၁၃၈၃ ခုနှစ် သင်္ကြန်ရက်များအတွင်း ရေပေးဝေရေးအစီအစဉ်


 

 

၁။    ၁၃၈၃ ခုနှစ် မဟာသင်္ကြန်ရက်များအတွင်း ပြည်သူများရေပြတ်လပ်မှုမရှိစေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊  အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က  စီစဉ်ထားရှိရာ  ဧပြီလ ၁၃ရက် (သင်္ကြန်အကြိုနေ့)၊ ဧပြီလ ၁၄ရက် (သင်္ကြန်အကျနေ့)၊ ဧပြီလ ၁၅ ရက် (သင်္ကြန်အကြတ်နေ့)၊ ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့)တို့တွင် အောက်ပါအတိုင်း ရေပေးဝေမည်ဖြစ်ပါသည်-
    (က)    ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်းနှင့်ဒဂုံမြို့နယ်များသို့ နံနက်  ၈ နာရီမှ ‌၁၁ နာရီအထိ တစ်ကြိမ်၊ ညနေ ၃နာရီမှ ၆နာရီအထိ တစ်ကြိမ်၊ နှစ်ကြိမ်ခွဲ၍  ရေပေးဝေမည်ဖြစ်ပါသည်။
    (ခ)    အလုံ၊ ကြည့်မြင်တိုင်နှင့် စမ်းချောင်းမြို့နယ်တို့အား နံနက် ၈နာရီမှ ၁၀နာရီအထိ ရေပေး ဝေသွားမည်ဖြစ်ပါသည်။
    (ဂ)    တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊  ဗိုလ်တထောင်၊  မင်္ဂလာဒုံ၊  အင်းစိန်၊    မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊  ရွှေပြည်သာ၊   မြောက်ဥက္ကလာပ၊    တောင်ဥက္ကလာပ၊
        သင်္ဃန်းကျွန်း၊  ရွှေပေါက်ကံမြို့သစ်၊  သာကေတ၊  ဒေါပုံ၊  ဒဂုံမြို့သစ်(မြောက်ပိုင်း)၊  ဒဂုံမြို့ သစ် (တောင်ပိုင်း)နှင့်  ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊  ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်များသို့  မူလရေပေးဝေချိန်အတိုင်း ပေးဝေမည်ဖြစ်ပါသည်။
၂။    ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)တွင် မြို့နယ်များအားလုံးသို့ ယခင်ပုံမှန်ရေပေးဝေချိန်အတိုင်း ပြန်လည်ပေးဝေသွားမည်ဖြစ်ပါသည်။ သတ်မှတ်ရေပေးချိန်အတွင်း  ရေပိုက်များ  အရေးပေါ်ပြင်ဆင်ရန် လိုအပ်ပါက သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ချထားသည့် (ရေ/သန့်)ဝန်ထမ်းများထံ အကူအညီတောင်းခံနိုင်ပြီး အရေးတကြီးအကူအညီလိုအပ်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) တယ်လီဖုန်း(၀၉-၅၀၈၇၀၆၄၊ ၀၉-၅၀၅၁၉၈၆၊ ၀၉-၅၁၃၃၂၀၂၊ ၀၉- ၅၀၈၇၆၇၇) တို့ကို ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။
အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)