၁၄-၁-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။ 

(ယမန်နေ့မှအဆက်)
အထူးဟစ်တိုင်သတင်းမီဒီယာမှ       တာဝန်ခံအယ်ဒီတာ ဦးအောင်ကျော်ဦးက မြို့နယ်များတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ စာရင်းပြုစုခြင်း၊ ကော်မတီဖွဲ့စည်းခြင်းတို့   လုပ်ဆောင်နေသည်ဟု ကြားသိရကြောင်း၊    အဆိုပါကိစ္စနှင့်ပတ်သက်၍   ၂၀၂၃    ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲပြုလုပ်မည်ဟုလည်း ကြားသိရကြောင်း၊ ယင်းကိစ္စကို အတည်ပြုနိုင်ခြင်း ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
ရွေးကောက်ပွဲကျင်းပပေးမည်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မဲစာရင်းများပြုစုနေခြင်းနှင့်ပတ်သက်၍ မိမိအနေဖြင့် တင်ပြပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ်(၅)အရ ရွေးကောက်ပွဲပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက ရွေးကောက်ပွဲ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲပြုလုပ်ရာတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် အားနည်း ချက်များ၊ ပြဿနာများ၊ အခက်အခဲများကို သုံးသပ်ပြီး မဲစာရင်းနှင့် ပတ်သက်၍ မှန်ကန်ပြည့်စုံစေရန် ဆောင်ရွက်သည့်အနေဖြင့် မဲစာရင်း များကို ပြန်လည်သုံးသပ်ပြီး ယခင်မဲစာရင်းများမှ မှားယွင်းသည်များကို ပယ်ဖျက်၍  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့   ပူးပေါင်းလုပ်ဆောင်နေ သည်မှာ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ ယခုဇန်နဝါရီလ ကုန်ခန့်တွင် First Round ပြီးမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်မဲစာရင်း များထက် ပိုမိုပြည့်စုံမှန်ကန်စွာဖြစ်စေရေး  စိစစ်ခြင်းများ  ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အလားတူ လုပ်ငန်းစဉ်(၁)အရ ဆောင်ရွက်စရာရှိသည်များကို  ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ယင်းကိစ္စ များပြီးဆုံးပါက နောက်ရွေးကောက်ပွဲကျင်းပရာတွင် ကော်မရှင်အဖွဲ့ခွဲ ကို အများယုံကြည်သူ ပုဂ္ဂိုလ်များပါဝင်သည့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသစ်များ ဖွဲ့စည်းရမည်ဖြစ်ခြင်းကြောင့် ဖွဲ့စည်းနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်မှုများပြုလုပ်နေကြောင်း၊ ယခုတင်ပြမှုများသည် ကြိုတင်ဆောင်ရွက်နေသည့် လုပ်ငန်းများဖြစ်ကြောင်း၊ လိုအပ်သည့် အချက်အလက်များ၊  ဝန်ထမ်းပိုင်းဆိုင်ရာနှင့် အခြေခံအဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်းများ       ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကို    မည်သည့်အချိန်တွင်     ပြုလုပ်မည်ဆိုသည်နှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁)အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များရှိကြောင်း၊ အဆိုပါအထဲမှ ဥပဒေပုဒ်မ(၄၂၅၊ ၄၂၆၊ ၄၂၉)တို့တွင် ဖတ်မည်ဆိုပါက တွေ့ရှိမည်ဖြစ်ကြောင်း၊ အလား တူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ်(၅)အရ အရေး ပေါ်ကာလဆိုင်ရာ   ပြဋ္ဌာန်းချက်များနှင့်အညီ  ဆောင်ရွက်ပြီးပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ   လွတ်လပ်ပြီး   တရားမျှတ သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးမည် ဖြစ်ကြောင်း၊  ထို့အတွက်လည်း   လိုအပ်သည်များ  ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar National Post   သတင်းဌာနမှ  အယ်ဒီတာချုပ် နောင်တော်လေး  က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပါတီ များကို စစ်ဆေးထားသည့် စာရင်းများ ထုတ်ပြန်ထားရာတွင် NLD ပါတီထုတ်ပြန်ထားသည်ကို မတွေ့ရှိရသေးကြောင်း၊ NLD ပါတီမှ အစစ်ဆေးမခံခြင်းလား၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သွားရောက်မစစ်ဆေးခြင်းလားဆိုသည်ကို ကနဦးမေးလိုကြောင်း၊ အကြမ်းဖက် NUG ၊ CRPH ၊ ၊ PDF များနှင့် NLD တို့၏ ဆက်စပ်မှုကို UEC  အနေဖြင့်   မည်သို့တွေ့ရှိရသည်ကို   သိလိုကြောင်း  မေးမြန်း သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မိမိတို့အနေဖြင့်   ဒီဇင်ဘာလအထိ  နိုင်ငံရေးပါတီ  ၅၁  ပါတီအား စစ်ဆေးပြီးဖြစ်ကြောင်းကိုလည်း  မိမိအနေဖြင့်  ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ကြောင်း၊ စစ်ဆေးရန် ၄၂ ပါတီ ကျန်ရှိကြောင်း၊ မိမိတို့စတင် စစ်ဆေးစဉ်က    နိုင်ငံရေးပါတီ  ၉၃  ပါတီရှိသည့်အနက်  ၅၁  ပါတီ စစ်ဆေးပြီးဖြစ်၍   ၄၂   ပါတီ  ကျန်ရှိနေခြင်းဖြစ်ကြောင်း၊     အဆိုပါ ပါတီများအနက်    ပါတီတစ်ပါတီမှာ   ပယ်ဖျက်ခွင့်(ရုပ်သိမ်းခွင့်) တောင်းဆိုခဲ့သည့်အတွက် ဖျက်သိမ်းခဲ့ကြောင်း၊ ၎င်းတို့၏ တင်ပြချက် အရ ပါတီမှတ်ပုံတင်ခြင်းမှ  ပယ်ဖျက်ခြင်းကိုလည်း    မိမိတို့အနေဖြင့် ကြေညာပြီးဖြစ်ကြောင်း၊ စစ်ဆေးရန်အတွက် နိုင်ငံရေးပါတီ ၄၂ ပါတီ ကျန်ရှိသေးပါကြောင်း၊ အဆိုပါအထဲတွင် NLD ပါတီလည်း ကျန်သေး ပါကြောင်း၊ မိမိတို့ကော်မရှင်၏ အစီအစဉ်အရ နိုင်ငံရေးပါတီများကို ပါတီအကြီး/ အသေးမျှ၍ စစ်ဆေးလျက်ရှိပါကြောင်း၊ NLD ပါတီကိုမူ မစစ်ဆေးရသေးကြောင်း၊ သတ်မှတ်ချက်များနှင့်အညီ ပါတီအားလုံးကို စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ပါတီအားလုံးကို မစစ်ဆေးရသေးသဖြင့် ပါတီများနှင့်ပတ်သက်သည့် စာရင်းဇယား၊ အချက်အလက် အသေး စိတ်ကို အတည်ပြုပြီး တွေ့ရှိရသည့်အနေအထားမျိုး မိမိတို့ မဆောင် ရွက်ရသေးကြောင်း၊ မိမိတို့ထုတ်ပြန်သည့် သတင်းအချက်အလက်များ၊ နိုင်ငံတော်မှ   ထုတ်ပြန်ထားသည့်အချက်များကို    အားလုံးအသိပင် ဖြစ်ကြောင်း၊ မိမိတို့ ကော်မရှင်က စစ်ဆေးစိစစ်ပြီးမှသာ တိတိကျကျ သိရှိရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ငြိမ်းချမ်းရေး ကိစ္စနှင့် ပတ်သက်သည်ဆိုသော်လည်း နိုင်ငံရေးပါတီ အစုအဖွဲ့အတွင်း မှ ဖြစ်နေသည့်အတွက်  UEC  အနေဖြင့်  နိုင်ငံရေးပါတီအပိုင်းတွင် လုပ်ငန်းကြန့်ကြာနေသည့်ကိစ္စများကို မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက် ပေးနိုင်မည်ကို   မေးမြန်းလိုပါကြောင်း၊  ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)၊   နိုင်ငံရေးပါတီများ    အစုအဖွဲ့ အမြဲတမ်းကော်မတီတွင် ၁၆ ပါတီရှိသည့်အနက် လုပ်ငန်းလုပ်ဆောင် နိုင်သည့် အခြေအနေမရှိသေးဟု သိရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌကြီးက ပြောထားသကဲ့သို့ အစောပိုင်းက ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်လျှင် ယခုနှစ်က ငြိမ်းချမ်းရေးဖော်ဆောင်မည့်နှစ်ဟု   ပြောခဲ့ပါကြောင်း၊  ထို့ကြောင့် ၎င်း၏သက်တမ်းမှာ ၄ လသာရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ၁၁ လပိုင်းတွင်    အဆိုပါကော်မတီကို    စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ထိုကော်မတီ၏ သက်တမ်း ၄ လအနက် ၂ လခန့်မှာ အလုပ်မလုပ် ဖြစ်ဘဲ  သက်တမ်းကုန်သည့်  သဘောဖြစ်နေကြောင်း၊   ထို့ကြောင့် UEC အနေဖြင့် နိုင်ငံရေးပါတီများ၏ကိစ္စကို အဓိကလုပ်ဆောင်နေသဖြင့် ငြိမ်းချမ်းရေးကော်မရှင်နှင့်ချိတ်ဆက်၍ ငြိမ်းချမ်းရေး လုပ်ငန်းများ ဖော်ဆောင်ရာတွင် အကူအညီတောင်းခံလာခဲ့မည်ဆိုပါက  ကြားဝင် ပေါင်းစပ်ညှိနှိုင်းပေးသည့်သဘောဖြစ်စေ  ဆောင်ရွက်၍   ရနိုင်မည့် အခြေအနေ ရှိ/မရှိ  သိလိုကြောင်း မေးမြန်းသည်။
ပူးပေါင်းဆောင်ရွက်သွားမည်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံတော်မှ    လုပ်ဆောင်နေသည့်   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ နိုင်ငံရေးပါတီများလည်း ပါဝင်ဆောင်ရွက်နေကြောင်း၊ ယခင်ကလည်း   ပါဝင်ဆောင်ရွက်နေသကဲ့သို့   လက်ရှိတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊      အဆိုပါ  လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည့်    အဖွဲ့အစည်းများနှင့်   နိုင်ငံရေးပါတီများ တိုက်ရိုက်ဆောင်ရွက်သည့် အနေအထားမျိုးရှိကြောင်း၊  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ယင်းကိစ္စနှင့်ပတ်သက်ပြီး အကြောင်း ကြားခြင်းမရှိသေးကြောင်း၊   သို့သော်   လိုအပ်ပါက  လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း      ပြန်လည်ဖြေကြား သည်။
တဲ့ပြောအွန်လိုင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက ၂၀၂၀ ရွေးကောက်ပွဲကာလ၌ မိမိမှာ ဘားအံအကျဉ်းထောင်ထဲတွင် အကျဉ်း ကျရောက်နေသဖြင့် ရွေးကောက်ပွဲအား သတင်းစာမှစောင့်ကြည့်နေခဲ့ကြောင်း၊ ယင်းသို့စောင့်ကြည့်နေစဉ် ကြိုတင်မဲနှင့်ပတ်သက်၍ ပြောလိုကြောင်း၊ ယနေ့  UEC မှ စာအုပ်ကို  ဖတ်ကြည့်ရာတွင်   မိမိ ထင်မှတ်ထားသည်နှင့်    တစ်ထပ်တည်းဖြစ်နေသည်ကို   တွေ့ခဲ့ရ ကြောင်း၊ မိမိက တိုက်ထဲတွင်နေရသည့်အတွက် ကိုဗစ်ကာလတွင် မိမိတို့တိုက်၏ အခန်း ၅ ခန်းကို                
ကိုဗစ်အတွက် အချုပ်သားများ လာထားပါကြောင်း၊   ထားသည့်အခါ   ကြိုတင်မဲပေးရပါကြောင်း၊ ကြိုတင်မဲပေးရာတွင် ကရင်ပြည်နယ်တွင် ဗမာ၊ မွန်၊ ပအိုဝ်းဆိုပါက မဲလေးမဲပေးရပြီး အခြားတိုင်းရင်းသားများ သည် မဲသုံးမဲသာပေးရကြောင်း၊ သို့သော်  အကျဉ်းထောင်အထဲမှ    အချုပ်သားများသည်  မဲတစ်မဲစီသာပေးကြရသည်ဆိုပြီး  မိမိအား လာရောက်ပြောသူများရှိကြောင်း၊    ယင်းကိစ္စနှင့်    ပတ်သက်၍ ရွေးကောက်ပွဲသည် တစ်ခုခုဖြစ်နိုင်ခြေရှိလိမ့်မည်ဟု မိမိပြောခဲ့ ကြောင်း၊ အမှန်တကယ်လည်း ဖြစ်ပွားခဲ့ကြောင်း၊ ထိုဖြစ်စဉ်များ ကြောင့် တရားစွဲဆိုမှုများလည်း ရှိခဲ့ကြောင်း၊    ယခင်သတင်းစာရှင်းလင်း ပွဲတွင်   ဦးခင်မောင်ဦးက သဘောရိုးနှင့်ဆိုပါက တရားမစွဲပါဟု ပြောဆိုခဲ့ခြင်းများလည်း ရှိခဲ့ပါကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးဟု ဆိုခဲ့သော်လည်း မိမိတို့နိုင်ငံတွင်  ပဋိပက္ခများ  များပြားနေခြင်း ကြောင့်  အမျိုးသားပြန်လည်သင့်မြတ်ရေး ကို   မီဒီယာအခန်းကဏ္ဍအနေဖြင့်   ပြောရမည်ဆိုပါက   မိမိသည် နယ်စည်းမခြားသတင်းထောက်များအသင်းတွင် လုပ်ခဲ့ဖူးခြင်းကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖြစ်စေလိုကြောင်း။
အမျိုးသားပြန်လည်သင့်မြတ်ရေး
တချို့ မဲနှစ်မဲထည့်ခြင်း၊ သုံးမဲထည့်ခြင်းရှိကြောင်း၊  မရိုးသားသည့် နည်းဖြင့် တရားစွဲခြင်းဟု မဆိုလိုကြောင်း၊ သို့သော် မရိုးဖြောင့်ခြင်း တော့ ပေါ်လွင်ကြောင်း၊ ပျောက်ဆုံးနေသည့် မဲများကိုလည်း သက်ဆိုင် ရာကော်မရှင်က အဘယ့်ကြောင့် ခွင့်ပြုထားသည်ကို သိလိုကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင်  သဘောရိုးဖြင့်  လုပ်ရင်းကိုင်ရင်းနှင့် ရပ်/ကျေးကော်မရှင်များအနေဖြင့်     လစာလည်းမရရှိကြောင်း၊    အချို့ တိုင်ကြားသူများအနေဖြင့် တစ်နှစ်ကျော်ကြာမှ တိုင်ကြားလာမှုများ ရှိကြောင်း၊ အမှန်တကယ်အားဖြင့် ရပ်/ကျေးကော်မရှင်မှ လုပ်နည်း ကိုင်နည်းမှားခဲ့လျှင် မြို့နယ်ကော်မရှင်၊ ခရိုင်ကော်မရှင်၊  ပြည်နယ် ကော်မရှင်    အဆင့်ဆင့်တက်ရမည်ဖြစ်ကြောင်း၊     ပါတီကသော် လည်းကောင်း၊  လွှတ်တော်ကိုယ်စားလှယ်ကသော်လည်းကောင်း၊ လူတစ်ဦးချင်းကသော်လည်းကောင်း    တက်ရမည်ဖြစ်ကြောင်း၊ ထိုသို့တက်ထားခြင်းမရှိဘဲ  ယခုအချိန်မှ   ဘားအံမြို့၊  အမှတ်(၇)ရပ်ကွက်၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌကို ခရိုင်ကော်မရှင်ဦးစီး အရာရှိမှ တရားစွဲခဲ့ကြောင်း၊ ထိုသို့တရားစွဲခြင်းသည် ၎င်းခရိုင်ဦးစီး အရာရှိထံ   တိုင်ကြားခြင်းကြောင့်  တရားစွဲဆိုခြင်းလားဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်နေကြောင်း၊  ထို့ကြောင့်  အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်  မီဒီယာအခန်းကဏ္ဍမှ  သွားစေလိုကြောင်း၊ အချို့အရာများကို ဖြေလျှော့ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ၂၀၂၀    ပြည့်နှစ်   အထွေထွေရွေးကောက်ပွဲတွင်    မဲမသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများစသည့် ပြဿနာများ ဖြစ်ပွားခဲ့မှုအပေါ် အရေးယူဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ မိမိအနေဖြင့် ရှင်းလင်းပြောကြားခဲ့ ပြီးဖြစ်ကြောင်း၊ မိမိတို့ကော်မရှင်ထံသို့ အလားတူ တရားမဲ့ပြုကျင့်သည့် ဖြစ်စဉ်များ၊ မဲမသမာမှုဖြစ်စဉ်များတင်ပြခဲ့ပါက အထောက်အထား စသည့် မှတ်တမ်းများရှိမည်ဖြစ်ကြောင်း၊ အလားတူ ကန့်ကွက်လွှာများ တင်ပြခဲ့ပါကလည်း   အထောက်အထားနှင့်   မှတ်တမ်းမှတ်ရာများ ရှိကြောင်း၊ အဆိုပါကိစ္စများနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင်    ဖြစ်ခဲ့သည့်ပြဿနာများကို     နောင်လာမည့် ရွေးကောက်ပွဲများတွင် ထိုသို့သော ပြဿနာများမဖြစ်စေရန်၊ ပြည်သူ လူထုများလည်း သိရှိစေရန်၊ ထိုအနေအထားဖြင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲသည် ကျင်းပပြီးခဲ့သည့် ၂၀၁၀ ၊ ၂၀၁၅ ရွေးကောက်ပွဲ၊ ကြားဖြတ်ရွေးကောက်ပွဲများနှင့် မတူညီကြောင်း၊ ပြဿနာများလည်း များစွာဖြစ်ခဲ့ပြီး လက်ရှိအခြေအနေအထိ ရောက်ခဲ့ရသည့်အနေအထား ကြောင့်  မိမိတို့ကော်မရှင်အနေဖြင့် ယင်းသို့ဖြစ်စဉ်များ ထပ်မံမဖြစ် ပွားရန်အတွက်    ပြဿနာများကျူးလွန်မှုနှင့်ပတ်သက်ပြီး   စိစစ် ဖော်ထုတ်အရေးယူမှုများရှိကြောင်း၊ သို့သော် မိမိရှင်းလင်းတင်ပြခဲ့ သလို စွပ်စွဲခံရသူများသည် ဥပဒေနှင့်အညီ ခုခံချေပနိုင်ခွင့်ရှိကြောင်း၊ ထိုသို့ခုခံချေပရာတွင် မိမိသည် သဘောရိုးအရဆောင်ရွက်ပြီး မှန်မှန် ကန်ကန်ဆောင်ရွက်ရာမှ     မှားယွင်းမှုများ      ဖြစ်ပွားသည်ဆိုပါက သက်ဆိုင်ရာ    တရားရေးအဖွဲ့အစည်းများမှ    ဥပဒေနှင့်အညီသာ စီရင်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
နိုင်ငံ့အကျိုးပြုသတင်းမီဒီယာမှ သတင်းအယ်ဒီတာ ကိုခန့်က လွှတ်တော်သုံးရပ်တွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည်   တိုင်းပြုပြည်ပြု    ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်လောင်းများ  အရည်အချင်း သတ်မှတ်ချက်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့မဟုတ် ပါတီ၊ မည်သည့်အဖွဲ့အစည်းက သတ်မှတ်ပေးသည်ကို သိလိုကြောင်း မေးမြန်းသည်။
သတ်မှတ်ချက်နှင့် ညီ/ မညီ စိစစ်ရမည်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ကိုယ်စားလှယ်လောင်း၏   အရည်အချင်းနှင့်ပတ်သက်၍    နှစ်ပိုင်း ရှိကြောင်း၊ တစ်ပိုင်းမှာ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရာတွင်  ရွေးကောက်ပွဲကော်မရှင်သို့   အရင် တင်သွင်းရမည်ဖြစ်ကြောင်း၊  ထိုသို့တင်သွင်းရာ၌   ကော်မရှင်မှ ကိုယ်စားလှယ်လောင်းတွင် ရွေးကောက်ခံပိုင်ခွင့်အရ ပြည့်စုံရမည့် အချက်အလက်များနှင့်ကိုက်ညီမှု  ရှိ/မရှိ မိမိတို့ကော်မရှင်မှ  စိစစ် ရမည်ဖြစ်ကြောင်း၊ ကိုက်ညီမှုရှိရန်လိုကြောင်း၊ မကိုက်ညီပါက ဥပဒေ ကြောင်းအရ   သွားရမည်ဖြစ်ကြောင်း၊  ထိုသို့တင်သွင်းရန်    ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များအတွက်  ပါတီအနေဖြင့် မိမိပါတီ၏အစီအစဉ်ဖြင့် ရွေးချယ်ရမည်ဖြစ်ကြောင်း၊ ပါတီအပိုင်းက ရွေးချယ်ပြီး   ကော်မရှင်ကို   တင်ပြရမည်ဖြစ်ကြောင်း၊   ကော်မရှင်မှ ကိုယ်စားလှယ်လောင်းများအား သတ်မှတ်ချက်နှင့် ညီ/ မညီ စိစစ်ရ မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
လူထုရင်ဖွင့်သံ သတင်းမီဒီယာမှ အယ်ဒီတာ ဦးမင်းဂေါင်က ဗိုလ်ချုပ်ဇော်မင်းထွန်း  ရှင်းပြသွားသည့်အထဲတွင် (NDAA) အင်ဒို-ပစိဖိတ်ကိစ္စအတွက် အမေရိကန် ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံအထိ သုံးမည်ဟု ကြားသိခဲ့ရကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပြီးခဲ့သည့်သာဓကများလည်း ရှိခဲ့ခြင်းကြောင့် နိုင်ငံရေးတွင် မိမိတို့မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဝင်ရောက်စွက်ဖက် လာမည့်အန္တရာယ်များလည်း  ရှိလာနိုင်မည်ဟု  နိုင်ငံရေးသမားများ လည်း လေ့လာသိရှိပြီးဖြစ်ကြောင်း၊ ထိုအခြေအနေတွင် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် အမှန်တကယ် ခိုင်ခိုင်မာမာရှိသည့် ပါတီကောင်းများ  မြောက်မြားစွာ  ပေါ်ထွက်လာရန် လိုအပ်ကြောင်း၊ ပါတီများအနေဖြင့် မိမိတို့၏ အမျိုးသားအကျိုးစီးပွားကောင်းရန်ဟူ၍ မူဝါဒများနှင့်တည်ထောင်ပြီး တင်ပြနေသည်များရှိကြောင်း၊ သို့သော်လည်း လက်တွေ့မြေပြင်တွင် ပြီးခဲ့သည့်အနေအထားများအရ မိမိတို့နိုင်ငံ၏ အကျိုးစီးပွားအတွက်  စိုးရိမ်ဖွယ်ရာများ   တွေ့လာရ ကြောင်း၊ ထို့ကြောင့်    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အဆိုပါ ပါတီများ၊ နိုင်ငံရေးကိုယ်စားလှယ်များ ကဲ့သို့ မိမိတို့နိုင်ငံ ၏ အမျိုးသားအကျိုးစီးပွားအပေါ် ခိုင်ခိုင်မာမာရှိမည့် ပါတီကောင်း များ၊ လွှတ်တော်ကိုယ်စားလှယ်ကောင်းများ ဖြစ်စေရန် လေ့ကျင့် ပျိုးထောင်ရန်  အစီအစဉ်များ၊ သို့မဟုတ် NDAA ကဲ့သို့ နောက်ကွယ်မှ စွက်ဖက်လာမည့်အန္တရာယ်များ၊ ၂၀၂၂ ဘတ်ဂျက်အတွက် အန္တရာယ် ကြီးမားစွာရှိလာနိုင်ကြောင်း၊ ထိုအနေအထားတွင် ရရှိသည့်ကာလ အတွင်း     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့်   ယင်းကိစ္စများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ဆောင်ရွက်သွားမည့်အခြေအနေကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီးမေးသည့်မေးခွန်းသည် မေးခွန်းကောင်းတစ်ခု ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဒီမို ကရေစီစနစ်တွင်    ရွေးကောက်ပွဲများ   ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ခံရသူများသည်   နိုင်ငံတော်ကို  အုပ်ချုပ်မည့်အစိုးရများ ဖြစ်လာမည်ဖြစ်သောကြောင့်    အရေးကြီးကြောင်း၊   ထို့ကြောင့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများနှင့် အဆိုပါပုဂ္ဂိုလ်များ သည်   အရေးကြီးသည့်    အခန်းကဏ္ဍတွင်ရှိကြောင်း၊   ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများ ရှိကြောင်း၊ ကိုယ်စားလှယ်များကို ရွေးချယ်မည့် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊  တိုင်းဒေသကြီးလွှတ်တော်   ရွေးကောက်ပွဲဥပဒေများ ရှိကြောင်း၊ အဆိုပါဥပဒေများကို သုံးသပ်ပြီး ပြီးခဲ့သည့် အခက်အခဲများ၊ ပြဿနာများကို သုံးသပ်၍ မိမိတို့နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုး စီးပွားအတွက်   ကောင်းမွန်သည့်   ဥပဒေများဖြစ်စေရန်   သုံးသပ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုဥပဒေမူဘောင်များ ကောင်းမွန်မှန်ကန် ပြည်စုံမည်ဆိုပါက   အကျိုးရလဒ်သည်လည်း    ကောင်းမွန်မည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ 
ဆက်လက်ပြီး   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊   သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား သတင်း ထောက်များက မေးမြန်းကြသည်။
NP News သတင်းဌာနမှ သတင်းထောက် ဦးကျော်မျိုးမင်းက ၂၀၂၁ ခုနှစ် နိုင်ငံရေးအခင်းအကျင်းတွင် ဖေဖော်ဝါရီလနောက်ပိုင်းမှစပြီး လမ်းများပေါ်တွင် တာယာကွင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ လမ်းများ ပိတ်ဆို့ခြင်း၊    အကြမ်းဖက်ပြဿနာများ    များစွာဖြစ်ခဲ့ကြောင်း၊ ထိုပြဿနာများဖြစ်ပြီး   နောက်ဆက်တွဲအနေဖြင့်    လက်နက်ကိုင် တော်လှန်သည့်အဆင့်ထိ   ရောက်ခဲ့ကြောင်း၊   ပြည်သူလူထုက ယခု အခြေအနေတွင်   နှစ်ဖက်စလုံးကို    ကြောက်နေကြရကြောင်း၊ အကြမ်းဖက်သူများကလည်း  ၎င်းတို့က နိုင်ပြီဟု ပြောကြောင်း၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီကလည်း မြေပြင်တွင် ထိန်းချုပ်နိုင်ပြီဟု ပြောကြောင်း၊   သို့သော်လည်း   ပြည်သူလူထုက   ယခုအချိန်အထိ အကြောက်တရားဖြင့်   နေရကြောင်း၊   မိမိတို့နိုင်ငံ၏    သမိုင်းပြန် ကြည့်လျှင်လည်း    နှစ် ၇၀  ကျော်  တစ်လျှောက်လုံး   ပြည်သူများ ကောင်းကောင်းမွန်မွန် ငြိမ်းငြိမ်းချမ်းချမ်း မနေရကြောင်း၊ လက်နက် ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်မှုပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း၊ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထု အေးအေးချမ်းချမ်းနေထိုင်ရအောင် ထိုကိစ္စများကို မည်ကဲ့သို့ တာဝန် ယူဆောင်ရွက်ပေးမည်ကို  သိလိုကြောင်း မေးမြန်းသည်။ 
ဗိုလ်ချုပ် ဇော်မင်းထွန်းက တိုက်ကြေကားတစ်စီး၏ ဒိုင်ယာရီကို ဖတ်ရ သကဲ့သို့ပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လွတ်လပ်ရေးရပြီးကတည်း က ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများရှိခဲ့ကြောင်း၊ သတင်းထောက် ကြီးမေးသကဲ့သို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်ဆိုလျှင် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ (၇၅)နှစ်ပြည့်ပြီ ဖြစ်ကြောင်း၊ ထိုနှစ်ပေါင်း ၇၅ နှစ်အတွင်း ပြန်သုံးသပ်ကြည့်လျှင် ၁၉၄၈ ခုနှစ်၊ ၁၉၅၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ၊ အစိုးရအပိုင်းအခြားအလိုက် ၂၀၁၁  ခုနှစ်မှ  ယနေ့ အချိန်ထိ မြန်မာနိုင်ငံထဲ၌ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွား သည့်နှစ်မရှိကြောင်း၊ ထို့ကြောင့် တိုက်ကြေကားတစ်စီး၏ဒိုင်ယာရီဟု ပြောလိုကြောင်း၊ တိုက်ပြီးသား ကားတစ်စီးက မည်သူ့ကြောင့်တိုက်ခဲ့ သည်ဖြစ်စေ၊  မည်သည့်အကွေ့၊  မည်သည့်နေရာ၌   တိုက်ခဲ့သည် ဖြစ်စေ၊ တိုက်ပြီးသားကားတစ်စီးက တိုက်ပြီးသား ကားတစ်စီးသာ ဖြစ်ကြောင်း၊ ထိုတိုက်ပြီးသားကားက သာမန်မတိုက်ရသေးသည့်ကားများအတိုင်း   မိမိမြှင့်ချင်သည့်အရှိန်အတိုင်း  မြှင့်၍မရကြောင်း၊ မိမိသွားလိုသည့်အကွေ့အတိုင်းလည်း ကွေ့၍မရကြောင်း၊ ထိန်းထိန်း သိမ်းသိမ်းဖြင့်သာ ထိန်း၍မောင်းရမည်ဖြစ်ကြောင်း၊ ဒရိုင်ဘာထိုင်ခုံ တွင် မည်သူထိုင်ထိုင် ထိုင်နေသည့်လူတွင်သာ တာဝန်ရှိကြောင်း။
မြန်မာနိုင်ငံတွင်သာ မဟုတ်ဘဲ  မိမိတို့အိမ်နီးနားချင်းနိုင်ငံများ တွင်လည်း ထိုသို့သာ   မြင်ပါကြောင်း၊   တရုတ်နိုင်ငံတွင် အင်္ဂလိပ်-တရုတ် ပထမဘိန်းစစ်ပွဲမှ စတင်ဖြစ်လာပြီး ၁၉၅၀ ခုနှစ်တွင် တရုတ် ကွန်မြူနစ်ပါတီ ပြန်တက်လာပြီးမှသာ ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့ ကြောင်း၊ အိန္ဒိယနိုင်ငံသည်လည်း ထိုနည်းလည်းကောင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးကာစတွင်လည်း အိန္ဒိယ-ပါကစ္စတန် ကွဲထွက်မှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း ၁၉၇၁ ခုနှစ် ဘင်္ဂလား ဒေ့ရှ် လွတ်မြောက်ရေးစစ်ပွဲ၊                            
အရှေ့ဘက်ကြည့်သော် လာအိုနိုင်ငံသည် လည်း ထိုနည်းအတိုင်း သာ ဖြစ်နေကြောင်း၊ အိမ်နီးနားချင်းနိုင်ငံထဲတွင် မတိုက်ဖူးသည့်   ကားဟူ၍    ထိုင်းနိုင်ငံသာရှိကြောင်း၊    သို့သော် ထိုင်းနိုင်ငံလည်း ပွတ်ဆွဲခံရကြောင်း၊ ဂျပန်က မြန်မာကို စစ်ဆင်ရန်အတွက် ထိုင်းနိုင်ငံ ကိုဖြတ်ခဲ့ကြောင်း၊ ဒီဘက်ကလည်း ဟိုဘက်ကို စစ်ဆင်ရန်အတွက် ထိုင်းကိုဖြတ်ခဲ့ကြောင်း၊ သို့သော် ထိုကိစ္စများသည်  အတိတ်သမိုင်း ဖြစ်ရပ်များဖြစ်ကြောင်း။
ငြိမ်းချမ်းရေးမရှိ၍ တိုင်းပြည်တိုးတက်မှုမရှိ
ဖြစ်ခဲ့သည့်ဖြစ်စဉ်တိုင်းတွင် မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခ များဖြစ်သည့်အခါ အမျိုးမျိုးသုံးသပ်ကြကြောင်း၊ တပ်မတော်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များကြောင့် စသည်ဖြင့် အမျိုးမျိုးပြောကြ ကြောင်း၊ တစ်ဖက်ကလည်း အယူဝါဒရေးရာကြောင့်ဟူ၍ ပြောကြ ကြောင်း၊ မြန်မာလူမျိုးများ၏   နိုင်ငံရေးဓလေ့စရိုက်ကြောင့်ဟူ၍ လည်း ပြောကြကြောင်း၊ မည်သို့ပင်ဖြစ်စေ ဂျက်ဖရီဆာ့(စ) ရေးသား သည့် ဆင်းရဲမှုလွတ်ကင်းအောင်ဆိုသည့် စာအုပ်ထဲတွင် ပါသည့် စကားလုံးကို   ကိုးကားလိုကြောင်း၊  ဆင်းရဲမွဲတေမှု(Poverty)က အကြောင်းအရင်းတစ်ရပ်တည်း မဟုတ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲမွဲတေမှုကို လေ့လာသည့်အခါ မကျန်းမာသောလူတစ်ယောက်၊ နာလန်မထသည့်လူတစ်ယောက်ကို  ကျန်းမာရေးစစ်ဆေးသည့်အခါ ရောဂါပေါင်းစုံတွေ့ရသကဲ့သို့လည်းရှိကြောင်း၊ ထို့အတူ မည်သူ့ကိုမှ အပြစ်မတင်ဘဲ လုပ်ဆောင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ငြိမ်းချမ်း ရေးနှင့်ပတ်သက်လျှင်    အဓိကလိုအပ်ချက်ဖြစ်သည်ကို     အစိုးရ အဆက်ဆက်ဖော်ထုတ်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးမရှိ၍ မိမိတို့တိုင်းပြည် တိုးတက်မှုမရှိခြင်းဖြစ်ကြောင်း၊ သို့သော်  လက်တွေ့လုပ်ဆောင်ပြီး ပြေလည်သွားပါသည်ဟူ၍ လက်တွေ့တွင် အားလုံးပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း။
ဒီမိုကရေစီအသွင် ကူးပြောင်းစကာလ ၂၀၁၅ ခုနှစ်တွင် နိုင်ငံ တကာအဖွဲ့အစည်းများအပါအဝင် NCA  လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း သည် သမိုင်းမော်ကွန်းတစ်ရပ်ဖြစ်ကြောင်း၊ ယခုဒရိုင်ဘာ ထိုင်ခုံတွင် ထိုင်နေသည့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် လည်း ငြိမ်းချမ်းရေးသည်သာ အဓိကဟုမြင်ကြောင်း၊ ငြိမ်းချမ်းရေး မရှိသည့်အတွက် မိမိတို့  ခွန်အား၊ စွမ်းအားများ၊ အချိန်များသည် ထိုအပေါ်မှာသာ ကုန်ခဲ့ရကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အားစိုက်သင့်သလောက်   အားမစိုက်ရကြောင်း၊ ထို့ကြောင့် ၂၀၂၂ ခုနှစ်တွင် ငြိမ်းချမ်းရေးကို လုပ်ဆောင်မည်ဟု ပြောခဲ့ခြင်းဖြစ်ကြောင်း၊ တစ်နှစ်တည်းဆိုသော်လည်း ရောက်နိုင်သည့်အဆင့်ထိရောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊   ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ပြောသည့်အခါ မီဒီယာများကို မိမိမကြာခဏပြောခဲ့သကဲ့သို့ ၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးသည်ဆိုသည်မှာ လက်မှတ်ရေးထိုး သည့် အချိန်ကိုသာမြင်ကြောင်း၊ ယခင်တပ်မတော်အစိုးရလက်ထက် က NCA   လက်မှတ်ရေးထိုးသည့်  လူအများစုသည်   အနည်းဆုံး Bilateral စာချုပ် ရှိကြကြောင်း၊ Gentlemen’s Agreement များ ရှိကြကြောင်း၊ ၎င်းတို့သည်   နယ်မြေသတ်မှတ်ချက်များရှိကြောင်း၊ ထိုအထဲမှအခြေခံပြီးဖြစ်လာကြောင်း၊ ယခုအချိန်တွင် NCA လက်မှတ် မရေးထိုးသေးသူများ၊ NCA လက်မှတ်ရေးထိုးပြီးသူများသည် ငြိမ်းချမ်း ရေးကို တက်လှမ်းနိုင်ရန် အဆင့်များလိုကြောင်း၊ ထိုအဆင့်များထဲမှ အဆင့်များကိုတက်နိုင်ရန် မိမိတို့ ကြိုးစားဆောင်ရွက်မည်ဟု ပြောလို ကြောင်း ပြန်လည်ဖြေကြားသည်။ 
NP News သတင်းဌာနမှပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဘက်က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမတိုင်မီ ရွေးကောက်ပွဲလုပ်ပေးမည် ဟူ၍ ကတိကဝတ်များရှိခဲ့သည်ကို တွေ့ရကြောင်း၊ ထပ်ပြီးစိတ်ဝင်စား ဖွယ်ကောင်းသည့် ကတိကဝတ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကို   မည်သည့်အာမခံချက်များ ကြိုပေးထားနိုင်မည်ကို သိလိုကြောင်း၊ ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင်ကလည်း ပုဒ်မ ၂၆၁ ကို လွန်ခဲ့သည့်နှစ်နှစ်ကျော်က ပြောခဲ့ဖူးကြောင်း၊ ယခုကတည်းကကြိုပြီး မည်သို့သော နိုင်ငံရေးကတိကဝတ်များ ပေးနိုင်မည်ကိုသိလိုပါကြောင်း မေးမြန်းသည်။ 
ဗိုလ်ချုပ်ဇော်မင်းထွန်းက     ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ပြောခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံရေးပါတီ ၉၂  ပါတီရှိကြောင်း၊ ၉၂  ပါတီတွင် တိုင်းရင်းသားပါတီပေါင်း ၄၈ ပါတီရှိကြောင်း၊ တိုင်းရင်းသားပါတီပေါင်း ၄၈ ပါတီထဲတွင် တိုင်းရင်း သားပါတီ ၁၈ ပါတီမှာ ပူးပေါင်းပြီးဖြစ်ကြောင်း၊ ကချင် ၃ ပါတီ၊ ကယား ၂ ပါတီ၊ ကရင် ၃ ပါတီ၊ ချင်း ၃ ပါတီ၊ မွန် ၂ ပါတီ၊ ရခိုင် ၂ ပါတီ၊ ရှမ်း  ၂ ပါတီတို့ ပူးပေါင်းပြီးဖြစ်ကြောင်း၊ ပြည်နယ်တစ်ဝန်းလုံး ကို စည်းရုံးမည့်ပါတီပေါင်း ၇၄ ခုရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် စည်းရုံးမည့်ပါတီ ၁၈ ပါတီရှိကြောင်း၊ ပါတီများ ခွဲမှတ် မည်ဆိုလျှင် တည်ဆဲ ၉၂ ပါတီ၊ တိုင်းရင်းသားပါတီ ၄၈ ပါတီထဲတွင် ပူးပေါင်းပြီးပါတီများပါကြောင်း၊ EAO အဖွဲ့များအနက် NCA လက်မှတ် ရေးထိုးပြီးသား  EAO  အဖွဲ့များ  ၁၀ ခုရှိကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ၈ ဖွဲ့၊ NLD အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးသည့် ၂ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့၊  NCA လက်မှတ် ရေးထိုးပြီး EAO အဖွဲ့ ၈ ဖွဲ့ရှိကြောင်း၊ အားလုံးအဖွဲ့ကြီးပေါင်း ၁၈ ဖွဲ့ရှိကြောင်း။
အချိုးကျကိုယ်စားပြုစနစ် PR ကို  သွားမည်
နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများ၊ EAO အဖွဲ့များကို မိမိတို့ပြောနိုင်သည်မှာ နံပါတ်(၁) အချက်အနေဖြင့်   မိမိတို့  ကတိ ပေးထားသည့်အတိုင်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကို ပြန်ပြီးလုပ်ပေးမည်ဖြစ်ကြောင်း၊ နံပါတ်(၂) ပေးနိုင်သည့်ကတိမှာ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို မိမိတို့အာမခံကြောင်း၊ ဒီမိုကရေစီကို မိမိမရှင်းပြတော့ဘဲ ဖက်ဒရယ် စနစ်ကိုသာ ပြောမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က စတုတ္ထ အကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ)တွင် ပြောခဲ့ပြီးဖြစ်ကြောင်း၊   ယင်းအထဲတွင်    ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားနေသည့်  တိုင်းဒေသများ၊  ပြည်နယ်များ၊  လူမျိုးများ၊ လူမျိုးစုများကို   စုစည်းလုပ်ကိုင်ရာမှ   လုပ်ကိုင်နိုင်ခွင့်များကို   ခွဲဝေ ကျင့်သုံးသည့် အယူအဆသဘောတရားဟု  ပြောကြောင်း၊  မိမိတို့ ယူဆထားသည့်  ဖက်ဒရယ်သည်  ပေါင်းစည်းနေထိုင်ခြင်း၊  မျှဝေ ခံစားခြင်းဖြစ်ကြောင်း၊ နံပါတ်(၃)အချက်က နိုင်ငံရေးပါတီ၊ တိုင်းရင်း သားပါတီဝင်များအပါအဝင်   နိုင်ငံရေးပါတီများသည်   ၎င်းတို့ကို ထောက်ခံသည့်      ပြည်သူလူထုကို       ကိုယ်စားပြုသည့်လူများ ဖြစ်ကြောင်း၊ ထို့ကြောင့် မတူကွဲပြားသည့် ကိုယ်စားပြုမှုများရှိကြောင်း၊ ပါတီများက   ဝါဒရေးရာအရဖြစ်လာသည့်   ပါတီများဖြစ်ကြောင်း၊ ဥပမာပြောရလျှင်    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို   မေးလျှင် ၎င်းကဒီမိုကရေစီဟု ပြောမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီတပ်ထားသည့် ပါတီကို ၎င်းတို့၏ ရည်မှန်းချက်ကိုမေးလျှင် ဒီမိုကရေစီဟုပြောကြောင်း၊ ပြည်ခိုင်ဖြိုးပါတီကိုမေးလျှင်    ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီဟုပြောမည်ဖြစ်ကြောင်း၊ ထိုအရာများသည် ဝါဒရေးရာပါတီ များဖြစ်ကြောင်း၊  ၎င်းတို့သွားမည့်   ဒီမိုကရေစီလမ်းကြောင်းချင်း အနည်းငယ်ကွဲပြားချင် ကွဲပြားလိမ့်မည်ဖြစ်ကြောင်း။ လူမျိုးရေးနှင့် ပတ်သက်သည့်  ပါတီများသည်  လူမျိုးစုအလိုက်  ကိုယ်စားပြုသည့် ပါတီများဖြစ်ကြောင်း၊   ဒေသအလိုက်    ကိုယ်စားပြုသည့်ပါတီများ အနည်းငယ်ရှိကြောင်း၊ ထိုပါတီများက ကိုယ်စားပြုမှုအပေါ်မူတည်ပြီး ၎င်းတို့၏ ပရိသတ်များရှိကြောင်း၊  ထို့ကြောင့် ပါတီများ၊ တိုင်းရင်း သားလူမျိုးစုများကို   ကျယ်ကျယ်ပြန့်ပြန့်   ကိုယ်စားပြုနိုင်ရေးအတွက် မိမိတို့သည် အချိုးကျကိုယ်စားပြုစနစ် PR ကို  သွားမည်ဟု  အာမခံ ကြောင်း။
နံပါတ်(၄)အချက်ကို    နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်    ၂၀၂၀ ပြည့်နှစ်၊ NCA (၅)  နှစ်မြောက်   နှစ်ပတ်လည်နေ့တွင်   ပြောပြီးဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မိမိတို့ဒေသအကျိုးကို မိမိတို့ကိုယ်တိုင် ပိုမိုဖော်ဆောင်နိုင်ရန် သက်ဆိုင်ရာ ဒေသခံပြည်သူ များအနေဖြင့် ဒီမိုကရေစီ၏ အနှစ်သာရကို ပိုမိုခံစားရရှိနိုင်ရန် တိုင်း ဒေသကြီး/ပြည်နယ် အစိုးရဝန်ကြီးချုပ်များကို  သက်ဆိုင်ရာ   တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက ရွေးချယ်ခန့်ထားနိုင်ရန် တပ်မတော်က လိုလားကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးချုပ် များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို  သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များ၊ တိုင်းဒေသကြီးလွှတ်တော်များက ရွေးချယ် ခန့်ထားနိုင်ရန်   မိမိတို့ကတိပေးခဲ့ပြီးဖြစ်ကြောင်း၊   အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဇယား ၂ တွင်  တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဥပဒေပြုစာရင်း အချက် ၃၄ ချက် မိမိတို့ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဇယား ၅ တွင် တိုင်းဒေသ ကြီး (သို့မဟုတ်) ပြည်နယ်များက အကောက်ခံရမည့် အကောက်ခွန် များအချက် ၂၀ ကို  ပြင်ဆင်ပေးခဲ့ကြောင်း၊   တိုးချဲ့ပေးခဲ့ခြင်းဖြစ် ကြောင်း၊ ထို့ပြင် လိုအပ်လျှင် ထပ်မံတိုးချဲ့နိုင်ရန် ဆွေးနွေးမည်ဟု ပြောခဲ့ကြောင်း၊ အခြေခံဥပဒေတွင် ပြည်နယ်များ၊ တိုင်းဒေသကြီးများ ၏လုပ်ပိုင်ခွင့်များ အခွန်အကောက်များကို ထိုဇယား ၂ နှင့် ဇယား ၅ တွင် ဖော်ပြထားကြောင်း၊ ထိုသို့ပြုပြင်ကတည်းက တပ်မတော် အနေဖြင့် ထောက်ခံခဲ့ကြောင်း၊ ထိုသို့ နောက်ထပ်လုပ်ဆောင်နိုင်ရန် ကတိပေးနိုင်ကြောင်း၊   နံပါတ်(၆)အနေဖြင့်     ငြိမ်းချမ်းရေးအတွက် ခြေလှမ်းအသစ် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပါတီများ အနေဖြင့် UEC နှင့် တွေ့ဆုံခဲ့မှု များရှိကြောင်း၊ ငြိမ်းချမ်းရေးဦးဆောင်မှု ညှိနှိုင်းရေးအဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်းများလည်း ရှိကြောင်း၊ ထိုနေရာတွင် လည်း လမ်းဖွင့်ပေးထားခဲ့ကြောင်း၊ ညှိနှိုင်းဆွေးနွေးပြီးမှ နောက်ထပ် ခရီးဆက်နိုင်ရန် မိမိတို့ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ မိမိတို့ကတိ ပေးနိုင်သည့် အချက် ငါးချက်ကို ပြောပြီးဖြစ်ကြောင်း၊ ဆက်လုပ်သွား မည့် အချက် တစ်ချက်ရှိပြီး၊ ထိုအချက် ခြောက်ချက်သည် တိုင်းရင်းသား ပါတီများနှင့် EAO အဖွဲ့များကို  မိမိတို့  လက်တွေ့ဆောင်ရွက်နေသည့်၊ ကတိပေးနိုင်သည့် အချက်များဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
သူရိယနေဝန်းသတင်းဌာန ကိုယ်စားပြု မသဇင်ဦးက လာမည့် ဖေဖော်ဝါရီလတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် နိုင်ငံတော်တာဝန် လွှဲပြောင်းတာဝန်ယူခဲ့သည်မှာ တစ်နှစ်ပြည့်ပြီ ဖြစ်ကြောင်း၊ တစ်နှစ်ပြည့်ပြီဖြစ်၍  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက် ပုဒ်မ ၄၂၅ အရ  ဆက်လက်၍ သက်တမ်းတိုးသွားရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်းနှင့် လာမည့် ၂၀၂၃ ခုနှစ်၊   သြဂုတ်လတွင်  နောက်ဆုံးထား၍   ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးသွားမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဝန်ကြီးချုပ်က ပြောကြားသွားမှုရှိကြောင်း၊ မိမိတို့နိုင်ငံ၏  နိုင်ငံရေး အခြေအနေသည်   ယနေ့ကာလတွင်   တည်ငြိမ်မှုမရှိသေးသဖြင့် လာမည့် ၂၀၂၃ ခုနှစ်တွင် မိမိတို့မျှော်လင့်ထားသကဲ့သို့ ရွေးကောက်ပွဲ ကြီးကျင်းပရန် ဖြစ်မှဖြစ်ပါ့မလားဆိုသည့် စိုးရိမ်စိတ်များ ဖြစ်နေ ကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး သိရှိလိုကြောင်း မေးမြန်းသည်။ 
ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖေဖော်ဝါရီလ  ၁ ရက်တွင်  တစ်နှစ် ပြည့်မြောက်ပြီဖြစ်ကြောင်း၊  တစ်နှစ်ပြည့်မြောက်ပြီးလျှင်   ဖွဲ့စည်းပုံ အခြေခံဥပဒေ  အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များအရ မိမိတို့ လုပ်ဆောင်ရမည့် ပြဋ္ဌာန်းချက်များ၊ နည်းလမ်းများရှိပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်   ရှိနေသည့်  နိုင်ငံတော်ကာကွယ်ရေးနှင့်   လုံခြုံရေး ကောင်စီကို အခြေအနေတင်ပြပြီး သက်တမ်းတိုးနိုင်ရန် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုဖြစ်ပျက်နေသည့် အခြေအနေ မှာ  ကယားပြည်နယ်၊  ချင်းပြည်နယ်၊   စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးမြောက်ပိုင်း၊ တချို့နေရာများတွင် မငြိမ်မသက်ဖြစ်နေသည်များ၊ အကြမ်းဖက်မှုများ ရှိနေသေးကြောင်း၊ ၂၀၂၃ ခုနှစ် သြဂုတ်လသည် ဥပဒေအရ နောက်ဆုံးရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး မိမိတို့ကတိ အတိုင်းဖြစ်နိုင်အောင် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း၊ သို့သော် မငြိမ်မသက်ဖြစ်‌အောင်  မိမိတို့ လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း၊ NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များနှင့် တချို့သော EAO အဖွဲ့ထဲက အစိတ်အပိုင်းအချို့ကသာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် EAO အဖွဲ့များနှင့်ပတ်သက်ပြီး မိမိတို့၏စခန်းများ၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနေရာများ၊ ပြည်သူလူထု ၏ အသက်အိုးအိမ်စည်းစိမ်များကို လာရောက် မတိုက်ခိုက်မချင်း မိမိတို့အနေဖြင့်   တိုက်ခိုက်မှုမရှိကြောင်း၊  သို့သော်   လာရောက် ထိပါးလာပါက မိမိတို့အနေနှင့်လုံခြုံရေးအရ လိုအပ်သလို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ထပ်ပြောရလျှင်   ကတိအတိုင်း ဖြစ်နိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြား သည်။ 
သူရိယနေဝန်းသတင်းဌာန ကိုယ်စားပြု မသဇင်ဦး က ယခုလက်ရှိ ဖြစ်ပျက်နေသည့်  ပြဿနာတော်တော်များများတွင်  ဝန်ထမ်းများ ဆိုလျှင် လစာအခြေအနေနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် တိုးမြှင့် မပေးနိုင်သေးသည်ကို မိမိတို့နားလည်နိုင်ပါကြောင်း၊ တစ်ဖက်တွင် လည်း  ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို  ပြည်သူများ  အလူးအလဲ ခံနေရကြောင်း၊ ကုန်စျေးနှုန်းဆိုသည်ထက် ဆီစျေးတိုးမြှင့်မှုပြဿနာ က အလွန်ဆိုးဆိုးရွားရွား  ဖြစ်နေကြောင်း၊   အထူးသဖြင့်   ဆီစျေးနှင့် ပတ်သက်၍ လေ့လာကြည့်ရာတွင် ပြည်ပက တင်သွင်းသည့် ဆီများကို စျေးမသက်မသာနှင့်     ဝယ်ရသည်ကို    နားလည်ပေးနိုင်သော်လည်း မိမိတို့ပြည်တွင်းက ထုတ်လုပ်နိုင်သည့် ဆီများကို အစိုးရစျေးနှုန်းနှင့် ရောင်းချခြင်းမရှိဘဲ   နိုင်ငံခြားက  တင်သွင်းသည့်   စျေးနှုန်းအတိုင်း၊ ရောင်းချနေသည့်    ဆီဆိုင်များရှိကြောင်း၊   မြန်မာနိုင်ငံရှိဆီဆိုင် ၁၀၀ တွင်   ဆိုင်ပေါင်း  ၉၀  ကျော်ခန့်က   ဆီခြင်တွယ်မှု    မမှန်မကန် လုပ်ဆောင်နေသည်ကို မိမိတို့ကိုယ်တွေ့ တွေ့ရှိခဲ့ကြောင်း၊ ယင်းနှင့် ပတ်သက်၍ မည်သို့ကြီးကြပ်လုပ်ဆောင်ပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။ 
မျှတသည့်  စျေးကွက်ဖြစ်စေရေး
ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာနိုင်ငံ၌ စက်သုံးဆီထုတ်လုပ်နေ သည့် ရေနံချက်စက်ရုံများရှိကြောင်း၊ သို့သော် လက်ရှိတွင် လုပ်ငန်း ပြည့်လည်ပတ်နေသည့် စက်ရုံမှာ ယခင်ကတည်းက စက်ရုံတစ်ရုံသာ ရှိကြောင်း၊ ရေနံထွက်နှုန်းနှင့် ၎င်း၏ ထုတ်လုပ်နိုင်စွမ်းက ပြည်တွင်း သုံးစွဲနေသည့်ပမာဏ၏ ၁၀ ခိုင်နှုန်းခန့်သာရှိကြောင်း၊ စက်အခြေအနေ ကလည်း အဆင့်မြင့်သည့် စက်သုံးဆီမထုတ်လုပ်နိုင်ကြောင်း၊ 92 ၊ 95 တို့ကို မထုတ်လုပ်နိုင်ကြောင်း၊ 70 Ron သာထုတ်လုပ်နိုင်ကြောင်း၊ ၉၀ ရာခိုင်နှုန်းကျော်က ပြည်ပမှပြည်တွင်းကို တင်သွင်းနေရကြောင်း၊ ရေနံစိမ်းစျေးများလည်း တက်နေကြောင်း၊ စက်သုံးဆီနှင့်ပတ်သက်ပြီး မိမိတို့ ဖြေလျှော့ဆောင်ရွက်ပေးနေသည်မှာ ဗဟိုဘဏ်က အမေရိကန် ဒေါ်လာများ ရောင်းချပေးပြီး တိုင်းနှင့် ပြည်နယ်အလိုက် အရောင်းဆိုင် ၂၂၀ ကျော်တွင် သက်သာသည့် စျေးနှုန်းအတိုင်း ရောင်းချပေးလျက် ရှိကြောင်း၊ ယင်းသို့ရောင်းချရာတွင်လည်း  သက်ဆိုင်ရာကော်မတီ များ၏  ကြီးကြပ်မှုနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊  စားသုံးသူ ရေးရာဦးစီးဌာနနှင့်    အခြားသက်ဆိုင်သည့်ဌာနများ    ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေ ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်ခေတ်ကကဲ့သို့ အစိုးရစက်သုံး ဆီဆိုင်များက ဖြန့်ဖြူးပေးခြင်းမျိုး မဖြစ်နိုင်တော့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင်   ယခင်က   မြန်မာ့ရေနံထွက်ပစ္စည်း   ရောင်းဝယ်ရေး အရောင်းဆိုင်များကို    ပုဂ္ဂလိကသို့   လွှဲပြောင်းပေးခဲ့ပြီးနောက် လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို     ၂၀၁၇  ခုနှစ်တွင်   ဥပဒေပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့ကြောင်း၊    ထို့ကြောင့်   မိမိတို့အနေနှင့် ဘေးကင်းလုံခြုံမှု ရှိစေရန်နှင့်    လွတ်လပ်မျှတသည့်   စျေးကွက်ဖြစ်စေရေးအတွက်   အဓိကထား၍ ကြပ်မတ်လျက်ရှိကြောင်း၊ နိုင်ငံပိုင် ရေနံချက်စက်ရုံ၏  ထုတ်လုပ်နိုင်သည့်ပမာဏ၊   ထုတ်လုပ်နိုင်သည့်   ဓာတ်ဆီအရည် အသွေးများက နိုင်ငံတော်၏ မြို့အင်အားအလိုက် အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချရန် လက်ရှိအခြေအနေအရ  လုပ်၍မရနိုင်ကြောင်း၊  ထိုကိစ္စများနှင့်ပတ်သက်၍ စက်သုံးဆီစျေးနှုန်း ကြီးကြပ်ရေးကော်မတီ ကို  မိမိတို့အနေဖြင့် ပြော၍ရကြောင်း၊ အရည်အသွေးစစ်ဆေးရေး ကော်မတီအနေနှင့်လည်း      လိုက်ပါဆောင်ရွက်ပေးနိုင်သည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
သူရိယနေဝန်းသတင်းဌာနကိုယ်စားပြု မသဇင်ဦး က ၂၀၂၂ ခုနှစ် WTI ၏ အစီရင်ခံစာလည်း ထွက်ပေါ်လာပြီဖြစ်ကြောင်း၊ ထိုအစီရင်ခံစာ တွင် ကိုဗစ်စတုတ္ထလှိုင်းအလွန်၌ ဆီစျေးများ ထပ်မံမြင့်တက်ရန်ရှိသည် ဟု ဖော်ပြထားကြောင်း၊ ယခုလက်ရှိ မိမိတို့နိုင်ငံတွင် ဖြစ်ပျက်နေသည် မှာ ဆီစျေးနှုန်းမြင့်မားမှုအပြင် ဆီဆိုင်များ၏ ခြင်တွယ်မှုမမှန်ကန်သည့် ပြဿနာကို ရင်ဆိုင်နေရသည့်အတွက် ယင်းဆိုင်များကို အရေးယူရန် မည်သို့ဆောင်ရွက်မည်ကို သိလိုကြောင်း မေးမြန်းသည်။ 
ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်သုံးဆီကြီးကြပ်ရေး အရည်အသွေး စစ်ဆေးရေးကော်မတီရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ယခင်က လည်း ထုတ်ပြန်ခဲ့ဖူးကြောင်း၊ တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များလည်း သတင်းစာများတွင်   ထုတ်ပြန်ခဲ့ကြောင်း၊   ပြည်သူလူထုကလည်း တစ်ဖက်တစ်လမ်းက ကူညီသောအားဖြင့် မသမာမှုများတွေ့လျှင် ၎င်းနေရာများကို တိုင်ကြားရန်၊ အကြောင်းကြားပေးရန် မိမိအနေဖြင့် မေတ္တာရပ်ခံလိုကြောင်း ပြန်လည်ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)