
(ယမန်နေ့မှအဆက်)
အထူးဟစ်တိုင် သတင်းမီဒီယာမှ တာဝန်ခံအယ်ဒီတာ ဦးအောင်ကျော်ဦးက မြို့နယ်များတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ စာရင်းပြုစုခြင်း၊ ကော်မတီ ဖွဲ့စည်းခြင်းတို့ လုပ်ဆောင်နေသည်ဟု ကြားသိရကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟုလည်း ကြားသိရကြောင်း၊ ယင်းကိစ္စကို အတည် ပြုနိုင်ခြင်း ရှိ၊ မရှိ သိလိုကြောင်းမေးမြန်း သည်။
အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက မဲစာရင်းများ ပြုစုနေခြင်းနှင့်ပတ်သက်၍ မိမိအနေဖြင့် တင်ပြပြီးဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ် (၅)အရ ရွေးကောက်ပွဲပြုလုပ်ပေးရမည်ဖြစ် ကြောင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီး ပါက ရွေးကောက်ပွဲပြုလုပ်ပေးရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ ပြုလုပ်ရာတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များ၊ ပြဿနာများ၊ အခက် အခဲများကို သုံးသပ်ပြီး မဲစာရင်းနှင့် ပတ်သက်၍ မှန်ကန်ပြည့်စုံစေရန် ဆောင်ရွက်သည့်အနေဖြင့် မဲစာရင်းများ ကို ပြန်လည်သုံးသပ်ပြီး ယခင်မဲစာရင်း များမှ မှားယွင်းသည်များကို ပယ်ဖျက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်းလုပ်ဆောင်နေ သည်မှာ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ယခုဇန်နဝါရီလကုန်ခန့်တွင် First Round ပြီးမည်ဖြစ်ကြောင်း၊ ပြီးခဲ့ သည့်မဲစာရင်းများထက် ပိုမိုပြည့်စုံ မှန်ကန်စွာဖြစ်စေရေး စိစစ်ခြင်းများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ် ကြောင်း၊ အလားတူလုပ်ငန်းစဉ် (၁) အရ ဆောင်ရွက်စရာရှိသည်များကို ဆောင်ရွက် ဆဲဖြစ်ကြောင်း၊ ယင်းကိစ္စများပြီးဆုံးပါက နောက်ရွေးကောက်ပွဲ ကျင်းပရာတွင် ကော်မရှင်အဖွဲ့ခွဲကို အများယုံကြည်သူ ပုဂ္ဂိုလ်များပါဝင်သည့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအသစ်များ ဖွဲ့စည်းရမည် ဖြစ်ခြင်းကြောင့် ဖွဲ့စည်းနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်မှုများ ပြုလုပ်နေ ကြောင်း၊ ယခုတင်ပြမှုများသည် ကြိုတင် ဆောင်ရွက်နေသည့်လုပ်ငန်းများ ဖြစ် ကြောင်း၊ လိုအပ်သည့်အချက်အလက် များ၊ ဝန်ထမ်းပိုင်းဆိုင်ရာနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကို မည်သည့်အချိန်တွင် ပြုလုပ်မည်ဆိုသည်နှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁၁)အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ရှိကြောင်း၊ အဆိုပါအထဲမှ ဥပဒေပုဒ်မ (၄၂၅၊ ၄၂၆၊ ၄၂၉) တို့တွင် ဖတ်မည်ဆိုပါက တွေ့ရှိမည်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ် (၅) အရ အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေး မည်ဖြစ်ကြောင်း၊ ထို့အတွက်လည်း လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar National Post သတင်း ဌာနမှ အယ်ဒီတာချုပ် နောင်တော်လေး က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မှ ပါတီများကို စစ်ဆေးထားသည့်စာရင်း များ ထုတ်ပြန်ထားရာတွင် NLD ပါတီ ထုတ်ပြန်ထားသည်ကို မတွေ့ရှိရသေး ကြောင်း၊ NLD ပါတီမှ အစစ်ဆေးမခံခြင်း လား၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သွားရောက်မစစ်ဆေးခြင်း လားဆိုသည်ကို ကနဦးမေးလိုကြောင်း၊ အကြမ်းဖက် NUG၊ CRPH၊ PDF များနှင့် NLD တို့၏ဆက်စပ်မှုကို UEC အနေဖြင့် မည်သို့တွေ့ရှိရသည်ကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မိမိတို့အနေ ဖြင့် ဒီဇင်ဘာလအထိ နိုင်ငံရေးပါတီ ၅၁ ပါတီအား စစ်ဆေးပြီးဖြစ်ကြောင်းကို လည်း မိမိအနေဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ကြောင်း၊ စစ်ဆေးရန် ၄၂ ပါတီ ကျန်ရှိ ကြောင်း၊ မိမိတို့စတင်စစ်ဆေးစဉ်က နိုင်ငံရေးပါတီ ၉၃ ပါတီရှိသည့်အနက် ၅၁ ပါတီ စစ်ဆေးပြီးဖြစ်၍ ၄၂ ပါတီ ကျန်ရှိနေခြင်းဖြစ်ကြောင်း၊ အဆိုပါ ပါတီ များအနက် ပါတီတစ်ပါတီမှာ ပယ်ဖျက် ခွင့် (ရုပ်သိမ်းခွင့်) တောင်းဆိုခဲ့သည့် အတွက် ဖျက်သိမ်းခဲ့ကြောင်း၊ ၎င်းတို့၏ တင်ပြချက်အရ ပါတီမှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ခြင်းကိုလည်း မိမိတို့အနေဖြင့် ကြေညာပြီးဖြစ်ကြောင်း၊ စစ်ဆေးရန် အတွက် နိုင်ငံရေးပါတီ ၄၂ ပါတီ ကျန်ရှိ သေးပါကြောင်း၊ အဆိုပါအထဲတွင် NLD ပါတီလည်း ကျန်သေးပါကြောင်း၊ မိမိတို့ ကော်မရှင်၏အစီအစဉ်အရ နိုင်ငံရေး ပါတီများကို ပါတီအကြီး/ အသေးမျှ၍ စစ်ဆေးလျက်ရှိပါကြောင်း၊ NLD ပါတီကို မူ မစစ်ဆေးရသေးကြောင်း၊ သတ်မှတ် ချက်များနှင့်အညီ ပါတီအားလုံးကို စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ပါတီ အားလုံးကို မစစ်ဆေးရသေးသဖြင့် ပါတီ များနှင့်ပတ်သက်သည့် စာရင်းဇယား၊ အချက်အလက်အသေးစိတ်ကို အတည် ပြုပြီး တွေ့ရှိရသည့်အနေအထားမျိုး မိမိတို့ မဆောင်ရွက်ရသေးကြောင်း၊ မိမိ တို့ ထုတ်ပြန်သည့် သတင်းအချက်အလက် များ၊ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် အချက်များကို အားလုံးအသိပင် ဖြစ် ကြောင်း၊ မိမိတို့ကော်မရှင်က စစ်ဆေးစိစစ်ပြီးမှသာ တိတိကျကျသိရှိ ရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်သည်ဆိုသော်လည်း နိုင်ငံရေး ပါတီအစုအဖွဲ့အတွင်းမှ ဖြစ်နေသည့် အတွက် UEC အနေဖြင့် နိုင်ငံရေးပါတီ အပိုင်းတွင် လုပ်ငန်းကြန့်ကြာနေသည့် ကိစ္စများကို မည်ကဲ့သို့ပူးပေါင်းဆောင်ရွက် ပေးနိုင်မည်ကို မေးမြန်းလိုပါကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)၊ နိုင်ငံရေးပါတီ များအစုအဖွဲ့ အမြဲတမ်းကော်မတီတွင် ၁၆ ပါတီရှိသည့်အနက် လုပ်ငန်းလုပ်ဆောင် နိုင်သည့် အခြေအနေမရှိသေးဟု သိရ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကြီးက ပြောထားသကဲ့သို့ အစောပိုင်းက ဗိုလ်ချုပ်ဇော်မင်းထွန်းက လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်လျှင် ယခုနှစ်က ငြိမ်းချမ်းရေးဖော်ဆောင်မည့် နှစ်ဟုပြောခဲ့ပါကြောင်း၊ ထို့ကြောင့် ၎င်း၏သက်တမ်းမှာ လေးလသာရှိပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ၁၁ လပိုင်းတွင် အဆိုပါကော်မတီကို စတင်ဖွဲ့စည်းခဲ့ ပါကြောင်း၊ ထိုကော်မတီ၏ သက်တမ်း လေးလအနက် နှစ်လခန့်မှာ အလုပ်မလုပ် ဖြစ်ဘဲ သက်တမ်းကုန်သည့်သဘော ဖြစ်နေကြောင်း၊ ထို့ကြောင့် UEC အနေ ဖြင့် နိုင်ငံရေးပါတီများ၏ကိစ္စကို အဓိက လုပ်ဆောင်နေသဖြင့် ငြိမ်းချမ်းရေး ကော်မရှင်နှင့်ချိတ်ဆက်၍ ငြိမ်းချမ်းရေး လုပ်ငန်းများဖော်ဆောင်ရာတွင် အကူ အညီ တောင်းခံလာခဲ့မည်ဆိုပါက ကြားဝင် ပေါင်းစပ်ညှိနှိုင်းပေးသည့် သဘောဖြစ်စေ ဆောင်ရွက်၍ရနိုင်မည့် အခြေအနေ ရှိ၊ မရှိ သိလိုကြောင်းမေးမြန်းသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံတော်မှ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ နိုင်ငံရေးပါတီ များလည်း ပါဝင်ဆောင်ရွက်နေကြောင်း၊ ယခင်ကလည်း ပါဝင်ဆောင်ရွက်နေသကဲ့ သို့ လက်ရှိတွင်လည်း ပါဝင်ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များ ကို ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်း များနှင့် နိုင်ငံရေးပါတီများ တိုက်ရိုက် ဆောင်ရွက်သည့် အနေအထားမျိုး ရှိကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ယင်းကိစ္စနှင့်ပတ်သက်ပြီး အကြောင်းကြားခြင်း မရှိသေးကြောင်း၊ သို့သော်လိုအပ်ပါက လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
တဲ့ပြောအွန်လိုင်းမီဒီယာမှ အယ်ဒီတာ ချုပ် ဦးဇော်မင်းဦးက ၂၀၂၀ ရွေးကောက်ပွဲ ကာလ၌ မိမိမှာ ဘားအံအကျဉ်းထောင်ထဲ တွင် အကျဉ်းကျရောက်နေသဖြင့် ရွေး ကောက်ပွဲအား သတင်းစာမှ စောင့်ကြည့် နေခဲ့ကြောင်း၊ ယင်းသို့စောင့်ကြည့်နေစဉ် ကြိုတင်မဲနှင့်ပတ်သက်၍ ပြောလို ကြောင်း၊ ယနေ့ UEC မှ စာအုပ်ကို ဖတ် ကြည့်ရာတွင် မိမိထင်မှတ်ထားသည်နှင့် တစ်ထပ်တည်းဖြစ်နေသည်ကို တွေ့ခဲ့ရ ကြောင်း၊ မိမိက တိုက်ထဲတွင်နေရသည့် အတွက် ကိုဗစ်ကာလတွင် မိမိတို့တိုက်၏ အခန်း ငါးခန်းကို ကိုဗစ်အတွက် အချုပ် သားများ လာထားပါကြောင်း၊ ထားသည့် အခါ ကြိုတင်မဲပေးရပါကြောင်း၊ ကြိုတင် မဲပေးရာတွင် ကရင်ပြည်နယ်တွင် ဗမာ၊ မွန်၊ ပအိုဝ်းဆိုပါက မဲလေးမဲပေးရပြီး အခြားတိုင်းရင်းသားများသည် မဲသုံးမဲ သာပေးရကြောင်း၊ သို့သော် အကျဉ်း ထောင်အထဲမှ အချုပ်သားများသည် မဲတစ်မဲစီသာပေးကြရသည်ဆိုပြီး မိမိ အား လာရောက်ပြောသူများရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ရွေးကောက်ပွဲ သည် တစ်ခုခုဖြစ်နိုင်ခြေရှိလိမ့်မည်ဟု မိမိပြောခဲ့ကြောင်း၊ အမှန်တကယ်လည်း ဖြစ်ပွားခဲ့ကြောင်း၊ ထိုဖြစ်စဉ်များကြောင့် တရားစွဲဆိုမှုများလည်း ရှိခဲ့ကြောင်း၊ ယခင် သတင်းစာရှင်းလင်းပွဲတွင် ဦးခင်မောင်ဦးက သဘောရိုးနှင့်ဆိုပါက တရားမစွဲပါဟု ပြောဆိုခဲ့ခြင်းများလည်းရှိခဲ့ပါကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးဟု ဆိုခဲ့သော်လည်း မိမိတို့နိုင်ငံတွင် ပဋိပက္ခ များ များပြားနေခြင်းကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မီဒီယာအခန်း ကဏ္ဍအနေဖြင့် ပြောရမည်ဆိုပါက မိမိ သည် နယ်စည်းမခြားသတင်းထောက်များ အသင်းတွင် လုပ်ခဲ့ဖူးခြင်းကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖြစ်စေလိုကြောင်း။
တချို့ မဲနှစ်မဲထည့်ခြင်း၊ သုံးမဲထည့် ခြင်းရှိကြောင်း၊ မရိုးသားသည့်နည်းဖြင့် တရားစွဲခြင်းဟု မဆိုလိုကြောင်း၊ သို့သော် မရိုးဖြောင့်ခြင်းတော့ ပေါ်လွင်ကြောင်း၊ ပျောက်ဆုံးနေသည့် မဲများကိုလည်း သက်ဆိုင်ရာကော်မရှင်က အဘယ် ကြောင့် ခွင့်ပြုထားသည်ကိုသိလိုကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် သဘောရိုးဖြင့် လုပ်ရင်းကိုင်ရင်းနှင့် ရပ်/ကျေးကော်မရှင် များအနေဖြင့် လစာလည်းမရရှိကြောင်း၊ အချို့တိုင်ကြားသူများအနေဖြင့် တစ်နှစ် ကျော်ကြာမှ တိုင်ကြားလာမှုများရှိ ကြောင်း၊ အမှန်တကယ်အားဖြင့် ရပ်/ကျေးကော်မရှင်မှ လုပ်နည်းကိုင်နည်း မှားခဲ့လျှင် မြို့နယ်ကော်မရှင်၊ ခရိုင် ကော်မရှင်၊ ပြည်နယ်ကော်မရှင်အဆင့် ဆင့်တက်ရမည်ဖြစ်ကြောင်း၊ ပါတီက သော်လည်းကောင်း၊ လွှတ်တော်ကိုယ်စား လှယ်ကသော်လည်းကောင်း၊ လူတစ်ဦး ချင်းကသော်လည်းကောင်း တက်ရမည် ဖြစ်ကြောင်း၊ ထိုသို့တက်ထားခြင်းမရှိဘဲ ယခုအချိန်မှ ဘားအံမြို့ အမှတ်(၇)ရပ်ကွက် ရပ်/ ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌကို ခရိုင်ကော်မရှင်ဦးစီးအရာရှိက တရားစွဲခဲ့ကြောင်း၊ ထိုသို့တရားစွဲခြင်း သည် ၎င်းခရိုင်ဦးစီးအရာရှိထံ တိုင်ကြား ခြင်းကြောင့် တရားစွဲဆိုခြင်းလားဆိုသည် ကို မေးခွန်းထုတ်စရာဖြစ်နေကြောင်း၊ ထို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ် ရေးအတွက် မီဒီယာအခန်းကဏ္ဍမှ သွားစေလိုကြောင်း၊ အချို့အရာများကို ဖြေလျှော့ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလို ကြောင်းမေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများ စသည့် ပြဿနာများဖြစ်ပွားခဲ့မှုအပေါ် အရေးယူဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ မိမိအနေဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ မိမိတို့ကော်မရှင်ထံသို့ အလားတူ တရားမဲ့ပြုကျင့်သည့်ဖြစ်စဉ် များ၊ မဲမသမာမှုဖြစ်စဉ်များ တင်ပြခဲ့ပါက အထောက်အထားစသည့် မှတ်တမ်းများ ရှိမည်ဖြစ်ကြောင်း၊
အလားတူ ကန့်ကွက်လွှာများတင်ပြခဲ့ ပါကလည်း အထောက်အထားနှင့် မှတ်တမ်းမှတ်ရာများရှိကြောင်း၊ အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ခဲ့သည့် ပြဿနာများကို နောင်လာမည့်ရွေးကောက် ပွဲများတွင် ထိုသို့သောပြဿနာများ မဖြစ် စေရန်၊ ပြည်သူလူထုများလည်း သိရှိစေ ရန်၊ ထိုအနေအထားဖြင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲသည် ကျင်းပပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲ၊ ကြားဖြတ် ရွေးကောက်ပွဲများနှင့် မတူညီကြောင်း၊ ပြဿနာများလည်း များစွာဖြစ်ခဲ့ပြီး လက်ရှိအခြေအနေအထိ ရောက်ခဲ့ရသည့် အနေအထားကြောင့် မိမိတို့ကော်မရှင် အနေဖြင့် ယင်းသို့ဖြစ်စဉ်များ ထပ်မံမဖြစ် ပွားရန်အတွက် ပြဿနာများကျူးလွန်မှု နှင့်ပတ်သက်ပြီး စိစစ်ဖော်ထုတ်အရေးယူ မှုများရှိကြောင်း၊ သို့သော် မိမိရှင်းလင်း တင်ပြခဲ့သလို စွပ်စွဲခံရသူများသည် ဥပဒေ နှင့်အညီ ခုခံချေပနိုင်ခွင့်ရှိကြောင်း၊ ထိုသို့ ခုခံချေပရာတွင် မိမိသည်သဘောရိုးအရ ဆောင်ရွက်ပြီး မှန်မှန်ကန်ကန်ဆောင်ရွက် ရာမှ မှားယွင်းမှုများဖြစ်ပွားသည်ဆိုပါက သက်ဆိုင်ရာ တရားရေးအဖွဲ့အစည်းများမှ ဥပဒေနှင့်အညီသာ စီရင်ဆုံးဖြတ်သွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
နိုင်ငံ့အကျိုးပြု သတင်းမီဒီယာမှ သတင်းအယ်ဒီတာကိုခန့်က လွှတ်တော် သုံးရပ်တွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံ မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များသည် တိုင်းပြုပြည်ပြု ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ် လောင်းများ အရည်အချင်းသတ်မှတ်ချက် အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သို့မဟုတ် ပါတီ၊ မည်သည့်အဖွဲ့အစည်းက သတ်မှတ်ပေးသည်ကို သိလိုကြောင်း မေးမြန်းသည်။
အရည်အချင်းနှင့်ပတ်သက်၍ နှစ်ပိုင်း
ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ကိုယ်စား လှယ်လောင်း၏ အရည်အချင်းနှင့် ပတ်သက်၍ နှစ်ပိုင်းရှိကြောင်း၊ တစ်ပိုင်း မှာ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် လောင်းအမည်စာရင်း တင်သွင်းရာတွင် ရွေးကောက်ပွဲကော်မရှင်သို့ အရင် တင်သွင်းရမည်ဖြစ်ကြောင်း၊ ထိုသို့ တင်သွင်းရာ၌ ကော်မရှင်မှ ကိုယ်စား လှယ်လောင်းတွင် ရွေးကောက်ခံပိုင်ခွင့် အရ ပြည့်စုံရမည့် အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ မိမိတို့ကော်မရှင်မှ စိစစ် ရမည်ဖြစ်ကြောင်း၊ ကိုက်ညီမှုရှိရန် လိုကြောင်း၊ မကိုက်ညီပါက ဥပဒေ ကြောင်းအရ သွားရမည်ဖြစ်ကြောင်း၊ ထိုသို့တင်သွင်းရန် ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များအတွက် ပါတီအနေဖြင့် မိမိပါတီ၏အစီအစဉ်ဖြင့် ရွေးချယ်ရမည်ဖြစ်ကြောင်း၊ ပါတီအပိုင်း ကရွေးချယ်ပြီး ကော်မရှင်ကို တင်ပြရမည် ဖြစ်ကြောင်း၊ ကော်မရှင်မှ ကိုယ်စားလှယ် လောင်းများအား သတ်မှတ်ချက်နှင့်ညီ၊ မညီ စိစစ်ရမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
လူထုရင်ဖွင့်သံ သတင်းမီဒီယာမှ အယ်ဒီတာ ဦးမင်းဂေါင်က ဗိုလ်ချုပ် ဇော်မင်းထွန်း ရှင်းပြသွားသည့်အထဲတွင် (NDAA) အင်ဒို-ပစိဖိတ်ကိစ္စအတွက် အမေရိကန် ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံ အထိသုံးမည်ဟု ကြားသိခဲ့ရကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပြီးခဲ့သည့်သာဓကများလည်း ရှိခဲ့ခြင်းကြောင့် နိုင်ငံရေးတွင် မိမိတို့ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဝင်ရောက်စွက်ဖက်လာမည့် အန္တရာယ် များလည်း ရှိလာနိုင်မည်ဟု နိုင်ငံရေး သမားများလည်း လေ့လာသိရှိပြီးဖြစ် ကြောင်း၊ ထိုအခြေအနေတွင် မိမိတို့နိုင်ငံ ၏ အမျိုးသားအကျိုးစီးပွားအတွက် အမှန် တကယ် ခိုင်ခိုင်မာမာရှိသည့် ပါတီကောင်း များ မြောက်မြားစွာပေါ်ထွက်လာရန် လိုအပ်ကြောင်း၊ ပါတီများအနေဖြင့် မိမိ တို့၏ အမျိုးသားအကျိုးစီးပွားကောင်းရန် ဟူ၍ မူဝါဒများနှင့်တည်ထောင်ပြီး တင်ပြ နေသည်များရှိကြောင်း၊ သို့သော်လည်း လက်တွေ့မြေပြင်တွင် ပြီးခဲ့သည့်အနေ အထားများအရ မိမိတို့နိုင်ငံ၏ အကျိုး စီးပွားအတွက် စိုးရိမ်ဖွယ်ရာများတွေ့လာ ရကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အဆိုပါ ပါတီများ၊ နိုင်ငံရေးကိုယ်စားလှယ်များ ကဲ့သို့ မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား အပေါ် ခိုင်ခိုင်မာမာရှိမည့်ပါတီကောင်း များ၊ လွှတ်တော်ကိုယ်စားလှယ်ကောင်း များဖြစ်စေရန် လေ့ကျင့်ပျိုးထောင်ရန် အစီ အစဉ်များ သို့မဟုတ် NDAA ကဲ့သို့ နောက်ကွယ်မှ စွက်ဖက်လာမည့်အန္တရာယ် များ၊ ၂၀၂၂ ဘတ်ဂျက်အတွက် အန္တရာယ် ကြီးမားစွာရှိလာနိုင်ကြောင်း၊ ထိုအနေ အထားတွင် ရရှိသည့်ကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ယင်းကိစ္စများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ဆောင်ရွက်သွားမည့် အခြေအနေကိုသိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်း ထောက်ကြီးမေးသည့် မေးခွန်းသည် မေးခွန်းကောင်း တစ်ခုဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ဒီမိုကရေစီစနစ်တွင် ရွေးကောက် ပွဲများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ခံရသူများသည် နိုင်ငံတော်ကို အုပ်ချုပ်မည့်အစိုးရများ ဖြစ်လာမည်ဖြစ် သောကြောင့် အရေးကြီးကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ၊ ကိုယ်စား လှယ်လောင်းများနှင့် အဆိုပါပုဂ္ဂိုလ်များ သည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ရှိကြောင်း၊ ထို့ကြောင့်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများ ရှိကြောင်း၊ ကိုယ်စားလှယ်များကိုရွေးချယ် မည့် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ရွေးကောက်ပွဲဥပဒေများ ရှိကြောင်း၊ အဆိုပါ ဥပဒေများကို သုံးသပ်ပြီး ပြီးခဲ့သည့် အခက်အခဲများ၊ ပြဿနာများကို သုံးသပ် ၍ မိမိတို့နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုး စီးပွားအတွက် ကောင်းမွန်သည့်ဥပဒေ များဖြစ်စေရန် သုံးသပ်ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုဥပဒေမူဘောင်များ ကောင်းမွန်မှန်ကန် ပြည့်စုံမည်ဆိုပါက အကျိုးရလဒ်သည်လည်း ကောင်းမွန်မည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား သတင်းထောက်များက မေးမြန်းကြသည်။
NP News သတင်းဌာနမှ သတင်း ထောက် ဦးကျော်မျိုးမင်းက ၂၀၂၁ ခုနှစ် နိုင်ငံရေးအခင်းအကျင်းတွင် ဖေဖော်ဝါရီ လနောက်ပိုင်းမှစပြီး လမ်းများပေါ်တွင် တာယာကွင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ လမ်းများပိတ်ဆို့ခြင်း၊ အကြမ်းဖက် ပြဿနာများ များစွာဖြစ်ခဲ့ကြောင်း၊ ထိုပြဿနာများဖြစ်ပြီး နောက်ဆက်တွဲ အနေဖြင့် လက်နက်ကိုင်တော်လှန်သည့် အဆင့်ထိ ရောက်ခဲ့ကြောင်း၊ ပြည်သူလူထု က ယခုအခြေအနေတွင် နှစ်ဖက်စလုံးကို ကြောက်နေကြရကြောင်း၊ အကြမ်းဖက် သူများကလည်း ၎င်းတို့က နိုင်ပြီဟု ပြောကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကလည်း မြေပြင်တွင် ထိန်းချုပ် နိုင်ပြီဟုပြောကြောင်း၊ သို့သော်လည်း ပြည်သူလူထုက ယခုအချိန်အထိ အကြောက်တရားဖြင့်နေရကြောင်း၊ မိမိ တို့နိုင်ငံ၏ သမိုင်းပြန်ကြည့်လျှင်လည်း နှစ် ၇၀ ကျော်တစ်လျှောက်လုံး ပြည်သူ များ ကောင်းကောင်းမွန်မွန် ငြိမ်းငြိမ်း ချမ်းချမ်းမနေရကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ၊ အကြမ်းဖက်မှုပြဿနာများ နှင့် ရင်ဆိုင်နေရကြောင်း၊ လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူ လူထု အေးအေးချမ်းချမ်းနေထိုင်ရအောင် ထိုကိစ္စများကို မည်ကဲ့သို့တာဝန်ယူ ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းသည်။
တိုက်ကြေကားတစ်စီး၏ဒိုင်ယာရီ
ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်ကြေ ကားတစ်စီး၏ဒိုင်ယာရီကို ဖတ်ရသကဲ့သို့ ပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများရှိခဲ့ကြောင်း၊ သတင်းထောက် ကြီးမေးသကဲ့သို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်ဆိုလျှင် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သည်မှာ (၇၅)နှစ်ပြည့်ပြီ ဖြစ်ကြောင်း၊ ထိုနှစ်ပေါင်း ၇၅ နှစ်အတွင်း ပြန်သုံးသပ် ကြည့်လျှင် ၁၉၄၈ ခုနှစ်၊ ၁၉၅၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ၊ အစိုးရအပိုင်းအခြားအလိုက် ၂၀၁၁ ခုနှစ်မှ ယနေ့အချိန်အထိ မြန်မာနိုင်ငံထဲ၌ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွား သည့်နှစ်မရှိကြောင်း၊ ထို့ကြောင့် တိုက်ကြေကားတစ်စီး၏ ဒိုင်ယာရီဟု ပြောလိုကြောင်း၊ တိုက်ပြီးသား ကားတစ် စီးက မည်သူ့ကြောင့်တိုက်ခဲ့သည် ဖြစ်စေ၊ မည်သည့်အကွေ့၊ မည်သည့်နေရာ ၌ တိုက်ခဲ့သည်ဖြစ်စေ၊ တိုက်ပြီးသားကား တစ်စင်းက တိုက်ပြီးသားကားတစ်စင်း သာဖြစ်ကြောင်း၊ ထိုတိုက်ပြီးသားကားက သာမန်မတိုက်ရသေးသည့် ကားများ အတိုင်း မိမိမြှင့်ချင်သည့်အရှိန်အတိုင်း မြှင့်၍မရကြောင်း၊ မိမိသွားလိုသည့် အကွေ့အတိုင်းလည်း ကွေ့၍မရကြောင်း၊ ထိန်းထိန်းသိမ်းသိမ်းဖြင့်သာ ထိန်း၍ မောင်းရမည်ဖြစ်ကြောင်း၊ ဒရိုင်ဘာထိုင်ခုံ တွင် မည်သူထိုင်ထိုင် ထိုင်နေသည့်လူတွင် သာတာဝန်ရှိကြောင်း။
မြန်မာနိုင်ငံတွင်သာ မဟုတ်ဘဲ မိမိ တို့ အိမ်နီးနားချင်းနိုင်ငံများတွင်လည်း ထိုသို့သာမြင်ပါကြောင်း၊ တရုတ်နိုင်ငံတွင် အင်္ဂလိပ်-တရုတ် ပထမဘိန်းစစ်ပွဲမှ စတင်ဖြစ်လာပြီး ၁၉၅၀ ပြည့်နှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ ပြန်တက်လာပြီး မှသာ ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့ ကြောင်း၊ အိန္ဒိယနိုင်ငံသည်လည်း ထိုနည်းလည်းကောင်းဖြစ်ကြောင်း၊ အိန္ဒိယ နိုင်ငံ လွတ်လပ်ရေးရပြီးခါစတွင်လည်း အိန္ဒိယ - ပါကစ္စတန် ကွဲထွက်မှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်လွတ်မြောက်ရေး စစ်ပွဲ၊ အရှေ့ဘက်ကြည့်သော် လာအိုနိုင်ငံ သည်လည်း ထိုနည်းအတိုင်းသာ ဖြစ်နေ ကြောင်း၊ အိမ်နီးနားချင်းနိုင်ငံထဲတွင် မတိုက်ဖူးသည့်ကားဟူ၍ ထိုင်းနိုင်ငံသာ ရှိကြောင်း၊ သို့သော် ထိုင်းနိုင်ငံလည်း ပွတ်ဆွဲခံရကြောင်း၊ ဂျပန်က မြန်မာကို စစ်ဆင်ရန်အတွက် ထိုင်းနိုင်ငံကို ဖြတ်ခဲ့ ကြောင်း၊ ဒီဘက်ကလည်း ဟိုဘက်ကို စစ်ဆင်ရန်အတွက် ထိုင်းကိုဖြတ်ခဲ့ ကြောင်း၊ သို့သော် ထိုကိစ္စများသည် အတိတ်သမိုင်းဖြစ်ရပ်များ ဖြစ်ကြောင်း။
ဖြစ်ခဲ့သည့်ဖြစ်စဉ်တိုင်းတွင် မြန်မာ နိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်သည့်အခါ အမျိုးမျိုးသုံးသပ်ကြ ကြောင်း၊ တပ်မတော်ကြောင့်၊ တိုင်းရင်း သားလက်နက်ကိုင်များကြောင့် စသည် ဖြင့် အမျိုးမျိုးပြောကြကြောင်း၊ တစ်ဖက် ကလည်း အယူဝါဒရေးရာကြောင့်ဟူ၍ ပြောကြကြောင်း၊ မြန်မာလူမျိုးများ၏ နိုင်ငံရေးဓလေ့စရိုက်ကြောင့်ဟူ၍လည်း ပြောကြကြောင်း၊ မည်သို့ပင်ဖြစ်စေ ဂျက်ဖရီဆာ့(စ) ရေးသားသည့် ဆင်းရဲမှု လွတ်ကင်းအောင်ဆိုသည့် စာအုပ်ထဲတွင် ပါသည့်စကားလုံးကို ကိုးကားလိုကြောင်း၊ ဆင်းရဲမွဲတေမှု(Poverty)က အကြောင်း ရင်းတစ်ရပ်တည်း မဟုတ်ကြောင်း၊ ဖွံ့ဖြိုး ဆဲနိုင်ငံများ၏ ဆင်းရဲမွဲတေမှုကို လေ့လာ သည့်အခါ မကျန်းမာသောလူတစ်ယောက်၊ နာလန်မထသည့် လူတစ်ယောက်ကို ကျန်းမာရေးစစ်ဆေးသည့်အခါ ရောဂါ ပေါင်းစုံ တွေ့ရသကဲ့သို့လည်းရှိကြောင်း၊ ထို့အတူမည်သူ့ကိုမျှ အပြစ်မတင်ဘဲ လုပ်ဆောင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်လျှင် အဓိကလိုအပ်ချက်ဖြစ်သည်ကို အစိုးရ အဆက်ဆက် ဖော်ထုတ်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးမရှိ၍ မိမိတို့တိုင်းပြည် တိုးတက်မှုမရှိခြင်းဖြစ်ကြောင်း၊ သို့သော် လက်တွေ့လုပ်ဆောင်ပြီး ပြေလည်သွားပါ သည်ဟူ၍ လက်တွေ့တွင် အားလုံးပြေလည် အောင် ဖြေရှင်းပေးနိုင်ခဲ့ခြင်းမရှိခဲ့ ကြောင်း။
ဒီမိုကရေစီ အသွင်ကူးပြောင်းစကာလ ၂၀၁၅ ခုနှစ်တွင် နိုင်ငံတကာအဖွဲ့အစည်း များအပါအဝင် NCA လက်မှတ်ရေးထိုးနိုင် ခဲ့ခြင်းသည် သမိုင်းမော်ကွန်းတစ်ရပ်ဖြစ် ကြောင်း၊ ယခုဒရိုင်ဘာထိုင်ခုံတွင် ထိုင်နေ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစိုးရအနေဖြင့်လည်း ငြိမ်းချမ်းရေးသည် သာ အဓိကဟုမြင်ကြောင်း၊ ငြိမ်းချမ်းရေး မရှိသည့်အတွက် မိမိတို့ခွန်အား၊ စွမ်းအား များ၊ အချိန်များသည် ထိုအပေါ်မှာသာ ကုန်ခဲ့ရကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးအပေါ် အားစိုက်သင့်သလောက် အားမစိုက်ရကြောင်း၊ ထို့ကြောင့် ၂၀၂၂ ခုနှစ်တွင် ငြိမ်းချမ်းရေးကို လုပ်ဆောင် မည်ဟု ပြောခဲ့ခြင်းဖြစ်ကြောင်း၊ တစ်နှစ် တည်းဆိုသော်လည်း ရောက်နိုင်သည့် အဆင့်ထိရောက်အောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီးပြောသည့်အခါ မီဒီယာများ ကို မိမိမကြာခဏပြောခဲ့သကဲ့သို့ ၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးသည် ဆိုသည်မှာ လက်မှတ်ရေးထိုးသည့်အချိန် ကိုသာမြင်ကြောင်း၊ ယခင်တပ်မတော် အစိုးရလက်ထက်က NCA လက်မှတ် ရေးထိုးသည့် လူအများစုသည် အနည်း ဆုံး Bilateral စာချုပ်ရှိကြကြောင်း၊ Gentlemen’s Agreement များ ရှိကြ ကြောင်း၊ ၎င်းတို့သည် နယ်မြေသတ်မှတ် ချက်များရှိကြောင်း၊ ထိုအထဲမှအခြေခံပြီးဖြစ်လာကြောင်း၊ ယခုအချိန်တွင် NCA လက်မှတ်မရေးထိုးသေးသူများ၊ NCA လက်မှတ် ရေးထိုးပြီးသူများသည် ငြိမ်းချမ်းရေးကို တက်လှမ်းနိုင်ရန် အဆင့် များလိုကြောင်း၊
ထိုအဆင့်များထဲမှအဆင့်များကို တက်နိုင် ရန် မိမိတို့ကြိုးစားဆောင်ရွက်မည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
NP News သတင်းဌာနမှပင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဘက်က ၂၀၂၃ ခုနှစ် ဩဂုတ်လမတိုင်မီ ရွေးကောက်ပွဲ လုပ်ပေးမည်ဟူ၍ ကတိကဝတ်များရှိခဲ့ သည်ကို တွေ့ရကြောင်း၊ ထပ်ပြီးစိတ်ဝင်စား ဖွယ်ကောင်းသည့်ကတိကဝတ်မှာ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများကို မည်သည့်အာမခံချက်များ ကြိုပေးထား နိုင်မည်ကို သိလိုကြောင်း၊ ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင်ကလည်း ပုဒ်မ ၂၆၁ ကို လွန်ခဲ့သည့်နှစ်နှစ်ကျော်က ပြောခဲ့ဖူး ကြောင်း၊ ယခုကတည်းကကြိုပြီး မည်သို့ သော နိုင်ငံရေးကတိကဝတ်များ ပေးနိုင် မည်ကိုသိလိုပါကြောင်း မေးမြန်းသည်။
အဖွဲ့ကြီးပေါင်း ၁၈ ဖွဲ့ရှိ
ဗိုလ်ချုပ်ဇော်မင်းထွန်းက ရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ပြောခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံရေးပါတီ ၉၂ ပါတီရှိကြောင်း၊ ၉၂ ပါတီ တွင် တိုင်းရင်းသားပါတီပေါင်း ၄၈ ပါတီ ရှိကြောင်း၊ တိုင်းရင်းသားပါတီပေါင်း ၄၈ ပါတီထဲတွင် တိုင်းရင်းသားပါတီ ၁၈ ပါတီ မှာပူးပေါင်းပြီးဖြစ်ကြောင်း၊ ကချင် သုံးပါတီ၊ ကယားနှစ်ပါတီ၊ ကရင်သုံးပါတီ၊ ချင်း သုံးပါတီ၊ မွန်နှစ်ပါတီ၊ ရခိုင်နှစ်ပါတီ၊ ရှမ်း နှစ်ပါတီတို့ ပူးပေါင်းပြီးဖြစ်ကြောင်း၊ ပြည်နယ်တစ်ဝန်းလုံးကို စည်းရုံးမည့်ပါတီ ပေါင်း ၇၄ ခုရှိကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ်တွင် စည်းရုံးမည့်ပါတီ ၁၈ပါတီ ရှိကြောင်း၊ ပါတီများခွဲမှတ်မည်ဆိုလျှင် တည်ဆဲ ၉၂ ပါတီ၊ တိုင်းရင်းသားပါတီ ၄၈ ပါတီထဲတွင် ပူးပေါင်းပြီးပါတီများပါကြောင်း၊ EAO အဖွဲ့များအနက် NCA လက်မှတ် ရေးထိုးပြီးသား EAO အဖွဲ့များ ၁၀ ခုရှိ ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ရှစ်ဖွဲ့၊ NLD အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုး သည့် နှစ်ဖွဲ့စုစုပေါင်း ၁၀ ဖွဲ့၊ NCA လက်မှတ် ရေးထိုးပြီး EAO အဖွဲ့ ရှစ်ဖွဲ့ရှိကြောင်း၊ အားလုံးအဖွဲ့ကြီးပေါင်း ၁၈ ဖွဲ့ရှိကြောင်း။
နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီ များ၊ EAO အဖွဲ့များကို မိမိတို့ပြောနိုင်သည် မှာ နံပါတ် (၁) အချက်အနေဖြင့် မိမိတို့ ကတိပေးထားသည့်အတိုင်း လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲကို ပြန်ပြီး လုပ်ပေးမည်ဖြစ်ကြောင်း၊ နံပါတ် (၂) ပေးနိုင် သည့်ကတိမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် ကို မိမိတို့အာမခံကြောင်း၊ ဒီမိုကရေစီကို မိမိမရှင်းပြတော့ဘဲ ဖက်ဒရယ်စနစ်ကိုသာ ပြောမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီး ချုပ်က စတုတ္ထအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)တွင် ပြောခဲ့ပြီးဖြစ်ကြောင်း၊ ယင်းအထဲတွင် ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားနေသည့် တိုင်းဒေသများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဟု ပြောကြောင်း၊ မိမိတို့ ယူဆထားသည့် ဖက်ဒရယ်သည် ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်း ဖြစ်ကြောင်း၊ နံပါတ်(၃)အချက်က နိုင်ငံ ရေးပါတီ၊ တိုင်းရင်းသားပါတီဝင်များ အပါအဝင် နိုင်ငံရေးပါတီများသည် ၎င်းတို့ ကို ထောက်ခံသည့် ပြည်သူလူထုကို ကိုယ်စားပြုသည့် လူများဖြစ်ကြောင်း၊ ထို့ကြောင့် မတူကွဲပြားသည့် ကိုယ်စားပြု မှုများရှိကြောင်း၊ ပါတီများက ဝါဒရေးရာ အရဖြစ်လာသည့် ပါတီများဖြစ်ကြောင်း၊ ဥပမာပြောရလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမေးလျှင် ၎င်းကဒီမိုကရေစီဟု ပြောမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီတပ် ထားသည့်ပါတီကို ၎င်းတို့၏ရည်မှန်းချက် ကိုမေးလျှင် ဒီမိုကရေစီဟုပြောကြောင်း၊ ပြည်ခိုင်ဖြိုးပါတီကိုမေးလျှင် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီဟု ပြော မည်ဖြစ်ကြောင်း၊ ထိုအရာများသည် ဝါဒ ရေးရာပါတီများဖြစ်ကြောင်း၊ ၎င်းတို့ သွားမည့် ဒီမိုကရေစီလမ်းကြောင်းချင်း အနည်းငယ်ကွဲပြားချင် ကွဲပြားလိမ့်မည် ဖြစ်ကြောင်း၊ လူမျိုးရေးနှင့်ပတ်သက်သည့် ပါတီများသည် လူမျိုးစုအလိုက် ကိုယ်စား ပြုသည့်ပါတီများဖြစ်ကြောင်း၊ ဒေသ အလိုက် ကိုယ်စားပြုသည့်ပါတီများ အနည်းငယ်ရှိကြောင်း၊ ထိုပါတီများက ကိုယ်စားပြုမှုအပေါ်မူတည်ပြီး ၎င်းတို့၏ပရိသတ်များရှိကြောင်း၊ ထို့ကြောင့် ပါတီများ၊ တိုင်းရင်းသားလူမျိုးစုများကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ရေး အတွက် မိမိတို့သည် အချိုးကျကိုယ်စားပြု စနစ် PR ကိုသွားမည်ဟု အာမခံကြောင်း။
နံပါတ် (၄) အချက်ကို နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် NCA (၅) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မိမိတို့ဒေသအကျိုးကို မိမိတို့ကိုယ်တိုင် ပိုမိုဖော်ဆောင်နိုင်ရန် သက်ဆိုင်ရာ ဒေသခံပြည်သူများအနေဖြင့် ဒီမိုကရေစီ၏အနှစ်သာရကို ပိုမိုခံစားရရှိ နိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များကို သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော်များက ရွေးချယ်ခန့်ထားနိုင်ရန် တပ်မတော်က လိုလားကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များ၊ တိုင်းဒေသကြီး လွှတ်တော်များက ရွေးချယ်ခန့်ထားနိုင် ရန် မိမိတို့ ကတိပေးခဲ့ပြီးဖြစ်ကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက် ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဇယား ၂ တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဥပဒေပြုစာရင်း အချက် ၃၄ ချက် မိမိတို့ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဇယား ၅ တွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များ က အကောက်ခံရမည့်အကောက်ခွန်များ အချက် ၂၀ ကို ပြင်ဆင်ပေးခဲ့ကြောင်း၊ တိုးချဲ့ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် လိုအပ်လျှင် ထပ်မံတိုးချဲ့နိုင်ရန် ဆွေးနွေး မည်ဟု ပြောခဲ့ကြောင်း၊ အခြေခံဥပဒေတွင် ပြည်နယ်များ၊ တိုင်းဒေသကြီးများ၏ လုပ်ပိုင်ခွင့်များ အခွန်အကောက်များကို ထိုဇယား ၂ နှင့် ဇယား ၅ တွင် ဖော်ပြ ထားကြောင်း၊ ထိုသို့ပြုပြင်ကတည်းက တပ်မတော်အနေဖြင့် ထောက်ခံခဲ့ကြောင်း၊ ထိုသို့နောက်ထပ်လုပ်ဆောင်နိုင်ရန် ကတိ ပေးနိုင်ကြောင်း၊ နံပါတ် (၆) အနေဖြင့် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းအသစ် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် နိုင်ငံ ရေးပါတီများအနေဖြင့် UEC နှင့် တွေ့ဆုံခဲ့ မှုများရှိကြောင်း၊ ငြိမ်းချမ်းရေး ဦးဆောင် မှုညှိနှိုင်းရေးအဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်းများ လည်းရှိကြောင်း၊ ထိုနေရာတွင်လည်း လမ်းဖွင့်ပေးထားခဲ့ကြောင်း၊ ညှိနှိုင်းဆွေး နွေးပြီးမှ နောက်ထပ်ခရီးဆက်နိုင်ရန် မိမိ တို့ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ မိမိ တို့ကတိပေးနိုင်သည့် အချက်ငါးချက်ကို ပြောပြီးဖြစ်ကြောင်း၊ ဆက်လုပ်သွားမည့် အချက်တစ်ချက်ရှိပြီး ထိုအချက် ခြောက် ချက်သည် တိုင်းရင်းသားပါတီများနှင့် EAO အဖွဲ့များကို မိမိတို့လက်တွေ့ဆောင်ရွက် နေသည့်၊ ကတိပေးနိုင်သည့် အချက်များ ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
သူရိယနေဝန်းသတင်းဌာန ကိုယ်စား ပြု မသဇင်ဦးက လာမည့်ဖေဖော်ဝါရီလ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်တာဝန် လွှဲပြောင်း တာဝန်ယူခဲ့သည်မှာ တစ်နှစ်ပြည့်ပြီ ဖြစ်ကြောင်း၊ တစ်နှစ်ပြည့်ပြီဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရေး ပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက် ပုဒ်မ ၄၂၅ အရဆက်လက်၍ သက်တမ်းတိုးသွားရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်းနှင့် လာမည့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် နောက်ဆုံးထား၍ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးသွားမည်ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဝန်ကြီးချုပ်က ပြောကြားသွားမှုရှိကြောင်း၊ မိမိတို့နိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် ယနေ့ကာလ တွင် တည်ငြိမ်မှုမရှိသေးသဖြင့် လာမည့် ၂၀၂၃ ခုနှစ်တွင် မိမိတို့မျှော်လင့်ထား သကဲ့သို့ ရွေးကောက်ပွဲကြီးကျင်းပရန် ဖြစ်မှဖြစ်ပါ့မလားဆိုသည့် စိုးရိမ်စိတ်များ ဖြစ်နေကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး သိရှိလိုကြောင်းမေးမြန်းသည်။
ပြဋ္ဌာန်းချက်များ၊ နည်းလမ်းများရှိ
ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖေဖော် ဝါရီလ ၁ ရက်နေ့တွင် တစ်နှစ်ပြည့်မြောက် ပြီဖြစ်ကြောင်း၊ တစ်နှစ်ပြည့်မြောက်ပြီးလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ အရေးပေါ်ကာလ ဆိုင်ရာပြဋ္ဌာန်းချက်များအရ မိမိတို့လုပ် ဆောင်ရမည့်ပြဋ္ဌာန်းချက်များ၊ နည်းလမ်း များရှိပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရှိနေသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အခြေအနေတင်ပြပြီး သက်တမ်းတိုးနိုင်ရန် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခု ဖြစ်ပျက်နေသည့်အခြေအနေမှာ ကယား ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးမြောက်ပိုင်း၊ မကွေးတိုင်းဒေသ ကြီးမြောက်ပိုင်း၊ တချို့နေရာများတွင် မငြိမ်မသက်ဖြစ်နေသည်များ၊ အကြမ်း ဖက်မှုများရှိနေသေးကြောင်း၊ ၂၀၂၃ ခုနှစ် သြဂုတ်လသည် ဥပဒေအရ နောက်ဆုံး ရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး မိမိတို့ကတိ အတိုင်းဖြစ်နိုင်အောင် ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း၊ သို့သော်မငြိမ်မသက် ဖြစ်အောင် မိမိတို့လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် တချို့သော EAO အဖွဲ့ထဲကအစိတ် အပိုင်းအချို့ကသာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် EAO အဖွဲ့များနှင့်ပတ်သက်ပြီး မိမိတို့၏စခန်းများ၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနေရာများ၊ ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လာရောက်မတိုက်ခိုက်မချင်း မိမိတို့အနေ ဖြင့် တိုက်ခိုက်မှုမရှိကြောင်း၊ သို့သော် လာရောက်ထိပါးလာပါက မိမိတို့အနေဖြင့် လုံခြုံရေးအရ လိုအပ်သလိုဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ထပ်ပြောရလျှင် ကတိအတိုင်းဖြစ်နိုင် အောင် ကြိုးစားဆောင်ရွက်လျက်ရှိ ကြောင်း ပြန်လည်ဖြေကြားသည်။
သူရိယနေဝန်းသတင်းဌာန ကိုယ်စား ပြု မသဇင်ဦးက ယခုလက်ရှိဖြစ်ပျက် နေသည့် ပြဿနာတော်တော်များများတွင် ဝန်ထမ်းများဆိုလျှင် လစာအခြေအနေ နှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် တိုးမြှင့်မပေးနိုင်သေးသည်ကို မိမိတို့ နားလည်နိုင်ပါကြောင်း၊ တစ်ဖက်တွင် လည်း ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူများ အလူးအလဲခံနေရကြောင်း၊ ကုန်စျေးနှုန်းဆိုသည်ထက် ဆီစျေးတိုးမြင့် မှုပြဿနာက အလွန်ဆိုးဆိုးရွားရွား ဖြစ်နေကြောင်း၊ အထူးသဖြင့် ဆီစျေးနှင့် ပတ်သက်၍ လေ့လာကြည့်ရာတွင် ပြည်ပ က တင်သွင်းသည့်ဆီများကို စျေးမသက် မသာနှင့်ဝယ်ရသည်ကို နားလည်ပေးနိုင် သော်လည်း မိမိတို့ပြည်တွင်းက ထုတ်လုပ်နိုင်သည့်ဆီများကို အစိုးရ စျေးနှုန်းဖြင့် ရောင်းချခြင်းမရှိဘဲ နိုင်ငံခြား ကတင်သွင်းသည့် စျေးနှုန်းအတိုင်း ရောင်းချနေသည့် ဆီဆိုင်များရှိကြောင်း၊ မြန်မာနိုင်ငံရှိဆီဆိုင် ၁၀၀ တွင် ဆိုင်ပေါင်း ၉၀ ကျော်ခန့်က ဆီခြင်တွယ်မှု မမှန်မကန် လုပ်ဆောင်နေသည်ကို မိမိတို့ကိုယ်တွေ့ တွေ့ရှိခဲ့ကြောင်း၊ ယင်းနှင့်ပတ်သက်၍ မည်သို့ကြီးကြပ်လုပ်ဆောင်ပေးနိုင်မည်ကို သိလိုကြောင်းမေးမြန်းသည်။
ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိ
ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာ နိုင်ငံ၌ စက်သုံးဆီထုတ်လုပ်နေသည့် ရေနံချက်စက်ရုံများရှိကြောင်း၊ သို့သော် လက်ရှိတွင် လုပ်ငန်းပြည့်လည်ပတ်နေ သည့် စက်ရုံမှာ ယခင်ကတည်းက စက်ရုံ တစ်ရုံသာရှိကြောင်း၊ ရေနံထွက်နှုန်းနှင့် ၎င်း၏ထုတ်လုပ်နိုင်စွမ်းက ပြည်တွင်း သုံးစွဲနေသည့်ပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့် သာရှိကြောင်း၊ စက်အခြေအနေကလည်း အဆင့်မြင့်သည့် စက်သုံးဆီမထုတ်လုပ် နိုင်ကြောင်း၊ 92၊ 95 တို့ကို မထုတ်လုပ်နိုင် ကြောင်း၊ 70 Ron သာ ထုတ်လုပ်နိုင် ကြောင်း၊ ၉၀ ရာခိုင်နှုန်းကျော်က ပြည်ပမှ ပြည်တွင်းကို တင်သွင်းနေရကြောင်း၊ ရေနံစိမ်းစျေးများလည်း တက်နေကြောင်း၊ စက်သုံးဆီနှင့်ပတ်သက်ပြီး မိမိတို့ဖြေလျှော့ ဆောင်ရွက်ပေးနေသည်မှာ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာများ ရောင်းချပေးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အရောင်းဆိုင် ၂၂၀ ကျော်တွင် သက်သာ သည့်စျေးနှုန်းအတိုင်း ရောင်းချပေးလျက် ရှိကြောင်း၊ ယင်းသို့ရောင်းချရာတွင်လည်း သက်ဆိုင်ရာကော်မတီများ၏ ကြီးကြပ်မှု နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် အခြား သက်ဆိုင်သည့်ဌာနများ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက် လျက်ရှိကြောင်း၊ ယခင်ခေတ်ကကဲ့သို့ အစိုးရစက်သုံးဆီဆိုင်များက ဖြန့်ဖြူးပေး ခြင်းမျိုး မဖြစ်နိုင်တော့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ယခင်က မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေး အရောင်းဆိုင်များ ကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့ပြီးနောက် လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို ၂၀၁၇ ခုနှစ် တွင် ဥပဒေပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့ ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဘေးကင်းလုံခြုံမှုရှိစေရန်နှင့် လွတ်လပ် မျှတသည့် စျေးကွက်ဖြစ်စေရေးအတွက် အဓိကထား၍ ကြပ်မတ်လျက်ရှိကြောင်း၊ နိုင်ငံပိုင်ရေနံချက်စက်ရုံ၏ ထုတ်လုပ် နိုင်သည့်ပမာဏ၊ ထုတ်လုပ်နိုင်သည့် ဓာတ်ဆီအရည်အသွေးများက နိုင်ငံတော် ၏ မြို့အင်အားအလိုက် အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချရန် လက်ရှိအခြေအနေ အရ လုပ်၍မရနိုင်ကြောင်း၊ ထိုကိစ္စများ နှင့်ပတ်သက်၍ စက်သုံးဆီစျေးနှုန်း ကြီးကြပ်ရေးကော်မတီကို မိမိတို့အနေ ဖြင့် ပြော၍ရကြောင်း၊ အရည်အသွေး စစ်ဆေးရေးကော်မတီအနေနှင့်လည်း လိုက်ပါဆောင်ရွက်ပေးနိုင်သည်ဟု ပြောလို ကြောင်းပြန်လည်ဖြေကြားသည်။
သူရိယနေဝန်းသတင်းဌာန ကိုယ်စား ပြု မသဇင်ဦးက ၂၀၂၂ ခုနှစ် WTI ၏ အစီရင်ခံစာလည်း ထွက်ပေါ်လာပြီဖြစ် ကြောင်း၊ ထိုအစီရင်ခံစာတွင် ကိုဗစ်စတုတ္ထ လှိုင်းအလွန်၌ ဆီစျေးများထပ်မံမြင့်တက် ရန်ရှိသည်ဟု ဖော်ပြထားကြောင်း၊ ယခု လက်ရှိ မိမိတို့နိုင်ငံတွင် ဖြစ်ပျက်နေသည် မှာ ဆီစျေးနှုန်းမြင့်မားမှုအပြင် ဆီဆိုင် များ၏ ခြင်တွယ်မှုမမှန်ကန်သည့်ပြဿနာ ကို ရင်ဆိုင်နေရသည့်အတွက် ယင်းဆိုင် များကို အရေးယူရန် မည်သို့ဆောင်ရွက် မည်ကိုသိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်သုံးဆီ ကြီးကြပ်ရေး အရည်အသွေးစစ်ဆေးရေး ကော်မတီရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက် ပြီး ယခင်ကလည်း ထုတ်ပြန်ခဲ့ဖူးကြောင်း၊ တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များလည်း သတင်းစာများတွင် ထုတ်ပြန်ခဲ့ကြောင်း၊ ပြည်သူလူထုကလည်း တစ်ဖက်တစ်လမ်း က ကူညီသောအားဖြင့် မသမာမှုများတွေ့ လျှင် ၎င်းနေရာများကို တိုင်ကြားရန်၊ အကြောင်းကြားပေးရန် မိမိအနေဖြင့် မေတ္တာရပ်ခံလိုကြောင်း ပြန်လည်ဖြေကြား သည်။
(ဆက်လက်ဖော်ပြပါမည်)