
နေပြည်တော် ဇန်နဝါရီ ၁၂
(၁၃၁)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော် ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး လိုဏ်ဂူတော် အတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ဥပ္ပါတသန္တိ စေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်၊ နေပြည်တော် ပျဉ်းမနားမြို့ အုန်းတောပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ဂန္ထဝါစက ပဏ္ဍိတ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဆရာ တော် ဘဒ္ဒန္တတိဿ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ နေပြည်တော် သာသနာရေးမှူး၊ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြည်ညို ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင် ဖွင့်လှစ် ပြီး အုန်းတောပရိယတ္တိစာသင် တိုက် စာချဆရာတော် ဘဒ္ဒန္တ ဗုဒ္ဓ ပီယ၊ ဂန္ထဝါစကပဏ္ဍိတက ဒေဝ နိမန္တနဂါထာကို ဖတ်ကြား၍ နတ်ဗြဟ္မာများကို ပင့်ဖိတ်သည်။
ထို့နောက် နေပြည်တော် ပျဉ်းမနားမြို့ အုန်းတောပရိယတ္တိ စာသင်တိုက် ပဓာန နာယက၊ ဂန္ထ ဝါစက ပဏ္ဍိတ၊ မဟာဂန္ထဝါစက ပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တတိဿ ထံမှ ဧည့်ပရိသတ်များက ငါးပါး သီလခံယူဆောက်တည်ကြသည်။
ယင်းနောက် အုန်းတော ပရိယတ္တိစာသင်တိုက် စာချဆရာ တော် ဘဒ္ဒန္တဗုဒ္ဓပီယ၊ ဂန္ထဝါစက ပဏ္ဍိတက ပဋ္ဌာန်းရောင်ခြည်တော် ဖွင့်ဂါထာကို ရွတ်ဖတ်ပူဇော် သည်။
ဆက်လက်၍ အမြဲတမ်း အတွင်းဝန် ဦးမြင့်ဦးနှင့်တာဝန်ရှိ သူများက ဆရာတော်၊ သံဃာ တော်များအား ပဋ္ဌာန်းကျမ်း စာအုပ်နှင့် ပဋ္ဌာန်းပရိတ်အိုးများကို ဆက်ကပ်ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များ ဦးဆောင်၍ ဧည့် ပရိသတ်များက ပဋ္ဌာန်းပစ္စ ယုဒ္ဒေသ ပါဋ္ဌိတော်ကို ရွတ်ဖတ် ပူဇော်ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါ အသံမစဲ မဟာ ပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၂ ရက် မှ ၁၆ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်