(၁၂) ကြိမ်မြောက် မဲခေါင်စာပေဆုရရှိသူများစာရင်း ထုတ်ပြန်ကြေညာ

 

ရန်ကုန်   ဖေဖော်ဝါရီ    ၁၆


မြန်မာနိုင်ငံ  စာရေးဆရာအသင်း၊ (၁၂)ကြိမ်မြောက် မဲခေါင်စာပေဆု ရွေးချယ်ရေးအဖွဲ့သည် ပြိုင်ပွဲဝင်စာအုပ်များ ဖိတ်ခေါ်၍ အပြီးသတ် စိစစ်ရွေးချယ်ခဲ့ရာ ဝတ္ထုတိုပေါင်းချုပ်ဆုကို “အကြီးကိုကို(ကသာ)”  (ဦးဇော်ဝင်းအောင်) ရေးသားသည့် “ပြိုပျက်ခဲ့သော သက္ကရာဇ်များ” (Anthology of Ruined Eras) ကလည်းကောင်း၊ ကဗျာပေါင်းချုပ်ဆု ကို “စလင်းဘုန်းကျော်”(ဦးသန်းအေး)ရေးသားသည့် “နွေဦးအော်ပရာ ကဗျာများ” (Spring Opera Poems)  ကလည်းကောင်း ဆုရရှိ ကြောင်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

 


ဗီယက်နမ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် တရုတ် (ယူနန်ပြည်နယ်)နိုင်ငံတို့     ပါဝင်သည့်   မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများအတွက်   ချီးမြှင့်မည့်  (၁၂) ကြိမ်မြောက်  မဲခေါင်စာပေဆု ချီးမြှင့်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် အလှည့်ကျတာဝန်ယူရမည့် လာအို နိုင်ငံ၏  အစီအစဉ်ဖြင့်   ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း   သတင်း ရရှိသည်။


သတင်းစဉ်