၁၂-၇-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

(ယမန်နေ့မှအဆက်)


NHP   သတင်းဌာနမှ   အယ်ဒီတာချုပ် ဦးဝင်းဦးက   ပြီးခဲ့သည့်  သတင်းစာ ရှင်းလင်းပွဲများတွင်   ပြောခဲ့သည့်  NLD ပါတီ   ဖျက်သိမ်းမည်ဆိုသည့်    သတင်း များမှာ    ပျံ့လွန်းအားကြီးနေကြောင်း၊ ကော်မရှင်အနေဖြင့် ထိုသို့ဖျက်သိမ်းမည့် အခြေအနေအထိ   ရောက်/မရောက်နှင့် အထောက်အထားများကို ရှင်းပြပေးစေ လိုကြောင်း မေးမြန်းသည်။


ပြည်ထောင်စု       ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်    ဦးခင်မောင်ဦးက ကော်မရှင်အနေဖြင့်        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏    ရှေ့ဆက်  ဆောင်ရွက်မည့် လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းစဉ် (၁)နှင့်ပတ်သက်ပြီး ဆောင်ရွက်မှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ထုတ်ပြန်ချက်များထုတ်ပြန်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ NLD ပါတီ ဖျက်သိမ်းရေးနှင့် ပတ်သက်၍ သတ်မှတ် ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေး ပါတီ   ဥပဒေ၊   နည်းဥပဒေ  သတ်မှတ် ပြဋ္ဌာန်းချက်များရှိပြီး             ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ဖျက်သိမ်းမည်၊ မဖျက်သိမ်းမည် တို့ကို ကြိုတင်ဆုံးဖြတ်ထားခြင်း မရှိသေး ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ဥက္ကဋ္ဌ နှင့်            ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအားလုံး   ပါဝင် သည့် အစည်းအဝေးကသာ ဆုံးဖြတ်မည် ဖြစ်ကြောင်း၊    ဆုံးဖြတ်ပြီးပါကလည်း ဆုံးဖြတ်ချက်ကို    အသိပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။


NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ရွေးကောက်ပွဲကို တပ်မတော် က   အာဏာထိန်းပြီး  တစ်နှစ်အတွင်း ပြန်ပြီးကျင်းပမည်၊ အခြေအနေတည်ငြိမ် ပါက  ရွေးကောက်ပွဲကျင်းပမည့်  အခြေ အနေမျိုးအထိ ရောက်လာခဲ့မည်ဆိုပါက လက်ရှိ COVID-19 ရောဂါ ဖြစ်ပွားနေသည့် အခြေအနေမျိုးတွင် မည်သို့ပြော၍ရမည် ကို သိလိုကြောင်း မေးမြန်းသည်။


ပြည်ထောင်စု        ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်    ဦးခင်မောင်ဦးက အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီ          အားလုံးဆောင်ရွက်ပြီးပြီ ဆိုသည့်  အနေအထား၌  ၆ လအတွင်း ရွေးကောက်ပွဲ    ဆောင်ရွက်ရခြင်းဖြစ် ကြောင်း၊          ယခုအနေအထားတွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီ   ဆောင်ရွက်နေဆဲ  ကာလဖြစ် ကြောင်း၊    ထိုအပေါ်တွင်  မူတည်ပြီး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့်အညီ   ရွေးကောက်ပွဲကျင်းပရန် ရှိသည့်အချိန်တွင်   ရွေးကောက်ပွဲကို သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ဖြင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ COVID-19 ရောဂါနှင့်ပတ်သက်ပြီး ပြီးခဲ့ သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လည်း       အတိုင်းအတာတစ်ခုအထိ အတွေ့အကြုံရရှိခဲ့သည့်အတွက် လိုအပ် သလို   စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြန်လည်ပြောကြားသည်။


NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ၆ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောထားမှုများ၊ ဖြေကြား မှုများလည်းရှိကြောင်း၊ ယခုကြားထဲတွင် လည်း မဲစာရင်းမှားယွင်းမှုများကို အပြီး သတ် ထုတ်ပြန်ထားမှုလည်းရှိကြောင်း၊ အရေးယူမှုနှင့်ပတ်သက်၍ ရည်ရွယ်ချက် ရှိရှိ အရေးယူမည်ဟု ပြောကြားခဲ့မှုလည်း ရှိကြောင်း၊   ယခု အရေးယူပြီးခဲ့မှုရှိပါက မည်မျှရှိမည်လဲ၊ သို့မဟုတ် မယူရသေးဘူး ဆိုပါက အရေးယူရန် မည်မျှရှိနေပြီကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စု        ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးက ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ အခန်း(၁၃)၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု များအရ   အရေးယူဆောင်ရွက်မှုများ ရှိခဲ့ကြောင်း၊ ထိုကိစ္စကိုလည်း ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်   ပြည်ထဲရေး ဝန်ကြီးဌာနက  ရရှိခဲ့သည့် စာရင်းများကို အခြေခံပြီးရှင်းလင်းခဲ့ပြီး ဖြစ်ကြောင်း၊ ဤသည်မှာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု များနှင့်ပတ်သက်ပြီး အရေးယူခြင်းဖြစ် ကြောင်း၊   ၎င်းတို့မှာ  မဲနှစ်ခါပေးခြင်း၊ အယောင်ဆောင်ပေးခြင်းတို့က ၅၀၀ ခန့် ရှိကြောင်း၊   တော်တော်များများလည်း ပြီးစီးပြီးပြတ်ပြီးဖြစ်ကြောင်း၊ အလားတူ ပြီးခဲ့သည့်မေးမြန်းမှုမှာ  ကော်မရှင်နှင့် ကော်မရှင်မှ တာဝန်ရှိသူများ၏ အပိုင်းကို မေးသည်ဟု ယူဆကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်ဆဲဖြစ်ပြီး လိုအပ်သည်များကိုစိစစ်ပြီး ဥပဒေအရ အရေးယူရန် ဆောင်ရွက်နေမှုများလည်း ရှိကြောင်း၊ ပြီးစီးသွားသည့်အချိန်တွင် တိတိကျကျစိစစ်၍ သေချာမှန်ကန်သွားပြီ၊ အရေးယူသည့်အပိုင်းကို  ရောက်သည့် အချိန်တွင်     အဆိုပါစာရင်းဇယားများ ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။


NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက   ရွေးကောက်ပွဲကို  ကျင်းပ သည့်အချိန်တွင် မဲဆန္ဒရှင်ဦးရေ၊ ဆန္ဒမဲ ပေးခွင့်ရှိသူဦးရေ၏ မည်မျှရာခိုင်နှုန်း မဲလာထည့်မှ ရွေးကောက်ပွဲအထမြောက် ခြင်းမျိုး   သတ်မှတ်ထားမှုရှိပါသလား၊ ရှိပါက   ပြန်ရှင်းပြပေးစေလိုကြောင်း မေးမြန်းသည်။


ပြည်ထောင်စု        ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးက ရွေးကောက်ပွဲနှင့်ပတ်သက်၍   မိမိတို့ ကျင့်သုံးသည့် ရွေးကောက်ပွဲမဲပေးသည့် စနစ်မှာ   မဲမပေးမနေရ   စနစ်မဟုတ် ကြောင်း၊   ကိုယ့်ဆန္ဒအလျောက်  မဲပေး ပိုင်ခွင့်ရှိကြောင်း၊ ထိုသို့ ပေးသည့်အခါတွင် ဘယ်နှယောက်ပေးမှ၊  ဘယ်နှယောက် မပေးမှတို့    မရှိကြောင်း၊   မဲပေးသည့် မဲဆန္ဒရှင်စာရင်း၊ မဲပေးသည့်ရလဒ်အပေါ် မူတည်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တစ်ခုသတိချပ်ရမည်မှာ မဲသည် မိမိဆန္ဒ အလျောက်   ပေး၍ရကြောင်း၊  မပေးဘဲ နေနိုင်သည်မှာ မှန်သော်လည်း တစ်စုံ တစ်ဦးတစ်ယောက်ကို မဲမပေးရအောင် ပြောမည်ဆိုပါက   ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့်      တိုက်ရိုက်ငြိစွန်းပြီး အရေးယူရမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။


NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ရွေးကောက်ပွဲကို PR စနစ် ကျင့်သုံးမည့် ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံ ရေးပါတီများနှင့်    အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရန်   ပြောထားမှုများရှိကြောင်း၊ ဘယ်နှကြိမ်   လုပ်ခဲ့ပြီးပြီလဲ၊  PR စနစ် အပေါ် အရင်ကထုတ်ပြန်ထားမှုကို ပါတီ အများစုက  လက်ခံသည်ဟု ပြောကြောင်း၊    အကယ်၍   အလုပ်ရုံဆွေးနွေးပွဲ  လုပ်ခဲ့ ပြီးပြီဆိုပါက ထိုဆွေးနွေးပွဲတွင် ၎င်းတို့ ဘက်က သဘောမတူသည့် အနေအထား မျိုးများ ကြုံတွေ့မှုမျိုးရှိခဲ့လားဆိုသည်ကိုသိလိုကြောင်း မေးမြန်းသည်။


ပြည်ထောင်စု       ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်     ဦးခင်မောင်ဦးက PR စနစ် ကျင့်သုံးရေးနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလက ပါတီများနှင့် တစ်ကြိမ် တွေ့ဆုံသည့်အချိန်တွင်    ဆွေးနွေးခဲ့ ကြောင်း၊ မေလတွင်လည်း ပါတီများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ဆွေးနွေးချက်များအရ ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲများတွင် ဖြေကြားခဲ့ကြောင်း၊ အများစုကလက်ခံ ကြောင်း၊ မူအားဖြင့်လက်ခံ၍ မည်သည့် စနစ်၊ မည်သည့်ပုံစံဖြင့် သွားမည်ဆိုသည့် အသေးစိတ်အပိုင်းကို ဆက်လက်ဆောင် ရွက်ရန်  ညှိနှိုင်းခဲ့မှုရှိကြောင်း၊ နှစ်ကြိမ် တွေ့ဆုံပြီးဖြစ်ကြောင်း၊ နောက်တစ်ကြိမ် ထပ်တွေ့သည့်အချိန်တွင်     PR    စနစ် ကျင့်သုံးရေးနှင့်ပတ်သက်၍ အသေးစိတ် ထပ်မံဆွေးနွေးရန်ရှိကြောင်းနှင့် စာတမ်း ၁၈ ခုခန့်ရရှိထားကြောင်း၊ ထိုအပေါ်တွင် မူတည်၍ အားလုံးအတွက် ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် သင့်လျော်သည့် PR စနစ်ကျင့်သုံးရေးကို ဆွေးနွေးဆုံးဖြတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း    ပြန်လည်ဖြေကြား သည်။


NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက         နိုင်ငံရေးပါတီများ အားကောင်းရန်အတွက်   ဆရာတို့က လိုအပ်သည့်နေရာက   ကူညီပေါင်းစပ် ပေးသွားမည်ကို   ဖြေကြားထားမှုများ ရှိကြောင်း၊ ယခုအချိန်အထိ UEC ဘက်က ကူညီမှုအပိုင်းတွင် မည်မျှလုပ်ခဲ့ပြီးပြီလဲ၊ ထိုအပေါ်တွင်   နိုင်ငံရေးပါတီဘက်က အားရမှုမရှိသေးသည့်   အခြေအနေမျိုး ရှိကြောင်း၊  ၎င်းတို့တွင်    အရမ်းလိုအပ် နေသည့်    အခက်အခဲများရှိကြောင်း၊ ထိုအတွက် ဆရာတို့က ထပ်မံ၍ဖြေကြား ပေးစေလိုကြောင်း၊ မည်သို့ပံ့ပိုးသွားမည် ကို သိလိုကြောင်းမေးမြန်းသည်။


ပြည်ထောင်စု        ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးက လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၉၃ ပါတီ ရှိကြောင်း၊ ထိုပါတီများသည် မိမိယုံကြည် သည့် နိုင်ငံရေးလမ်းစဉ်ပေါ်၌မူတည်ပြီး (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ လွတ်လပ်စွာစည်းရုံးပြီး မိမိမူဝါဒ လမ်းစဉ်အတိုင်း   သတ်မှတ်ထားသော နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ   ပြည်သူများကိုစည်းရုံး၍ မိမိနိုင်ငံရေးပါတီ၏   ဆောင်ရွက်စရာ လုပ်ငန်းများကို    ဆောင်ရွက်ပိုင်ခွင့်ရှိ ကြောင်း၊ ဤသည်မှာ ဥပဒေ၊ နည်းဥပဒေ အရဖြစ်ကြောင်း၊  နိုင်ငံရေးပါတီများအနေ ဖြင့်  ဆောင်ရွက်ရာတွင်  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ဆက်သွယ် ဆောင်ရွက်သည့်အချိန်တွင် အဆင်ပြေ အောင်   မိမိတို့က  ရုံးလုပ်ငန်းသဘော တရားအရ       ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊   တွေ့ဆုံဆွေးနွေးသည့် အချိန် တွင်လည်း နိုင်ငံရေးပါတီများသည် မိမိ ပါတီများ၏   အခက်အခဲများဖြစ်ဖြစ်၊ အစည်းအဝေး Agenda အရသော်လည်း ကောင်း       ဆွေးနွေးပိုင်ခွင့်များလည်း ရှိကြောင်း၊ ဆွေးနွေးသည့် အချက်များပေါ် မူတည်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ပေးနိုင်သည့် အချက်အလက်များကို အတတ်နိုင်ဆုံး အဆင်ပြေအောင်  ဆောင်ရွက်ပေးရန် ကော်မရှင်အနေဖြင့်    ဆန္ဒရှိပါကြောင်း၊ ဆောင်ရွက်လျက်ရှိသည်ကို ဖြေကြား ခဲ့ခြင်းဖြစ်ကြောင်း   ပြန်လည်ဖြေကြား သည်။


NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက   မည်သို့လိုအပ်ချက်များ၊ အခက်အခဲများကို စာတင်ခြင်းမျိုးဖြစ်စေ၊ ပါတီများ၊ တာဝန်ရှိပုဂ္ဂိုလ်များက UEC ကို လာရောက်၍ လူချင်းတွေ့တင်ပြခြင်း ဖြစ်စေ၊  ထိုကဲ့သို့လုပ်ဆောင်မှ   ကူညီမှု က အမြန်ဆုံးရမည်ဆိုသည့် သဘောမျိုး လားဟု မေးမြန်းသည်။
ပြည်ထောင်စု        ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်    ဦးခင်မောင်ဦးက ထိုသဘောမျိုး မှန်ပါကြောင်း၊ ပါတီများ တွင်လည်း ပါတီများ၏ လိုအပ်ချက်များ၊ အခက်အခဲများရှိနိုင်ကြောင်း၊ အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၌လည်း ဆောင်ရွက်နိုင်သည့် Capacity နှင့် ဆောင်ရွက်နိုင်မည့် ဥပဒေနှင့်အညီ လုပ်နိုင်သည့် လုပ်ငန်းစဉ်များရှိကြောင်း၊ ထိုအပေါ်တွင်မူတည်ပြီး ကော်မရှင်အနေ ဖြင့် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေး သွားမည့် အနေအထားကို ဖြေကြားခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။


နေပြည်တော်တိုင်းမ်သတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်က ရွေးကောက်ပွဲ  ကို နောက် ၆ လဆိုလျှင် ကျင်းပပေးမည် ကို မိမိတို့ကြားသိရကြောင်း၊ အကယ်၍ နောက်  ၆  လနေပါက  နိုင်ငံရေးနှင့် Covid-19 ရောဂါမတည်ငြိမ်မှုများ ဖြစ်ပွား သည့်အပေါ်၌ မကျင်းပနိုင်ခဲ့ပါက နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်သည့်အရာများ လုပ်ဆောင်ပေးနိုင် မည်ကို     ဖြေကြားပေး၍ရမည်ဆိုပါက ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။


ပြည်ထောင်စု       ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်    ဦးခင်မောင်ဦးက နောက်  ၆ လတွင် ဆောင်ရွက်ပေးမည် ဟု   ဖြေကြားခဲ့ခြင်း  မဟုတ်ကြောင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်အရ ၁ နှစ်ရှိကြောင်း၊ အလားတူ ဆောင်ရွက် စရာ လုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိ နေပါက သာမန်အားဖြင့် ၆ လ နှစ်ကြိမ် သက်တမ်းတိုးနိုင်မှုများလည်း    ဥပဒေ အရရှိကြောင်း၊  ကာ/လုံမှ ထိုကိစ္စများ အားလုံးဆောင်ရွက်ပြီးပါက ရွေးကောက် ပွဲကျင်းပပေးပါဟု   မိမိတို့ကော်မရှင်ကို အကြောင်းကြားသည့်    အချိန်တွင် ဆောင်ရွက်ပြီးသည့်အနေအထား ပြီးစီး ကာမှ မိမိတို့က ၆ လအတွင်း ဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဤအချိန် Time Limit  များက  သာမန်အားဖြင့် လတ်တလော         ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးကြောင်း၊       သို့သော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပါ အချက်(၁)နှင့် အချက်(၅)အတိုင်း ဆောင်ရွက်နိုင်ရေးကို အဆင်သင့်ဖြစ်အောင် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။


နေပြည်တော်တိုင်းမ်သတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်က NLD ပါတီက မဲလိမ်၊   မဲခိုးမှုပြဿနာဖြင့်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့က စိစစ် တွေ့ရှိချက်များအပေါ်တွင် ဥပဒေ by Law အတိုင်း   အရေးယူဆောင်ရွက်မည်ကို သိထားကြောင်း၊   အရေးယူဆောင်ရွက် ရာတွင်         ပါတီဖျက်သိမ်းသည့်အထိ အရေးယူဆောင်ရွက်ရန်   ရှိပါသလား၊ ပြစ်မှုကျူးလွန်သည့်   လူကိုသာလျှင် Decision အမိန့်ချ၍ အပြစ်ပေးအရေးယူ မည်လား၊ ထိုနှစ်ခုကို ကွဲကွဲပြားပြားသိလို ကြောင်း မေးမြန်းသည်။


ပြည်ထောင်စု        ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်    ဦးခင်မောင်ဦးက ထိုကိစ္စနှင့်   ပတ်သက်ပြီး   ကြိုတင်၍ ဆွေးနွေးဆုံးဖြတ်ထားခြင်း    မရှိသေး ကြောင်း၊ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အားလုံး အစည်းအဝေး၌ ထိုကိစ္စအားလုံး ကို ဆွေးနွေးဆုံးဖြတ်ပြီးမှသာ ဖြေကြား နိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။
97 Media မှ သတင်းထောက်ချုပ် နန္ဒလင်းကျော်       (ထားဝယ်)က ပြည်ထောင်စု  ရွေးကောက်ပွဲကော်မရှင် (UEC)အနေဖြင့် အချိုးကျကိုယ်စားပြု စနစ်(PR)အတွက်  ပြင်ဆင်ဆောင်ရွက်နေသည့်အချိန်တွင် နိုင်ငံရေးပါတီများက စာတမ်းများပြုစု၍ တင်ပြသော အခြေ အနေကို သိရှိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စု        ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးက နိုင်ငံရေးပါတီ ၁၈ ပါတီခန့်ဆီက စာတမ်း များရထားပြီးဖြစ်ကြောင်း၊ ထိုစာတမ်း များအပေါ်မှ လိုအပ်လျှင် Forum တစ်ခု လုပ်၍ ဆွေးနွေးပြီးမှ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်အစီအစဉ်ရှိကြောင်း ပြန်လည်ဖြေကြားသည်။


လူထုရင်ဖွင့်သံ    သတင်းမီဒီယာမှ အယ်ဒီတာ ဦးမင်းဂေါင်က NLD ပါတီ၏ မဲစာရင်းမှားယွင်းမှုများနှင့် ပတ်သက်ပြီး လူထုဆန္ဒပြမှုများ၊ တောင်းဆိုမှုများ၊ ပါတီ များကလည်း သတင်းစာရှင်းလင်းပွဲများ ဖြင့်   အကြိမ်ကြိမ်  ရှင်းလင်းတင်ပြခဲ့ပြီး UEC ကိုယ်တိုင်ကလည်း ရှင်းလင်းတင်ပြ ပြီးဖြစ်ကြောင်း၊   ထိုအတွက်  ဥပဒေ ကြောင်းအရ နိုင်ငံအတွင်း၌ တရားမျှတမှု နှင့် အမှန်တရားကိုလိုလားသည့် ပြည်သူ အားလုံးက      မျှော်လင့်တောင့်တပြီး ဖြစ်ကြောင်း၊ UEC က အားလုံးစစ်ဆေး ပြီးပြီကို   ယနေ့သိရကြောင်း၊  စစ်ဆေး ပြီးသည့်အချိန်တွင် မကြာမီအချိန်အတွင်း မည်သည့်အချိန်ကာလတွင် Result ကို ဆုံးဖြတ်မည်လဲ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌကလည်း    ဥပဒေ အတိုင်းသာ   ဆောင်ရွက်ရန်  ညွှန်ကြား သည်ကို   သိရကြောင်း၊   ဥပဒေအတိုင်း ဆိုပါက အဖြေမှာ မိမိတို့ အမျိုးသားရေး သမားများအပါအဝင်       တရားမျှတမှု လိုလားသူများ၏ဆန္ဒက     ရှင်းလင်း ကြောင်း၊ အားလုံးက တရားမျှတမှုဥပဒေ အတိုင်းသာ   လိုချင်ကြကြောင်း၊  မိမိတို့ သိလိုသည်မှာ မည်မျှလောက် မြန်မြန် ဆန်ဆန်၊ အားလုံးလည်း ပြီးသွားပြီဖြစ်၍ ထို Result ကို တစ်နိုင်ငံလုံးက ပြည်သူ များက မျှော်လင့်နေကြကြောင်း၊ အခြေ အနေအားလုံးကလည်း    စစ်ဆေးပြီးပြီ ဖြစ်သည့်အတွက်    မည်သည့်ကာလတွင် အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်မည်ကို အကြမ်းဖျင်းသိလိုကြောင်း၊   နောက် တစ်ချက်မှာ   ထိုကိစ္စနှင့် ပတ်သက်ပြီး ဆုံးဖြတ်ပါက   နိုင်ငံရေးပါတီများကို ဖိတ်ကြားတိုင်ပင်မှုများ၊ သိသာမြင်သာ အောင် ဆောင်ရွက်ရန်   ရှိ/မရှိ  သိလို ကြောင်း မေးမြန်းသည်။


ပြည်ထောင်စု       ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးက ထိုကိစ္စနှင့်   ပတ်သက်၍   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် အမှတ်စဉ်(၁)အတိုင်း ဆောင်ရွက်သည့် နေရာတွင်    ရလဒ်များထုတ်ပြန်သည့် အနေအထားမှာ    အားလုံးအတွက် ထုတ်ပြန်ပြီးစီးသည့်   အနေအထားမျိုး အထိ ရောက်ပြီးဖြစ်ကြောင်း၊ သို့သော် လည်း နောက်ထပ်အသေးစိတ် ဆောင်   ရွက်နေမှုများလည်းရှိကြောင်း၊ အားလုံး ပြီးစီးသွားပြီဆိုပါက    ဆရာမေးသည့် မေးခွန်းအတိုင်း ဤကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးဆုံးဖြတ်နိုင်မည်ဟု   ပြန်လည် ဖြေကြားသည်။ 


လူထုရင်ဖွင့်သံ   သတင်းမီဒီယာမှ အယ်ဒီတာ ဦးမင်းဂေါင်က နိုင်ငံရေးပါတီ ၉၀ ကျော်ကို နိုင်ငံခြားငွေစီးဆင်းမှုများနှင့်ပတ်သက်မှုအပါအဝင် အခြားစိစစ်ခိုင်း သည့် သဘောတရားကို ပြည်ထဲရေးသို့ တင်ထားသည်ကို အကြမ်းဖျင်းသိထား ကြောင်း၊  ထိုအနေအထားတွင်  မည်မျှ စစ်ဆေးပြီးထားပြီလဲ၊ ဘယ်တော့လောက် ထုတ်ပြန်ကြေညာမည်ကို အကြမ်းဖျင်း သိလိုကြောင်း မေးမြန်းသည်။


ပြည်ထောင်စု       ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်     ဦးခင်မောင်ဦးက ထိုကိစ္စများအတွက်    နိုင်ငံရေးပါတီ အားလုံး ၉၃ ပါတီအတွက် ဆောင်ရွက် နေကြောင်း၊ မကြာခင် အားလုံးပြီးစီးမည် ဖြစ်ကြောင်း၊ မိမိတို့ အချိန်ကာလတစ်ခု ပေးထားမှုလည်း ရှိကြောင်း၊ ပြီးစီးရန် လည်းနီးပြီဖြစ်ကြောင်း     ပြန်လည် ဖြေကြား သည်။
လူထုရင်ဖွင့်သံ    သတင်းမီဒီယာမှ အယ်ဒီတာ   ဦးမင်းဂေါင်က  ပြီးစီး၍ Result ကို တွေ့လာပါက ဥပဒေအရ အမှန်တကယ် တိတိကျကျ အရေးယူမည် လားဆိုသည်ကို သိလိုကြောင်း မေးမြန်း သည်။


ပြည်ထောင်စု          ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်    ဦးခင်မောင်ဦးက စိစစ်ချက်၊ တွေ့ရှိချက်အားလုံးကို ခြုံငုံ သုံးသပ်ပြီးမှ  ဥပဒေနှင့်အညီ  ဆုံးဖြတ် ဆောင်ရွက်သွားမည်       ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။


VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက    မြေပြင်တွင် ဖြစ်ပျက်နေသည့် လူသတ်မှုများ အလွန် များနေကြောင်း၊     သာမန်လူများပါ ကြောက်စိတ်       ဝင်နေသည့်အတွက် ယင်းဖြစ်စဉ်တွင် အုပ်ချုပ်သူများအနေဖြင့် တာဝန်ရှိနေကြောင်းကို    ဝေဖန်သံများ ကြားနေသည့်အတွက်ဖြစ်လျှင် မည်သူမျှ မကူညီနိုင်သည့်   အနေအထားကြောင့် ယင်းနှင့်ပတ်သက်ပြီး မည်သို့ထိန်းသိမ်း ရန်စီစဉ်ထားသည်ကို သိလိုပါကြောင်း မေးမြန်းသည်။


ဗိုလ်ချုပ် ဇော်မင်းထွန်းက မြေပြင် တွင် Covid-19 ရောဂါနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အစိုးရအဖွဲ့ဝင်များလည်း သိရှိပါကြောင်း၊ နိုင်ငံတော်     စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဇူလိုင်လ ၉ ရက်နေ့ ဆွေးနွေးပွဲတွင် လည်း   အောက်ခြေက  သတင်းမှန်များ ရရှိအောင် အချိန်မီသတင်းများပို့ကြရန်ပြောကြားခဲ့ကြောင်း၊   ယခုဖြစ်ပျက်နေ သည့်အခြေအနေကို မိမိတို့ဝန်ခံကြောင်း၊ ဆေးရုံ၊ ဆေးခန်းများ၌လည်း ပြည့်နေတာ ရှိကြောင်း၊  Q  စင်တာများတွင်လည်း ပြည့်နေတာရှိကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရောဂါအခြေ အနေများအရ လက်ခံဆောင်ရွက်ပေးနေ ပြီး  တပ်မတော်အနေဖြင့်လည်း  ကူညီ အားဖြည့်ပြင်ဆင်    ဆောင်ရွက်လျက် ရှိကြောင်း၊    တပ်မတော်ဆေးရုံများ၌ Covid-19 ရောဂါအခြေအနေအရ ထားရှိ နိုင်ဖို့အတွက် စုစုပေါင်း ၁၄ နေရာပြင်ဆင် ထားကြောင်း၊         နေပြည်တော်တိုင်း၌ ကျန်းမာရေးနှင့် ရောဂါနှိမ်နင်းရေးတပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၌ အောင်ပန်း တွင်ရှိသည့်   စစ်ဆေးရုံ၊   ရန်ကုန်တိုင်း စစ်ဌာနချုပ်၌       မင်္ဂလာဒုံတွင်ရှိသည့် စစ်ဆေးရုံ ၂ ရုံ၊ ယခင်ကတည်းကရှိခဲ့သည့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခို ရေးစခန်း၊ မှော်ဘီတွင်ရှိသည့် တပ်မတော် ဆေးအကူကျောင်း၊ မှော်ဘီရှိ စစ်မြေပြင် ဆေးတပ်ရင်း၊  အင်းတိုင်ရှိ  တပ်မတော် ဆေးရုံ၊  ရဲမွန်ရှိ တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်း၊ အင်းစိန်ရှိ သီရိမင်္ဂလာ သာသနာ့ဗိမာန်၊   အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ စစ်မြေပြင်ဆေးတပ်ရင်း (စစ်တွေ)နှင့်  စစ်ဆေးရုံတစ်ခု ပြင်ဆင်နေ ကြောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ တပ်မတော်ဆေးရုံကြီး (၁/၅၀၀) ခုတင် ၅၀၀ဆံ့ ဆေးရုံကြီးနှင့် ပင်မစစ်လက်နက် ပစ္စည်းတပ် (မန္တလေး)တို့တွင် ထားရှိရန် နေရာ  ၁၄  နေရာ စီစဉ်ထားကြောင်း၊ ထားရှိရန်အတွက်    ဝင်ဆံ့အင်အားက အရေးကြီးလူနာ ၂၃ ယောက်၊ မစိုးရိမ်ရ လူနာ ၃၆၃၅ ဦး  ပေါင်း  ၃၆၅၈  ဦးဖြစ် ကြောင်း၊        မေ့ဆေးပါရဂူ    တစ်ဦး၊ ဆေးကုသမှုပါရဂူ   တစ်ဦး၊   ဓာတ်ခွဲပါရဂူ  တစ်ဦး၊ ဆေးမှူး သုံးဦး၊ အထက်တန်း သူနာပြုအရာရှိ ခြောက်ဦး၊ အကူသူနာပြု သုံးဦး အပါအဝင် ဆေးတစ်ဖွဲ့ကို ၂၁ ဦးနှင့် အဖွဲ့သုံးဖွဲ့ဖွဲ့ကာ ဆေးရုံ၊ ဆေးတပ်များ၌ Covid-19 ရောဂါ လူနာထားရှိမှုများကို ဆောင်ရွက်ထားကြောင်း၊  ယခုလက်ရှိ တပ်ရင်း/တပ်ဖွဲ့များ၌    ထားရှိနိုင်ရန် ပြင်ဆင်မှုအနေနှင့်     ထားရှိရန်နေရာ ၉၃၁   နေရာ   ပြင်ဆင်ထားကြောင်း၊ ဝင်ဆံ့အင်အား ၂၂၆၉၉ ဦးဖြစ်ပြီး လက်ရှိ ကုသပေးနေသည်မှာ ၂၈၆၀ ဦး ကုသပေး လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က  တပ်ရင်းတပ်ဖွဲ့အလိုက် ပြင်ဆင်ခိုင်းထားကြောင်း၊   တပ်ရင်း/တပ်ဖွဲ့များက    မြန်မာနိုင်ငံအနှံ့နီးပါး မြို့တိုင်း၊   ဒေသတိုင်းတွင်ရှိကြောင်း၊ ၎င်းတပ်ရင်း/တပ်ဖွဲ့များမှာ ခွဲခြားစောင့်ကြည့်လူနာများထားနိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိပြီး   မပြီးစီးသေးကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ပြီးစီးမည်ဖြစ် ကြောင်း၊ သူ့နေရာနှင့်သူ ထားရှိနိုင်မည် ဆိုလျှင် ထားရှိနိုင်မှုကိုလည်း ထိန်းချုပ်ရာ ရောက်ကြောင်း၊ ထို့အပြင် ဒေသအလိုက် အထောက်အကူပြုရာ  ရောက်မည် ဖြစ်သည့်အတွက်    အားလုံးကိုပြင်ဆင် ထားကြောင်း၊ ယခုလတ်တလော မပြီးစီး သေးသည့်  အခြေအနေရှိသည့်အတွက် အမြန်ဆုံး ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန ကလည်း ပြင်ဆင်ဆောင်ရွက်ထားမှုများရှိပါကြောင်း၊ လူနာများအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့်  ပတ်သက်ပြီး ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန အနေဖြင့် ဖြည့်စွက်ပြောကြားပေးစေလိုကြောင်း ပြန်လည်ဖြေကြားသည်။ 


ကျန်းမာရေးနှင့်  အားကစားဝန်ကြီး ဌာနမှ   ညွှန်ကြားရေးမှူး  ဒေါက်တာ သန်းနိုင်စိုးက ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၁   ခုနှစ်၊  ဇူလိုင်လ  ၄  ရက်အထိ ပြင်ဆင်ထားသည့် ကုသရေးစင်တာပေါင်း ၆ ခုရှိကြောင်း၊ ကုသရေးဌာန (မင်းဓမ္မ) တွင်   ခုတင်  ၂၅၀  ပြင်ဆင်ထားပြီး နည်းနည်း  သက်သောင့်သက်သာလူနာ များထားရန်ဖြစ်ကြောင်း၊   ကုသရေးဌာန (မရမ်းကုန်း)တွင် ခုတင် ၅၀၀ ပြင်ဆင် ထားပြီး အလယ်အလတ်အတန်းစားများ ကို   ထည့်သွင်းပြင်ဆင်ထားကြောင်း၊ ကုသရေးဌာန (သုဝဏ္ဏ)တွင် ၃၀၀ ၊ ကုသ ရေးဌာန(လှိုင်)တွင် ၅၄၀၊ ကုသရေးဌာန (ဒဂုံဆိမ်ကမ်း)တွင်  ၁၉၂၀ ၊ ကုသရေးဌာန (ဖောင်ကြီး)တွင် ၄၀၀  အားလုံးပေါင်း ၃၉၁၀    ပြင်ဆင်ထားရှိပြီး   အချိန်နှင့် တစ်ပြေးညီ    ပြင်ဆင်လျက်ရှိကြောင်း၊ အလားတူ   ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထွေထွေရောဂါကု   ဆေးရုံသစ်ကြီး၊ ခုတင် ၅၀၀ အထူးကုဆေးရုံကြီး၊ အင်းစိန် အထွေထွေရောဂါကုဆေးရုံကြီး၊ သင်္ဃန်း ကျွန်း ပြည်သူ့ဆေးရုံ၊ မြောက်ဥက္ကလာ ပြည်သူ့ဆေးရုံ၊ ဗဟိုအမျိုးသမီးဆေးရုံ ကြီး(ရန်ကုန်)၊   ရန်ကုန်ကလေးဆေးရုံ ကြီး၊    ရန်ကင်းကလေးဆေးရုံကြီးနှင့်  အရိုးအထူးကုဆေးရုံကြီးများမှာလည်း Covid-19 ရောဂါ လူနာများထားရှိနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ ယင်းမှာ ရန်ကုန် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ထားရှိ မှု အခြေအနေ ဖြစ်ပါကြောင်း၊ အဓိက အားဖြင့်  မိမိတွင်  Covid-19  ရောဂါ သံသယလက္ခဏာများ ခံစားရပြီဆိုလျှင် ဒေသန္တရကျေးလက်ကျန်းမာရေးဌာနခွဲ များကို   တည်ဆောက်ပြီးမှ   မြို့နယ် ကျန်းမာရေးစနစ်၊ ထိုမှ ပြည်နယ်/ တိုင်း ဒေသကြီး ကျန်းမာရေးစနစ်၊ ဗဟိုဆိုပြီး ကျန်းမာရေးစနစ်ကို တည်ဆောက်ထား တာဖြစ်ကြောင်း၊ Catchment Area ဟု ခေါ်ကြောင်း၊ သူ့ဒေသအလိုက် သတင်း ပေးပို့ရမည့် လက္ခဏာရှိသူများ၊ ရောဂါ ဝေဒနာခံစားနေရသည့် လူနာများ၊ အဓိက အားဖြင့် Covid-19 ရောဂါနှင့်ပတ်သက်၍ သက်ဆိုင်ရာဒေသန္တရကို ဆက်သွယ်မည် ဆိုလျှင် ဒေသန္တရက လိုအပ်သည်များကို စစ်ဆေးပေးကြောင်း၊ ရောဂါ၏ အခြေ အနေအပေါ်၊ လူနာ၏အခြေအနေအပေါ် မူတည်ပြီး   မည်သည့်ဆေးရုံတွင်  လူနာ ဘယ်နှယောက်ရကြောင်း၊   မည်သည့် ဆေးရုံတွင်        လူနာဘယ်နှယောက် ဆင်းကြောင်း၊  ၎င်းတို့အပေါ် မူတည်ပြီး လူနာများကို ပို့ဆောင်ပေးသည့်အပိုင်း၊ ဒီဆေးရုံကို   ရည်ညွှန်းပြီး   ခုတင်နေရာ ရှိသည့်၊ ထားပေးသည့် အပိုင်းများကို လည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် လျက်ရှိကြောင်း ဖြည့်စွက်ဖြေကြားသည်။


ဆက်လက်၍ VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက ဒေါက်တာခင်ခင်ကြီးကလည်း Facebook တွင်  ရေးထားကြောင်း၊    ဒေသန္တရကို သွားပါ၊     ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆက်သွယ်ပါဟု ရေးထားသောကြောင့် ဒေသန္တရကို သွားသော်လည်း ငြင်းလွှတ် ကြောင်း၊   ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်သည့်အခါ ၎င်းတို့က လုံခြုံရေး အခြေအနေအရ ဘယ်လိုမှဆက်သွယ်၍ မရကြောင်း၊    ဖြစ်လာပါက  ဘယ်ကို အမြန်ဆုံး   ဆက်သွယ်ရမည်ကို   သိလို ကြောင်း၊ ဖြစ်နေသည်ကလည်း အတော် ဖြစ်နေသည့်အတွက် အောက်ဆီဂျင်များ ပြတ်နေကြောင်း၊ အောက်ဆီဂျင် ရှာ၍ မရကြောင်း၊  ထိုကိစ္စကို  တစ်ခါတည်း သိလိုပါကြောင်း မေးမြန်းသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ   ညွှန်ကြားရေးမှူး  ဒေါက်တာ သန်းနိုင်စိုးက ၎င်းမေးခွန်းကို မေးမြန်း သည့်အတွက်    ကျေးဇူးတင်ကြောင်း၊ အဓိက ယခုရင်ဆိုင်နေရသည်မှာ မျိုးရိုး ဗီဇပြောင်းသည့်   ဗိုင်းရပ်စ်ဖြစ်သည့် အတွက် ကူးစက်မှုနှုန်းကလည်း အလွန် မြန်ကြောင်း၊ ခဏလေးအတွင်း မိသားစု လိုက်   ကူးစက်မှုများရှိကြောင်း၊  လူနာ ဦးရေ များပြားလာသည့်အတွက် Service ကို လိုချင်သည့်ဦးရေ များလာကြောင်း၊ ထိုအခါ Service က ပေးရမည့်ပမာဏနှင့် ဒေသန္တရ System ၊ မြို့နယ်ကျန်းမာရေး စနစ်၊ တိုင်းကျန်းမာရေးစနစ်၊ တစ်ဖက်က ကုသရေးဆေးရုံများကို  လွှဲပြောင်းသည့် စနစ်၊   ဤသည်မှာ  တစ်ဖက်ကလူနာ တအားများလာသည့်အခါ System အပေါ် ပိလာကြောင်း၊ ထိုသို့ပိလာခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများသည်  တချို့ နေရာတွင်   သူနာပြု  ၅၀  ရာခိုင်နှုန်း၊ တချို့နေရာတွင် သူနာပြု ၆၀ ရာခိုင်နှုန်း ခန့်ဖြင့် လည်ပတ်နေကြောင်း၊ တစ်ဖက် ကလည်း HR နှင့်ပတ်သက်ပြီး Challenge ရှိသည့်အချိန်၊            တစ်ဖက်ကလည်း Demand များနေသည့်အတွက် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အမှန် တကယ် မိမိတို့တွင် Source များ များစွာ ရှိကြောင်း၊ အဓိကက မြို့နယ်ကျန်းမာရေး စနစ်များနှင့် မြို့နယ်ရပ်မိရပ်ဖလူမှုကူညီရေး အသိုင်းအဝိုင်းအသင်းများ   ပူးပေါင်းပြီး ဆောင်ရွက်ရန်လိုပါကြောင်း၊   ပူးပေါင်း ဆောင်ရွက်ပါက       မြို့နယ်ကျန်းမာရေးစနစ်တွင်     တာဝန်ယူမှု၊   တာဝန်ခံမှုကို ရည်ညွှန်းပေးနိုင်သည့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမျိုးရှိပါကြောင်း၊ ထို့အတူ တစ်ဖက်တွင်လည်း လူမှုရေးအသင်းအဖွဲ့ နှင့်အတူ  စေတနာ့ဝန်ထမ်းများပါသည့် အဖွဲ့အစည်းများရှိကြောင်း၊   နှစ်ဖက် ညှိနှိုင်းပြီး  contact  များမှ  Demand ဖြစ်လာသည့် Request များကို ဖြေရှင်း ပေးနိုင်ရန်   လူများများလိုပြီး  ပူးပေါင်း ဆောင်ရွက်ရန် လိုပါကြောင်း၊ ထို့ကြောင့် မြို့နယ်အလိုက် ပူးပေါင်းဆောင်ရွက်မည့် အင်အားများ ရလာလျှင် မြို့နယ်ကျန်းမာ ရေးဌာနများလည်း အင်အားတောင့်လာ မည်ဖြစ်ကြောင်း၊ System အပေါ်တွင် ပိခြင်းကိုလည်း   လျှော့နိုင်မည်ဖြစ်ပါ ကြောင်း၊ အချို့ကိစ္စများတွင် Positive ဖြစ်သော်လည်း ပြင်းပြင်းထန်ထန် မဖြစ် ပါကြောင်း၊ မဖြစ်သော်လည်း အိမ်ပြန်ပို့ ပါက    အိမ်ကလူများ   ကူးမည်ဖြစ်ပါ ကြောင်း၊ ၎င်းကို Community Positive Center အနံ့ပျောက်စင်တာကဲ့သို့သော နေရာမျိုးတွင်       ထားရပါကြောင်း၊ ထို့ကြောင့်   ရပ်မိရပ်ဖအကူအညီနှင့် သူ့မြို့နယ်လိုက်    ထားပေးနိုင်ပါက  ကူးစက်မှုကွင်းဆက်များ  ပြတ်တောက် သွားမည်ဖြစ်သလို အရေးပေါ်လူနာများ အတွက် ရွှေ့ပြောင်းပေးမည့် အင်အားများ များစွာရမည်ဖြစ်ပါကြောင်း၊ ပူးပေါင်း မှုသည် အဓိကဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။


VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက     မြန်မာပြည် တစ်ပြည်လုံးတွင်      ဖြစ်နေသည်က လူသတ်မှုများ အလွန်များလာပါကြောင်း၊ ဒလန်ဆိုပြီးသတ်၊    မီတာစာရေးဆိုပြီး သတ်၊   အမျိုးမျိုးသတ်နေကြပါကြောင်း၊ ထိုသို့ သတ်ဖြတ်မှုများသည် သာမန်လူ များ ကြောက်စိတ်၊ စိုးရိမ်စိတ်များ ဝင်နေ ပါကြောင်း၊ ၎င်းဖြစ်စဉ်တွင် အုပ်ချုပ်သူ များအပေါ်တွင်   တာဝန်ရှိသည်ဟူ၍ ဝေဖန်မှုများရှိနေပါကြောင်း၊ မည်သူမျှ မကယ်နိုင်သည့်  အခြေအနေမျိုးဖြစ်နေ ပါကြောင်း၊   ထိုကိစ္စနှင့်  ပတ်သက်ပြီး မည်သို့စီစဉ်ထားသည်ကို သိလိုပါကြောင်း မေးမြန်းသည်။


ဗိုလ်ချုပ် ဇော်မင်းထွန်းက လုံခြုံရေး နှင့်ပတ်သက်ပြီး   ရပ်ကွက်အုပ်ချုပ်ရေး၊ ရာအိမ်မှူးများကို  သတ်ဖြတ်ခြင်းများ၊ ဒလန်ဆိုပြီးသတ်ဖြတ်ခြင်းများ၊ ဒလန် ဆိုပြီး စွပ်စွဲပြီး ရပ်ရွာထဲတွင်နေမရအောင် လုပ်ခြင်းများရှိနေပါကြောင်း၊ ယခုထိ လည်း ရှိနေပါကြောင်း၊ မိမိတို့အနေဖြင့် အကာအကွယ် အပြည့်အဝမပေးနိုင်ခြင်း မျိုးရှိသည်ကို ဝန်ခံပါကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို   ရပ်ရွာထဲတွင် ကာကွယ်စောင့်ရှောက်မှု အချို့နေရာတွင် ပေးနိုင်သော်လည်း ခရီးထွက်သွားလျှင် မပေးနိုင်ပါကြောင်း၊ မေတ္တာရပ်ခံလိုသည် မှာ သံသယရှိသည့် အုပ်ချုပ်ရေးမှူးများ၊ ရန်ပြုခံရသည့်   သူများအနေဖြင့်  ခရီး ထွက်ခြင်း၊ သွားခြင်းများရှိလျှင် သက်ဆိုင် ရာ   ယုံကြည်စိတ်ချရသည့်  လုံခြုံရေး တပ်ဖွဲ့ဝင်များကို   အသိပေး၊   သတိပေး သွားရန် ပထမဦးဆုံး ပြောလိုပါကြောင်း၊ လုံခြုံရေးအခြေအနေအရ   အကူအညီတောင်းခံခြင်းမျိုးများလည်း ရှိပါကြောင်း၊ တောင်းခံသည်ကိုလည်း   အပြည့်အဝ မပေးနိုင်ခြင်းမျိုးရှိပါကြောင်း၊ သို့သော် သက်ဆိုင်ရာကို  အကြောင်းကြားသွားရန် လိုကြောင်းကို       ပြောလိုပါကြောင်း၊ ဆောင်ရွက်နေမှုအခြေအနေမှာ အကုန် လုံး   ပြည့်ပြည့်စုံစုံ  မရှိသေးပါကြောင်း၊ ရပ်ကွက်၊   ကျေးရွာအလိုက်   လုံခြုံရေး အထောက်အကူပြုအဖွဲ့ဟူ၍   ဖွဲ့စည်း ဆောင်ရွက်နေခြင်းများ   ရှိပါကြောင်း၊ အချို့နေရာများတွင်   အောင်မြင်နေပါ ကြောင်း၊  ရာခိုင်နှုန်းအားဖြင့် ၄၅ ရာခိုင် နှုန်းခန့်  လွှမ်းမိုးနိုင်သည်ဟု  ပြောလိုပါ ကြောင်း၊ တစ်စတစ်စ တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊  ၎င်းတို့သည် လက်နက်ကိုင်ဆောင်သည့် အဖွဲ့မဟုတ်ပါ ကြောင်း၊ သို့သော် ၎င်းတို့သည် အကြမ်း ဖက်လုပ်ရပ်များနှင့် ပတ်သက်ပြီး အသိ ပေးမှုများ၊ ကြိုတင်သတိပေးမှုများ ဆောင် ရွက်လျက်ရှိပါကြောင်း၊ ၎င်းလုံခြုံရေးစနစ် တွင်   ပြည်သူလူထုပူးပေါင်းပါဝင်မှုများ လေ အောင်မြင်မှုများလေဖြစ်မည်ဖြစ်ပါ ကြောင်း။


ရပ်ကွက်၊  ကျေးရွာနှင့်  ကျောင်းများ မီးရှို့ရန်လာသည့်သူများကို ပြည်သူလူထု ၏အကူအညီ၊ ပူးပေါင်းပါဝင်ဆောင်ရွက် မှုဖြင့်    ဖမ်းဆီးရမိခြင်းများလည်း ရှိပါ ကြောင်း၊ ထို့အပြင် အချို့နေရာများတွင် အကြမ်းဖက်လုပ်ရပ်များကို ပြည်သူလူထု လည်း  သိလာပြီး  လက်မခံကြတော့ ကြောင်း၊ Covid-19 ရောဂါနှင့် ပတ်သက် ပြီး    စစ်ဆေးရေးဂိတ်များ  ရှိကြောင်း၊ ထိုစစ်ဆေးရေးဂိတ်များကို လက်ပစ်ဗုံးနှင့် ပစ်ခြင်း၊   မိုင်းနှင့်  ပစ်ခြင်းမျိုးများရှိပါ ကြောင်း၊ ထိုသူများကို မကြာသေးမီက ဖမ်းမိပါကြောင်း၊        ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု       လိုပါကြောင်း၊ လုံခြုံရေးနှင့်         ကာကွယ်ရေးတွင် တပ်မတော်၊      မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကျန်သည့်         လုံခြုံရေးအဖွဲ့အစည်း အသီးသီးသည်     အဓိကတာဝန်ရှိပါ ကြောင်း၊     တာဝန်မရှိဘူးဟု   မဆိုလိုပါ ကြောင်း၊   မိမိတို့  လုပ်ဆောင်ရာတွင် အနှောင့်အယှက်၊ အဖျက်အဆီးများလည်း ရှိပါကြောင်း၊  သို့သော်  ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်လာ မည်ဟု ယုံကြည်ပါကြောင်း၊ ရန်ပြုခံရ ခြင်း၊ အသတ်ခံရခြင်းနှင့် ပတ်သက်ပြီး ရပ်ရွာများတွင် ရပ်ရွာအလိုက် လုံခြုံရေး အထောက်အကူပြုအဖွဲ့များ အမြန်ဆုံး ဖွဲ့စည်းပေးနိုင်ရန်အတွက်     ဝိုင်းဝန်း ကူညီပေးကြရန်     ပြောလိုပါကြောင်း ပြန်လည်ဖြေကြားသည်။


VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက   ဆန္ဒပြပွဲများ ကြောင့် ဖမ်းဆီးထိန်းသိမ်းထားရာတွင် ၃၀ ရက်နေ့က   လူ  ၂၀၀၀   ကျော်ခန့် လွှတ်ပေးခဲ့သည်ကို တွေ့ရပါကြောင်း၊ ရုံးတင်စစ်ဆေးနေသည့်   တရားခွင်က အမှုများပါကြောင်း၊   တရားသူကြီး၏ ရုပ်သိမ်းခွင့်မပါဘဲ လွှတ်သည်၊ ဥပဒေ အထက်က    အမိန့်ပေးသူရှိသည်ဟု ပြောဆိုဝေဖန်နေမှုများလည်း ကြားသိရ ပါကြောင်း၊ လွှတ်ပေးသည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ မည်သည့်အတွက်ကြောင့် လွှတ်ပေးခြင်း၊ အဘယ်ကြောင့်လွှတ်ပေးခြင်းမျိုးဆိုသည်ကို   သိလိုပါကြောင်း မေးမြန်းသည်။ 

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက အခြေခံ ထားသည့် အချက်သည် အချို့နေရာများ တွင် ဆန္ဒပြပွဲ၌ ပါဝင်ခြင်းမျိုးရှိခြင်း၊ ၅၀၅ နှင့် အရေးယူခံထားရသူများရှိပါကြောင်း၊ ၎င်းတို့သည် ဆူပူဆန္ဒပြမှုတွင် ဦးဆောင် ဦးရွက်ပြုလုပ်သူ   မဟုတ်ခြင်း၊  ဆူပူ လှုပ်ရှားမှုတွင် ထဲထဲဝင်ဝင်ပတ်သက်ခဲ့သူမဟုတ်ခြင်း၊  တစ်ဆင့်ခံ လှုံ့ဆော်မှု ကြောင့်သာ       ၎င်းတို့    ပါဝင်ရခြင်းဖြစ် ကြောင်း အခြေခံစိစစ်ချက်များနှင့် စိစစ် ပြီး လွှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လွှတ်ရန် အတွက်လည်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများ၊ တိုင်းနှင့်   ပြည်နယ်တွင်ရှိသည့်   စီမံ အုပ်ချုပ်ရေးအဖွဲ့များ၏ သုံးသပ်ချက်များ နှင့် လွှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လူအများ လွှတ်သည့်နေရာတွင်   အမှားအယွင်း ပါကောင်းပါနိုင်ပါကြောင်း၊   သို့သော် မှားယွင်းပါခဲ့လျှင်လည်း ရာခိုင်နှုန်းနည်း မည်ဟု   ပြောလိုပါကြောင်း  ပြန်လည် ဖြေကြားသည်။ 


ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီး ကျော်လင်းက   စိစစ်ရာတွင်   အဓိက အားဖြင့် လူသတ်မှု၊  လုယက်မှု၊  ဖောက်ခွဲ ဖျက်ဆီးမှု၊    လက်နက်/ခဲယမ်းများနှင့် မိသည်များ၊ ဆူပူဆန္ဒပြမှုတွင် နောက် ကွယ်က ထဲထဲဝင်ဝင် ပံ့ပိုးဆောင်ရွက်ခဲ့ သည်များကို စိစစ်ပြီး ချန်လှပ်ထားခြင်း ဖြစ်ပါကြောင်း၊ အများနှင့် ရောယောင် ပါခဲ့ခြင်းမျိုး၊ ဖြစ်ပေါ်လာသည့် စိတ်ခံစား ချက်ကြောင့် အစောပိုင်းတွင် ပါခဲ့သော် လည်း     နောင်တွင်    ဆက်မလုပ်သူများ၊ အချို့က Social Purnishment များကို ကြောက်ပြီး ပါဝင်သူများဖြစ်ပြီး အတတ် နိုင်ဆုံးစိစစ်ပြီး   လွှတ်ပေးရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဥပဒေ အထက်တွင်ရှိနေသည့်  ပုံစံမျိုးမဟုတ် ပါကြောင်း၊  လွှတ်ပေးသည့်အပိုင်းတွင်  အပိုင်း နှစ်ပိုင်းရှိပါကြောင်း၊ တစ်ပိုင်းမှာ ရဲတပ်ဖွဲ့က  စုံစမ်းစစ်ဆေးသည့်  အပိုင်း ဖြစ်ပါကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက် အရ   တရားစွဲတင်နိုင်ရန်    သက်သေခံ အထောက်အထားမပြည့်စုံသည့် ကိစ္စမျိုး တွင်  သက်ဆိုင်ရာဥပဒေရုံးကို မိမိတို့က ပိတ်သိမ်းခွင့် တောင်းခံပြီး လွှတ်ပေးခြင်း မျိုးဖြစ်ပါကြောင်း၊ တရားစွဲပြီးသည်များ ကိုလည်း     တရားစွဲအဖွဲ့က   ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ   ၄၉၄  အရ  ရုပ်သိမ်း ခြင်းကို ရုပ်သိမ်းလွှာများတင်ပြီး ဆောင် ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊  ဥပဒေအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖြည့်စွက် ဖြေကြားသည်။


VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက ဘဏ်တွင် မိမိငွေ ရှိပါလျက်နှင့် ငွေထုတ်၍မရကြောင်း၊ KBZ Pay ၊   Wave   Money   များမှာလည်း ငွေလွှဲလိုက်သော်လည်း သွားထုတ်သည့် အခါ ရာခိုင်နှုန်းပေးရပါကြောင်း၊ ဘဏ် ကိစ္စကြောင့်   စီးပွားရေးများရပ်ဆိုင်းပါ ကြောင်း၊ ယခုအခါ Covid-19 ကြောင့် စီးပွားရေးများ    ရပ်ဆိုင်းခြင်းများနှင့် ပတ်သက်၍     မည်သို့ကုစားပေးမည်ကို သိလိုပါကြောင်း မေးမြန်းသည်။


ဗိုလ်ချုပ် ဇော်မင်းထွန်းက Covid-19 ရောဂါကြောင့်  စီးပွားရေးကျပ်တည်းသည့် ကိစ္စသည်   ကုန်သွယ်မှုကဏ္ဍများတွင် ယမန်နေ့က   စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာ ထားခြင်းရှိပါကြောင်း၊ ကုန်သွယ်မှုကဏ္ဍ တွင် အချို့နေရာများ ရပ်တန့်လျက်ရှိခြင်း ကြောင့် ပိုပြီးအခက်အခဲတွေ့လာနိုင်ပါ ကြောင်း၊ မိမိတို့တစ်နိုင်ငံတည်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများ၊ အချို့နိုင်ငံတော်တော် များများတွင် ဖြစ်နေသည့် အခြေအနေ ဖြစ်ပါကြောင်း၊ အခြေခံလူတန်းစားများ၏ စားဝတ်နေရေးနှင့်           ပတ်သက်ပြီး လုပ်ဆောင်ပေးမည့် အစီအစဉ်များရှိပါ ကြောင်း၊  အတိအကျကို   မိမိအနေဖြင့် ကြိုတင်မပြောနိုင်သေးပါကြောင်း၊ နိုင်ငံ တော်     စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် Covid–19 ရောဂါနှင့် ပတ်သက်၍ ဘဏ္ဍာငွေနှင့်ပတ်သက်ပြီး   မည်သည့် ကန့်သတ်ချက်မျှမရှိပါကြောင်း၊ ထိထိ ရောက်ရောက် မြန်မြန်ဆန်ဆန်နှင့် မှန်မှန် ကန်ကန်အသုံးပြုနိုင်ရေး   သက်ဆိုင်ရာ ဝန်ကြီးဌာနများကို   ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ Covid-19 ရောဂါကြောင့် ဖြစ်ပေါ်လာသည့်   စီးပွားရေးအကျပ် အတည်းနှင့်   စားဝတ်နေရေးအကျပ် အတည်းများကို အချိန်မီဖြေရှင်းသွားမည် ဟု ပြောလိုပါကြောင်း၊ ငွေရေးကြေးရေး နှင့်ပတ်သက်ပြီး   ယခုကန့်သတ်ထား သည့်   ပမာဏကို   လောလောဆယ် ဖြေလျှော့ပေးရန်        အစီအစဉ်မရှိပါ ကြောင်း၊        အစီအစဉ်မရှိရခြင်းသည် နောက်ခံအကြောင်းအရင်းများ  ရှိခြင်း ကြောင့် ဖြစ်ပါကြောင်း၊ အချို့ဘဏ်များ သည်  ငွေရေးကြေးရေးနှင့် ပတ်သက်၍ ချေးထားခြင်းများရှိပါကြောင်း၊ ချေးထား သည်များမှ    ပြန်မဆပ်သည့်ငွေများ ရှိကြောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်ခန့်က ဖြစ်ခဲ့ ခြင်းဖြစ်ပါကြောင်း၊       ထိုကိစ္စများကို ဖြေရှင်းဆောင်ရွက်လျက်  ရှိပါကြောင်း၊ ဘဏ်များနှင့်   ပတ်သက်ပြီး    လက်ရှိ ကြုံတွေ့နေရသည့်    အခက်အခဲများကို ယခုလကုန်ပိုင်းနှင့်   ဩဂုတ်လတွင် ဖြေလျှော့ပေးနိုင်မည်၊   ပိုပြီးအဆင်ပြေ နိုင်မည်ဟု ပြောလိုပါကြောင်း ပြန်လည် ဖြေကြားသည်။


(ဆက်လက်ဖော်ပြပါမည်)