းကတ် အတွက်ဖြစ်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံး တွင် လူဦးရေ သန်း ၅၀ နီးပါးရှိကြောင်း၊ ဆင်းကတ်အသုံးပြုသည့် လူဦးရေမှာ သန်း ၇၀ ရှိကြောင်း၊ ထို့ကြောင့် မြန်မာ တစ်နိုင်ငံလုံး၌ လူတစ်ဦးလျှင် အနည်းဆုံး ဆင်းကတ်တစ်ကတ် ပိုင်ပြီးဖြစ်ကြောင်း၊ သန်း ၅၀၊ ၅၄ သန်းဆိုရာတွင် မွေးကင်းစ အရွယ်အထိ ပါဝင်ကြောင်း၊ ထို့ကြောင့် နောက်ထပ်ဝယ်ယူမည့် ဆင်းကတ်များ အတွက်သာ ဈေးနှုန်း ၂၀၀၀၀ သတ်မှတ် ခြင်းဖြစ်ကြောင်း၊ ယခင်ဆင်းကတ်များ အတွက် မဟုတ်ပါကြောင်း၊ မည်သည့် အတွက်ကြောင့် ယခုလိုဈေးနှုန်းပြောင်းလဲ သတ်မှတ်ရသည်ကို ပြောရမည်ဆိုပါက နံပါတ်(၁)အနေဖြင့် လုံခြုံရေးအခြေအနေ ကြောင့်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံတွင် မှ မိမိတို့မြန်မာနိုင်ငံကဲ့သို့ ဆင်းကတ်အား လွတ်လွတ်လပ်လပ် ဝယ်ယူ၍မရကြောင်း၊ ယခုလက်ရှိတွင် Keypad ဖုန်းများ၊ ဆင်းကတ်များဖြင့် ဗုံးခွဲနေကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ကန့်သတ်လိုက်ခြင်း ဖြစ်ကြောင်း။
နောက်တစ်ချက်မှာ နိုင်ငံတကာ အခြေအနေကြောင့်ဖြစ်ကြောင်း၊ ယခု လက်ရှိနိုင်ငံတကာတွင် Sim Card Activation Test များကို လုပ်ဆောင်လျက် ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ပါကစ္စတန်၊ အီတလီ၊ တူရကီနိုင်ငံတို့တွင် လုပ်ဆောင်လျက်ရှိကြောင်း၊ ဆင်းကတ် များကို အလွယ်တကူဝယ်ယူ၍ တလွဲသုံး ခြင်းကြောင့် နိုင်ငံတော်တည်ငြိမ်ရေး၊ နိုင်ငံသားများ၏ လုံခြုံရေးထိခိုက်စေမှု စသည့် မလိုလားအပ်သည့်ကိစ္စများကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ဆင်းကတ်အသုံး ပြု၍ အဝေးထိန်းစနစ်ဖြင့် ဗုံးဖောက် ခွဲခြင်းများ ဆောင်ရွက်လာနိုင်သည့် အတွက် ပြည်သူလူထုကို ထိခိုက်လာနိုင် ကြောင်း၊ ထို့ကြောင့် ဆင်းကတ်ကို အသုံးပြု၍ ကျူးလွန်လာနိုင်သည့် ရာဇဝတ်မှုများကို ထိန်းချုပ်/ လျှော့ချနိုင် ရေးနှင့် ဥပဒေပြင်ပလုပ်ရပ်များကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဆင်းကတ်များကိုအသုံးပြု၍ အင်တာနက် အလွန်အကျွံသုံးစွဲခြင်းကြောင့် ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်မှုများကို လျှော့ချနိုင်စေရန် အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း။
ယခုလက်ရှိဖြစ်နေသည့် အခြေအနေ မှာ ဆင်းကတ်တစ်ကတ်ကို အလွယ်တကူ ဝယ်ယူ၍ မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ချိပြီးနောက် ဆင်းကတ်မှာ တန်ဖိုးမည်မျှမှ မရှိသည့်အတွက် အလွယ် တကူချိုးဖဲ့ပြီး လွှင့်ပစ်လိုက်ကြောင်း၊ ထိုကဲ့သို့သော အခြေအနေများအတွက် မိမိတို့က ထိန်းချုပ်လိုက်ခြင်း ဖြစ်ကြောင်း၊ အခြားပြည်သူလူထုကို ဖိနှိပ်ရန်၊ ပြည်သူ လူထုအကျပ်အတည်းဖြစ်စေရန် ရည်ရွယ် ပြီး လုပ်ဆောင်ခြင်းမဟုတ်ကြောင်း၊ အင်တာနက် အခွန်အကောက်များနှင့် ပတ်သက်၍ ပြောရမည်ဆိုပါက အများ ပြည်သူနှင့် ဆက်ဆံနေရသည့် ကျန်းမာ ရေး၊ ပညာရေးကဏ္ဍများနှင့် ပတ်သက်ပြီး ပြန်လည် စဉ်းစားပေးသွားမည်ဖြစ် ကြောင်း၊ မိမိအနေဖြင့် ဤမျှသာဖြေကြား လိုကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်ကိုလည်း ဖိတ်ကြားထားပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဖြည့်စွက်ဖြေကြားလိုသည်များ ရှိပါက ဖြေကြားပေးစေလိုကြောင်း ပြန်လည်ဖြေကြားသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ဗိုလ်ချုပ် ဇော်မင်းထွန်းဖြေကြားသွားသည်မှာ ပြည့်စုံ ပါကြောင်း၊ မိမိအနေဖြင့် သီးခြားဖြည့်စွက် ဖြေကြားရန် မရှိပါကြောင်းဖြေကြားသည်။
နေပြည်တော်တိုင်းအွန်လိုင်းသတင်း အေဂျင်စီမှ သတင်းထောက် ဦးမင်းမောင် က ဒုတိယမေးခွန်းအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသည့် တိုင်းရင်းသားလက်နက် ကိုင် EAOs အဖွဲ့များနှင့်ပတ်သက်ပြီး မေးမြန်းလိုပါကြောင်း၊ သမ္မတကြီး ဦးသိန်းစိန်လက်ထက်တွင် EAOs အဖွဲ့ ရှစ်ဖွဲ့ကို NCA လက်မှတ်ရေးထိုးပြီး တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့ပါ ကြောင်း၊ ယခုလက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် EAOs အဖွဲ့များ အားလုံးပူးပေါင်း၍ NCA လက်မှတ်ရေးထိုး နိုင်ရန် အစီအစဉ်များ ရေးဆွဲလျက်ရှိ သည်ဟု သိရကြောင်း၊ ထိုအစီအစဉ်များကို မည်သည့်အခြေအနေ၊ မည်သည့်အချိန် အခါတွင် NCA လမ်းကြောင်းကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ကို သိလိုကြောင်းမေးမြန်းသည်။
အစိုးရအဆက်ဆက်ကလည်း အမြန်ဆုံးဖြစ်မြောက်စေလို
ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိတို့ အနေဖြင့် အဆိုပါကိစ္စကို အမြန်ဆုံး ဖြစ်မြောက်စေလိုကြောင်း၊ မိမိတို့သာ မကဘဲ ငြိမ်းချမ်းရေးနှင့်ပတ်သက်လျှင် အစိုးရအဆက်ဆက်ကလည်း အမြန်ဆုံးဖြစ်မြောက်စေလိုကြောင်း၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ လက်ထက်တုန်းကလည်း အတူတူပင်ဖြစ် ကြောင်း၊ ထို့နောက် တပ်မတော်အစိုးရ လက်ထက်နှင့် သမ္မတကြီးဦးသိန်းစိန်အစိုးရ လက်ထက်တို့တွင်လည်း အတူတူပင်ဖြစ် ကြောင်း၊ NLD အစိုးရလက်ထက်တွင် လည်း အတူတူပင်ဖြစ်လိမ့်မည်ဖြစ် ကြောင်း၊ အစိုးရများအနေဖြင့် အမြန်ဆုံးဖြစ်စေချင်ကြမည်ဖြစ်ကြောင်း၊ သို့သော် ဆွေးနွေးညှိနှိုင်းရာတွင် ဘက်နှစ်ဖက်ရှိ ပါကြောင်း၊ EAOs အဖွဲ့များတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးစကပင် အမြစ် တွယ်လာသည့် အဖွဲ့များရှိသကဲ့သို့ နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင် ပေါ်လာသည့်အဖွဲ့များ လည်းရှိကြောင်း၊ အနီးစပ်ဆုံးအဖွဲ့များမှာ ၂၀၁၁ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် TNLA၊ AA နှင့် MNDAA ဟူသည့် အဖွဲ့ သုံးဖွဲ့ဖြစ် ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပေါ်ပေါက်လာခဲ့သည့် အဖွဲ့များလည်းရှိပါ ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် များနှင့်ပတ်သက်၍ ပြောရမည်ဆိုပါက ၎င်းတို့၏အမှတ်အသားသရုပ်နှင့် ၎င်းတို့ ၏အခွင့်အရေး၊ တိုင်းရင်းသားအရေးများ နှင့်ပတ်သက်ပြီး ၎င်းတို့အများစုက ရပ်တည်ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စများမှာ အချိန်တိုအတွင်း ဖြေရှင်းနိုင်မည့်ကိစ္စများ မဟုတ်ကြောင်း။
၂၀၁၅ ခုနှစ်တွင် NCA လက်မှတ် ရေးထိုးနိုင်ခဲ့သည့်ကိစ္စကိုလည်း မိမိ အစောပိုင်းက ပြောခဲ့ကြောင်း၊ ထိုသို့ NCA လက်မှတ်ရေးထိုးနိုင်ရန်အတွက် ယခင်က ကြိုတင်ဆောင်ရွက်ခဲ့ရသည့် အခင်း အကျင်းများမှာ နှစ်ပေါင်းများစွာကြာမြင့် ပါကြောင်း၊ အဆိုပါအခင်းအကျင်းများကို တပ်မတော်အစိုးရ လက်ထက်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်ဟု ပြော၍ရ ကြောင်း၊ တပ်မတော်အစိုးရလက်ထက် ကတည်းကပင် Bilateral ထိုးခြင်းများ ရှိသကဲ့သို့ Gentlemen’s Agreement များနှင့် အစည်းအဝေးများလည်း အကြိမ်ကြိမ်လုပ်ခဲ့ရကြောင်း၊ ယုံကြည်မှု များ အကြိမ်ကြိမ်တည်ဆောက်ခဲ့ရ ကြောင်း၊ မိမိတို့အနေဖြင့် ယခုအချိန်တွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင် သည့် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှု အဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှ ဒီဇင်ဘာ ၂၀ ရက်နေ့ကျော် အထိ တွေ့ဆုံဆွေးနွေးခဲ့သည့်ကိစ္စများ ကိုလည်း အစောပိုင်းက မိမိပြောကြားခဲ့ ကြောင်း၊ NCA လက်မှတ်ထိုးပြီးအဖွဲ့များ နှင့် အကြိမ်မည်မျှတွေ့ဆုံခဲ့သည်၊ NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့်အဖွဲ့ များနှင့် အကြိမ်မည်မျှတွေ့ဆုံခဲ့သည်၊ နိုင်ငံရေးပါတီများနှင့် အကြိမ်မည်မျှ တွေ့ဆုံခဲ့သည် စသည့်အချက်များပါဝင် ကြောင်း၊ ဆက်လက်ပြီးလည်း တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် တစ်ဦး နှင့်တစ်ဦးယုံကြည်မှု တည်ဆောက်ပြီး နားလည်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့နောက် ပထမအဆင့်များဖြစ်သည့် Bilateral ကိစ္စများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကိစ္စများ၊ Gentlemen’s Agreement ကိစ္စများ ဆက်လက် ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊
L စာမျက်နှာ ၁၁ မှ
၂၀၂၂ ခုနှစ်အတွင်း ခြေလှမ်းတစ်လှမ်း လှမ်းနိုင်လိမ့်မည်ဟု မိမိပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar Public Press သတင်း ဌာနမှ သတင်းထောက်အယ်ဒီတာ မိုးသောက်ပန်းက အိမ်ခြေရာခြေမဲ့၊ အိုးမဲ့၊ အိမ်မဲ့ပြဿနာများကို မေးမြန်းလို ကြောင်း၊ မိမိတို့တိုင်းပြည်တွင် တက်လာ သည့်အစိုးရအားလုံးသည် တိုင်းပြည်၏ အမိ၊အဖ ဖြစ်ကြောင်း၊ ပြည်သူပြည်သား များသည် သားသမီးနေရာတွင်ရှိကြောင်း၊ အဆိုပါ ပြည်သူ ပြည်သားများအနက် အချို့မှာ သဘာဝဘေးအန္တရာယ်အမျိုး မျိုးနှင့် အကြောင်းအမျိုးမျိုးကြောင့် ခိုကိုး ရာမဲ့ အိမ်ရာမဲ့ဘဝကို ရောက်ရှိနေကြ ကြောင်း၊ နိုင်ငံတော်အစိုးရအဆက်ဆက် အနေဖြင့် ဥပဒေနှင့်အညီ သင့်တော်ရာ တွင် စဉ်ဆက်မပြတ်နေရာချထားပေးရန် လိုအပ်ပါကြောင်း၊ တာဝန်လည်းရှိပါ ကြောင်း၊ သို့သော် အချိန်နှင့်တစ်ပြေးညီ မဆောင်ရွက်နိုင်ခဲ့ကြသည့်အတွက် အိမ်ရာ မဲ့များ၏ ဘဝပြဿနာမှာ တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာပါကြောင်း၊ ဥပမာ အနေဖြင့် ပဲခူးတိုင်းဒေသကြီး ဥဿာ မြို့သစ် ရပ်ကွက်ကြီး (၈) ၌ ယခုဇန်နဝါရီ ၂၀ ရက်တွင် ဖယ်ပေးရမည်ဟု ဖိအား အမျိုးမျိုးဖြင့် လာရောက်၍ဖျက်ပေးရန် ပြောလာခဲ့သဖြင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြင့် ကြီးစွာသောကရောက်နေကြရပါ ကြောင်း၊ အဆိုပါရပ်ကွက်ကဲ့သို့ အခြေ အနေမျိုးကို နိုင်ငံအနှံ့တွင် ရှင်း၍မကုန်နိုင် အောင်ပင် ပြဿနာများရှိနေပါကြောင်း၊ ထို့ကြောင့်မိမိတို့နိုင်ငံတွင် လူမျိုးခြား အချို့ပင် မြေယာဧက ရာနှင့်ချီကို ဝယ်၍ ဖြစ်စေ၊ ငှားရမ်း၍ဖြစ်စေ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေကြသော်လည်း မြန်မာနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင် ထားသည့် မိမိတို့၏ မြန်မာနိုင်ငံသား စစ်စစ်များမှာ မိမိတို့နိုင်ငံအတွင်း၌ပင် ကျူးကျော်အဖြစ်ဖြင့် နေထိုင်စရာနေရာ မရှိဘဲ ခိုကိုးရာမဲ့ဖြစ်နေသည်မှာ အင်မတန် ဝမ်းနည်းဖွယ်ရာကောင်းပါကြောင်း၊ ထို့ ကြောင့် တိုင်းပြည်၏မိဘသဖွယ်ဖြစ်သည့် တိုင်းပြည်အစိုးရအနေဖြင့် သားသမီးများ သဖွယ်ဖြစ်သည့် ခိုကိုးရာမဲ့အိမ်ရာမဲ့များ ကို စာနာသနားသောအားဖြင့်၊ ညှာတာ သောအားဖြင့် စိုသောလက် ကိုမခြောက်ပါ စေဘဲ ၎င်းတို့၏ဘဝလေးများ မပျက်စီး စေရန် ပေးသင့်ပေးထိုက်သည့် တစ်နိုင်ငံလုံး တွင်ရှိသည့် အိုးမဲ့အိမ်မဲ့များကိုယ်စား အသနားခံမေတ္တာရပ်ခံတင်ပြရင်းဖြင့် ၎င်း တို့အတွက် တစ်စုံတစ်ရာဆောင်ရွက်ပေး နိုင်ရန် ရှိ၊ မရှိ သိလိုကြောင်းမေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါ အိုးမဲ့အိမ်မဲ့များနှင့်ပတ်သက်၍ ပြောရ မည်ဆိုပါက သက်ဆိုင်ရာဝန်ထမ်းအိမ်ရာ များ၊ သက်ဆိုင်ရာ အငှားအိမ်ရာများကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများက ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လုံလောက်မှုမရှိသည်မှာလည်း မှန်ကန်ပါကြောင်း၊ ထို့အပြင်၎င်းတို့ ဆောင်ရွက်နေသည့် ကိစ္စများမှာလည်း သတင်းထောက်ကြီးပြောခဲ့သည့် အခြေခံ လူတန်းစားများအတွက် လက်လှမ်းမမီ နိုင်သည့်ကိစ္စများဖြစ်သည်ကိုလည်း မိမိ အနေဖြင့်လည်း သိရှိပါကြောင်း၊ အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး ဖြစ်ပျက်နေ သည့် အခြေအနေများကို မိမိတို့အနေဖြင့် တွေ့ရှိချက်များကို တင်ပြပေးသွားမည်ဖြစ် ကြောင်း၊ လုပ်နိုင်သည့်လုပ်ငန်းတစ်ခု ပေါ်ပေါက်လာစေရန်အတွက် မိမိတို့ ဆောင်ရွက်ပေးမည်ဟု ပြောလိုကြောင်း၊ အားလုံးမှာ မိမိတို့ နိုင်ငံသူ နိုင်ငံသားများ သာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသူ နိုင်ငံသား များသာဖြစ်သည့်အတွက် မိမိတို့တွင် ၎င်းတို့အတွက် ပြုလုပ်ပေးရမည့် တာဝန်ရှိပါကြောင်း၊ ဆောင်ရွက်ပေးနိုင် ရန်လုပ်ပေးမည်ဟု ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)