(၁၁)ကြိမ်မြောက် ဓမ္မာစရိယနှင့် (၆၄) ကြိမ်မြောက် ပါဠိပထမပြန်စာအောင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

 

မုဒုံ   မတ်   ၃


၂၀၂၁ ခုနှစ်တွင်  (၁၁) ကြိမ်မြောက် ဓမ္မာစရိယနှင့်  (၆၄) ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲကို အောင် မြင်တော်မူကြသော    စာအောင် အရှင်သူမြတ်တို့အား စာအောင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို မတ်   ၁   ရက်က  မွန်ပြည်နယ် မုဒုံမြို့နယ်     ကန်ကြီးသာသနာ့ ဗိမာန်တော်ကြီး၌      ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး    စည်းကမ်း ချက်များနှင့်အညီ ကျင်းပသည်။

 


ရှေးဦးစွာ     နမောတဿ သုံးကြိမ်ရွက်ဆို  ဘုရားကန်တော့ ၍ အခမ်းအနားကို စတင်ဖွင့်လှစ် ရာ    မုဒုံမြို့နယ်   ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ  ဦးဆောင် နာယက    မြို့နယ်သံဃနာယက (သုဓမ္မာ) ဥက္ကဋ္ဌ  အဂ္ဂမဟာပဏ္ဍိတ  ဂျုံးဂျုံးကျ တောရကျောင်း ဆရာ တော်  ဘန္ဒန္တ   ကိတ္တိဝဏ္ဏထံမှ သြဝါဒကထာချီးမြှင့်ပြီး  ဧည့်ပရိ သတ်အပေါင်းတို့က    ငါးပါးသီလ ခံယူဆောက်တည်ကာ  မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့     ဥက္ကဋ္ဌ   ဦးတင့်ဇော်က      သာသနာရေး       ဆိုင်ရာများကို    လျှောက်ထား တင်ပြသည်။

 


ထို့နောက် ၂၀၂၁ ခုနှစ် ဓမ္မာ စရိယ   (သာသနာ့ ဓဇဓမ္မာစရိယ)ဘွဲ့ရသံဃာတော်၊ သီလရှင်ကိုးပါး၊  ပါဠိပထမပြန်     စာမေးပွဲတွင် ပထမကြီးတန်းအောင်     သံဃာ ကိုးပါးတို့အား    အောင်လက်မှတ် နှင့် ဝတ္ထုငွေများကိုလည်းကောင်း၊  နာယက   ဆရာတော်    ၁၁  ပါး၊ ဓမ္မာစရိယ ကြီးကြပ်ဆရာတော် ကိုးပါး၊  ပါဠိပထမပြန်   ကြီးကြပ် ဆရာတော်   ၂၁  ပါး၊  စာချဆရာ တော်  ၃၂ ပါးတို့အား ဂုဏ်ပြုချီးမြှင့် ဝတ္ထုငွေများတို့ကို    လည်းကောင်း၊ ပထမလက်တန်း အပါး ၃၀၊ ပထမ ငယ်တန်း ၄၃ ပါးနှင့်       အခြေခံ မူလတန်းအောင် ၁၀၄ ပါး စသည့် စာအောင်        သံဃာများအား  သက်ဆိုင်ရာ      ကျောင်းတိုက် အရောက်     အောင်လက်မှတ်နှင့်   ဂုဏ်ပြုဆုငွေများကို လည်းကောင်း      စုစုပေါင်းဝတ္ထုငွေကျပ်  ၅၁၂၃၀၀၀ အား  မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်     အဖွဲ့ဝင်များ၊      ဒုတိယမြို့နယ်     အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်၊         မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်   သက်ဆိုင်ရာ       တာဝန်ရှိသူများ က   ဆက်ကပ်ကြပြီး  ဂျုံးဂျုံးကျ ဆရာတော်ထံမှ     လှူဒါန်းမှု အစုစုတို့အတွက်     ရေစက်သွန်းချ အမျှပေးဝေကာ       ဗုဒ္ဓသာသနံ စိရတိဋ္ဌတု   သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို      ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။


အောင်မျိုးသူ(ပြန်/ဆက်)