၁၁-၃-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

ယမန်နေ့မှအဆက်
နမူနာအဖြစ် ခင်းကျင်းပြသထား
ဆက်လက်၍   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက   ယနေ့ ကျင်းပ သည့်  သတင်းစာရှင်းလင်းပွဲတွင်  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းပြီး    ရှင်းလင်းတင်ပြသွားမည်  ဖြစ် ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ    နိုင်ငံတော်အား   အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ပုဒ်မ ၄၁၈ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊   အုပ်ချုပ်ရေးနှင့်  တရားစီရင်ရေး အာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံသို့ လွှဲအပ်တာဝန်ပေးအပ်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို  ဖေဖော်ဝါရီလ ၂ ရက်တွင် ဖွဲ့စည်း        ခဲ့ကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီလ ၂ ရက်၊ ၉ ရက်၊ ၂၃ ရက်          နှင့်  ၂၆ ရက်စွဲပါ အမိန့်များဖြင့်   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဥက္ကဋ္ဌ     ဦးသိန်းစိုး၊ အဖွဲ့ဝင် ၁၄ ဦး၊ စုစုပေါင်း ၁၅ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ ကြောင်း၊ အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်သွားမည့်  ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ချမှတ်ခဲ့ကြောင်း၊  ၎င်းတို့အနက်  လုပ်ငန်းစဉ် (၁) ဖြစ်သည့်    “ပြည်ထောင်စု  ရွေးကောက်ပွဲ ကော်မရှင်ကို  ပြန်လည်ဖွဲ့စည်းပြီး   မဲစာရင်း                 များ    စစ်ဆေးခြင်းအပါအဝင်  လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို   ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်”နှင့် ရှေ့လုပ်ငန်း စဉ် (၅) ဖြစ်သည့် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို  ပြန်လည်ကျင်းပ၍  အနိုင်ရ သည့်ပါတီအား ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်” ဟူသော လုပ်ငန်းစဉ်နှစ်ရပ် သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တိုက်ရိုက်သက်ဆိုင်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များဖြစ်ကြောင်း၊  သို့ဖြစ်ပါ၍  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့်  လက်ရှိဆောင် ရွက်ချက်များကို အပိုင်း သုံးပိုင်းခွဲ၍ ရှင်းလင်းတင်ပြ သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ မဲဆန္ဒရှင်စာရင်း များ စိစစ်ခြင်းအပိုင်း၊ ဆန္ဒမဲလက်မှတ်များမြေပြင် ကွင်းဆင်းစစ်ဆေးခြင်းအပိုင်းနှင့် နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံခြင်းအပါအဝင် ဆက်လက် ဆောင် ရွက်မည့်  လုပ်ငန်းစဉ်များအပိုင်းတို့ ဖြစ်ကြောင်း၊ ပထမဦးစွာ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်း အပိုင်း နှင့်စပ်လျဉ်း၍ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ် ချက်များတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇၁၉၇၇၈၅ ဦးအနက် မဲမသမာမှု ပြုနိုင်/ဖြစ်နိုင်သည့် မဲစာရင်း ၁၀၄၈၂၁၁၆ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၂၈ ဒသမ ၁၇  ရာခိုင်နှုန်းတွေ့ရှိရသည်ကို အသေးစိတ်ထုတ်ပြန် ခဲ့ကြောင်း၊ ဖော်ပြပါစိစစ်ခဲ့သည့် မဲဆန္ဒရှင်စာရင်း သည် ဒုတိယအကြိမ် မဲစာရင်းကပ်မည့်  လွှတ်တော် ကိုယ်စားလှယ်လောင်းများကို    ဖြန့်ဝေသည့် မဲစာရင်း PDF များကို  အခြေခံဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  ယခု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က  ထုတ်ပြန်သည့်  မဲဆန္ဒရှင်စာရင်း စိစစ်တွေ့ရှိချက်များမှာ သက်ဆိုင်ရာ  မြို့နယ် ကော်မရှင် အဖွဲ့ခွဲများက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲနေ့တွင် အသုံးပြုခဲ့သော  နောက်ဆုံး မဲစာရင်း(Soft Copy)များကို  တောင်းခံရယူပြီး နောက်  စိစစ်ထုတ်ပြန်သည့်  စာရင်းဇယားများ ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မှ  ၁၀ ရက်အထိ    တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ကိုးခုရှိ မြို့နယ်ပေါင်း ၂၁ မြို့နယ်၊  မဲရုံပေါင်း ၃၁၂၈ ရုံကို  စိစစ်ခဲ့ရာတွင် မြို့နယ်ကော်မရှင်စာရင်းအရ မဲဆန္ဒရှင် ၃၅၁၇၆၄၇ ဦး ဖြစ်သော်လည်း လဝကစာရင်းအရ ၂၇၉၄၈၈၃ ဦးသာရှိသည်ကို တွေ့ရကြောင်း၊  ၎င်းတို့ အနက် နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ   မဲစာရင်းတွင် ပါဝင်နေသူ ၃၉၈၄၄၄ ဦး၊ နိုင်ငံသား စိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း သုံးကြိမ်နှင့်အထက် ပါဝင်နေသူ ၂၆၃၄၅ ဦး၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်းနှစ်ကြိမ်ပါဝင်သူ ၃၂၅၅၃၀ ဦး ဖြစ်ကြောင်း၊   စိစစ်တွေ့ရှိချက်အရ   နိုင်ငံသား စိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင်ပါဝင်နေသူနှင့် မဲစာရင်းထပ်နေသူစုစုပေါင်း ၇၅၀၃၁၉ ဦးရှိကြောင်း တွေ့ရှိရသဖြင့်  ရာခိုင်နှုန်းအားဖြင့် မဲဆန္ဒရှင်၏ ၂၁ ဒသမ ၃၃  ရာခိုင်နှုန်းဖြစ်ကြောင်း၊ ယခုစစ်ဆေးမှုမှာ တစ်မြို့ နယ်ချင်းအလိုက်  စစ်ဆေးတွေ့ရှိမှုများသာ ဖြစ်      ပြီး မြို့နယ်တစ်မြို့နယ်နှင့် အခြားတစ်မြို့နယ်၊  တိုင်းဒေသကြီး၊  ပြည်နယ်တစ်ခုနှင့်   အခြားတစ်ခု စစ်ဆေးမှု ဖြစ်သည့် (Cross Check)စစ်ဆေးမှုများပါ ပါဝင်ပါက ယခုထက်ပိုမိုများပြားနိုင်သည်ကို စိစစ် တွေ့ရှိရပါကြောင်း၊ အဆိုပါမြို့နယ် ၂၁ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းများအပေါ် တပ်မတော်၏စိစစ် ချက်များနှင့် ကော်မရှင်၏စိစစ်ချက်များကို နှိုင်းယှဉ် ရာတွင်   စိစစ်ရသည့် အခြေခံမဲဆန္ဒရှင်စာရင်း ကွာခြားချက်အရ    ခြားနားချက်အချို့   ရှိခဲ့ပြီး ကော်မရှင်က စိစစ်တွေ့ရှိမှုအရေအတွက်က  ပိုမို များပြားလျက်ရှိကြောင်း၊ ခြားနားချက် ပေါင်းချုပ် အနေဖြင့် ကိုင်ဆောင်သည့်လက်မှတ် တစ်မျိုးမျိုး (မှတ်ပုံတင်)မရှိဘဲ မဲစာရင်းတွင်ပါဝင်သူ ၃၀၄၅၈ ဦး၊ တစ်ကြိမ်ထက်ပို၍  မဲစာရင်းတွင်  ပါဝင်သူ (ထပ်နေသောမဲစာရင်း) ၁၄၂၃၈၁ ဦး   ပိုမိုစိစစ်   တွေ့ရှိရကြောင်း၊    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိစစ်ခဲ့သော မြို့နယ်၂၁ မြို့နယ်အနက် တပ်ကုန်းမြို့နယ်၊ ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ် မြို့နယ်တို့ကိုစိစစ်ရာတွင် နိုင်ငံသားစိစစ်ရေးကတ် မရှိဘဲ  မဲစာရင်းတွင်  ပါဝင်နေသူ   ၅၉၄၂၃ ဦး၊        နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်း သုံးကြိမ်နှင့်အထက်ပါဝင်နေသူ ၈၃၉၅ ဦး၊ နိုင်ငံသား စိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း နှစ်ကြိမ် ပါဝင်နေသူ ၈၁၇၉၄ ဦး၊ စုစုပေါင်း ၁၄၉၆၁၂ ဦး၏ စာရင်းအသေးစိတ်ကို လက်တွေ့ကြည့်ရှုစစ်ဆေး နိုင်ရန် နမူနာအဖြစ် ခင်းကျင်းပြသထားပါကြောင်း ပြောကြားသည်။
မဲမသမာမှုများဖြစ်နိုင်
ဆက်လက်ပြီး  ဒုတိယပိုင်းအနေဖြင့်  ၂၀၂၀ ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲတွင် အသုံးပြု ခဲ့သော ဆန္ဒမဲလက်မှတ်များကို မြေပြင်ကွင်းဆင်း စစ်ဆေးပြီး ထုတ်ပြန်မှုအခြေအနေများကို တင်ပြ သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ     ၂၄ ရက်မှ မတ်လ ၁၀ ရက်အထိ ပြည်ထောင်စု နယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၁၆ မြို့နယ်ရှိ မဲရုံပေါင်း ၁၈၂၇ ရုံ၏   ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များဖြစ်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရှိ  ဝန်ထမ်းများ ပါရှိ သော ပူးပေါင်းအဖွဲ့ဖြင့် ဖွင့်ဖောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ စစ်ဆေးမှုစာရင်းချုပ်အရ ထုတ်ယူရရှိသည့်မဲလက်မှတ်ပေါင်း ၂၄၉၂၄၂၃ စောင်၊ အသုံးပြုသည့်မဲလက်မှတ် ၁၇၃၈၃၃၃ စောင်၊ ကျန်ရမည့်မဲလက်မှတ်အရေအတွက် ၇၅၄၀၉၀ စောင်ဖြစ်သော်လည်း မြေပြင်လက်ကျန် ၇၀၆၄၈၆ စောင်သာရှိပြီး ကွာခြားချက်အနေဖြင့် ပျောက်ဆုံး ၇၇၀၈၅ စောင်နှင့် အပို ၂၉၄၈၁ စောင် ဖြစ်ပေါ်လျက် ရှိကြောင်း၊ ထိုသို့စစ်ဆေးရာ မြို့နယ်အချို့တွင် တွေ့ရှိရမှုအချို့ကို  ထုတ်နုတ်တင်ပြမည်  ဖြစ်ပါ ကြောင်း၊ တပ်ကုန်းမြို့နယ် ခရမ်းစပ်ကုန်းကျေးရွာ အုပ်စု    မဲရုံနှစ်ရုံရှိ   ကြိုတင်ဆန္ဒမဲလက်မှတ် လက်ကျန်မဲလက်မှတ်   နှစ်စောင်တွင်  မဲဆန္ဒရှင် ဦးအောင်ကြည်၊   မဲစာရင်းအမှတ် ၁၇၇၃ နှင့် ဒေါ်ဂျမ်းတင်၊ မဲစာရင်း အမှတ် ၁၇၇၄ တို့က ဆန္ဒ ပြုတံဆိပ်တုံးရိုက်နှိပ်ပြီး၊ လက်ဗွေနှိပ်ပြီး ဖြစ်သော် လည်း မဲလက်မှတ်လက်ခံအတိုင်း ကျန်ရှိနေပြီး အခြားမဲလက်မှတ် လက်ခံဖြတ်ပိုင်းများတွင် ထပ်မံ မဲပေးထားသည်ကို တွေ့ရှိရကြောင်း၊  တင်ပြလို သည့်အချက်မှာ  မဲလက်မှတ်ကို   မဲဆန္ဒရှင်က ထုတ်ယူပြီး   ဆန္ဒပြု၍  စာအိတ်တွင်ထည့်ပြီးမှ မဲပုံးတွင်ထည့်ရန်ဖြစ်သော်လည်း   မဲလက်မှတ် စာအုပ်တွင် ဆန္ဒပြုပြီး မဲလက်မှတ်လက်ကျန်များ တွေ့ရှိရသည်မှာ မဲမသမာမှုများ ဖြစ်နိုင်သည့်အခြေ အနေဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း၊ ထို့အပြင် စစ်ဆေးမှုစာရင်းချုပ်အရ မဲလက်မှတ် ၆၈၀၄ စောင် ပျောက်ဆုံးပြီး မဲလက်မှတ် ၄၈ စောင် အပိုစာရင်း အဖြစ် တွေ့ရှိရကြောင်း၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့ လွှတ်တော်ဆန္ဒမဲလက်မှတ် မြေပြင်စစ်ဆေးတွေ့ရှိ ချက်အရ ကွာခြားချက်အနေဖြင့် ပျောက်ဆုံး ၇၀၂၃ စောင်နှင့် အပို ၄၁၂၅ စောင်ဖြစ်သည်ကို တွေ့ရှိရ ကြောင်း၊ ထူးခြားချက်မှာ ပျော်ဘွယ် မြို့နယ်တွင် မဲလက်မှတ်များ  စစ်ဆေးနေစဉ်   ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဆိတ်ချိုကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ဆွေက ပြည်သူ့လွှတ်တော်၊    အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်အတွက်  အသုံးမပြုရ သေးသော မဲလက်မှတ် တစ်အုပ်စီ ကိုလည်းကောင်း၊
၂၇ ရက်တွင် ဘုရားကြီးကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသူရ၊ အတွင်းရေးမှူး ဦးသန်းဦးတို့ က  ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်အတွက် အသုံးမပြုရ သေးသော  မဲလက်မှတ်စာအုပ်  လေးအုပ်စီကို လည်းကောင်း၊ ပြည်သူ့လွှတ်တော်အတွက်  အသုံး မပြုရသေးသော မဲလက်မှတ်များအား ဂျန်းတောင် ကျေးရွာအုပ်စုမှ တစ်အုပ်၊ ချောင်းမကြီးကျေးရွာ အုပ်စုမှ လေးအုပ် ကိုးရွက်၊ ဆည်ရွာလက်ပံကိုင်း ကျေးရွာအုပ်စုမှ ၂ အုပ် ၁၅ ရွက်နှင့် အမည်မမှတ်မိ ကျေးရွာအုပ်စုတို့မှ  ငါးအုပ်တို့အား    ပျော်ဘွယ်         မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးသို့   လာရောက်အပ်နှံ သည်ကိုတွေ့ရှိရကြောင်း၊ ဆိုလိုသည်မှာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ   နည်းဥပဒေများအရ ကြိုတင်မဲလက်မှတ် လက်ကျန်များကို သက်ဆိုင်ရာ မဲရုံများသို့အပ်နှံပြီး မဲရုံပိတ်ချိန်တွင် အထုပ်တွင် ထည့်သွင်းချိပ်ပိတ်ရမည်ဖြစ်သော်လည်း ဆောင် ရွက်ခြင်းမရှိသည်ကို   စိစစ်တွေ့ရှိရပါကြောင်း၊ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ် များ မြေပြင်စစ်ဆေးရာတွင် ထုတ်ယူရရှိ ၁၄၀၃၁၄ စောင်၊  အသုံးပြု ၇၈၇၅၈ စောင်၊ ကျန်ရမည့် မဲလက်မှတ် ၆၁၅၅၆ စောင် ဖြစ်သော်လည်း မြေပြင် လက်ကျန် ၅၅၈၀၄ စောင်ဖြစ်ပြီး ကွာခြားချက် အနေဖြင့်  ပျောက်ဆုံး ၁၁၇၄၅ စောင်၊ အပို ၅၉၉၃ စောင်ဖြစ်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထူးခြား ချက်မှာ မဲရုံများတွင် ချိပ်ပိတ်သိမ်းဆည်းအပ်နှံပြီး နောက်ပိုင်းတွင် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများနှင့် မဲရုံမှူးများ လက်ဝယ်တွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိနေသည့်အသုံးပြုပြီး ဆန္ဒမဲ လက်မှတ်ဖြတ်ပိုင်း ၁၅၃ စောင်နှင့် အသုံးမပြုရသေး သည့် မဲလက်မှတ် ၂၈၄၉ စောင်တို့ကို  ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲများက ထပ်မံလာရောက်အပ်နှံ သဖြင့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲတွင် သီးခြား ထိန်းသိမ်းထားသည့် မဲလက်မှတ်များအဖြစ် စိစစ် တွေ့ရှိရပြီး သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရ ကြောင်း၊   အမရပူရမြို့နယ်    ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ်များ    မြေပြင်စစ်ဆေးရာတွင် ကျန်တန်းရပ်ကွက်၊  မဲရုံအမှတ်(၁)၏ ပြည်သူ့         လွှတ်တော်မဲလက်မှတ်များရှာဖွေတွေ့ရှိခြင်းမရှိ သဖြင့် မဲလက်မှတ် ၄၂၃၁ စောင် ပျောက်ဆုံးနေ ကြောင်း  တွေ့ရှိရပြီး ၎င်းပျောက်ဆုံး  ပြည်သူ့ လွှတ်တော်မဲလက်မှတ်အစား အမျိုးသားလွှတ်တော် မဲလက်မှတ်များ     ထည့်သွင်းတွက်ချက်ပါက ပျောက်ဆုံးမဲလက်မှတ် ၂၀၈၁ စောင် ဖြစ်သည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။
မဲစာရင်းစစ်ဆေးမှုထုတ်ပြန်
ဆက်လက်တင်ပြလိုသည့်   အပိုင်းကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်တွင် နိုင်ငံရေးပါတီ ၅၃ ပါတီနှင့် တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေကို တင်ပြသွားမည်ဖြစ်ကြောင်း၊ ၎င်းအစည်းအဝေးမှ ဆုံးဖြတ်ချက် (၇)ချက် ချမှတ်နိုင်ခဲ့ပြီး ပြည်တွင်း ရွှေ့ပြောင်းလုပ်သားများ   မဲပေးမှု  တရားမျှတမှု ရှိရေး   ဥပဒေမူဘောင်ကိစ္စ၊  ရွေးကောက်ပွဲစနစ် ပြောင်းလဲ ကျင့်သုံးရေးကိစ္စ၊ နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေးနှင့်   တရားဥပဒေစိုးမိုးရေးကိစ္စ၊ မဲစာရင်းစစ်ဆေးမှုထုတ်ပြန်ချက်များကိစ္စ၊ မဲစာရင်း ပြုစုရာတွင်   နိုင်ငံရေးပါတီများ၊ ကွန်ပျူတာ ပညာရှင်များ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊ မဲပေး ပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသားစိစစ်ရေးကတ်ရရှိရေး၊ အိမ်ထောင်စုစာရင်းများ ပြုလုပ်ထားရှိရေး၊ ပါတီ များနှင့် နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ် တွေ့ဆုံ ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်     ဖြစ်ပွားခဲ့သော ရွေးကောက်ပွဲဆိုင်ရာပြစ်မှု၊  တရားမဲ့ပြုကျင့်မှု များနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ရရှိ သော စာရင်းဇယားများအရ သက်ဆိုင်ရာရဲစခန်း များသို့  အမှုဖွင့်တိုင်ကြားထားသော  အမှုပေါင်း  ၅၄၆ မှုရှိကြောင်း၊  သက်ဆိုင်ရာ   တိုင်းဒေသကြီး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ စိစစ်တင်ပြချက်များအရ  ၅၁၃ မှု  ရှိကြောင်း၊ တရားမဲ့ ပြုကျင့်မှုများနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာ အမှုပေါင်း၂၈၇ မှုရှိပြီး မဲဆန္ဒရှင်များက တင်ပြသည့် အမှု ၉၄ မှုနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း များက တင်ပြသည့်အမှု ၁၉၃ မှုတို့ ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သော တရားမဲ့ပြုကျင့်မှုများ၊    မသမာမှု 
များကို တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်အရ ဆက်လက်တိုင်ကြားမှုများလည်း  ရှိကြောင်း၊ လပွတ္တာမြို့နယ် ညောင်လိန်ကျေးရွာတွင် ဖြစ်ပွား ခဲ့သော ကြိုတင်ဆန္ဒမဲလက်မှတ်များ မီးရှို့သည့် ဖြစ်စဉ်တွင်  တာဝန်ရှိသည့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ   ဥက္ကဋ္ဌအား    လည်းကောင်း၊ မတ္တရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ထိန်းသိမ်းထားသော မဲလက်မှတ် စာရင်းများ စစ်ဆေးချက်အရ မဲဆန္ဒရှင် ခြောက်ဦးက နိုင်ငံသား စိစစ်ရေးကတ်တစ်ခုတည်းဖြင့်  နှစ်ကြိမ် မဲပေး ကြောင်း   စိစစ်တွေ့ရှိရသဖြင့်   သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ အရ  အမှုဖွင့်အရေးယူရေး ဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားသည်။
အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးစီးသည့် ကော်မရှင်အဖွဲ့ဝင်များ၊ ရုံးအဖွဲ့ဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲဆန္ဒရှင်စာရင်း များစိစစ်ခြင်း၊ ဆန္ဒမဲလက်မှတ်များကို  မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းများ စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိပြီး   တွေ့ရှိချက်များကို   အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်လျက်ရှိကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် မှ    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် မေးမြန်းလိုသည့်   မေးခွန်း များကို မီဒီယာတစ်ဦးလျှင် နှစ်ခုနှုန်းဖြင့် မေးမြန်း ပေးပါရန် ပြောကြားသည်။
ပထမဦးစွာ ထာဝရငြိမ်းချမ်းရေး  သတင်း ကွန်ရက်သတင်းဌာနမှ သတင်းထောက်  ဦးဥက္ကာက  လက်ရှိဖွဲ့စည်းထားသည့် UEC အနေဖြင့် ယခုလို မဲစာရင်းတွေ စိစစ်ဖော်ထုတ်ပြီးသည့်အခါမှာ ပြစ်မှု ထင်ရှားနေသည်ကို တွေ့ရှိရပါကြောင်း၊ အရေးယူ ဆောင်ရွက်သွားမည်လို့လည်း    သိရပါကြောင်း၊ အရေးယူ ဆောင်ရွက်မှုအပိုင်းက  အချိန်မည်မျှ ကြာနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက အရေးယူဆောင်ရွက်မှုအပိုင်းတွင် ရွေးကောက်ပွဲဥပဒေပါ အခန်း(၁၃)အရ ရဲအရေး ပိုင်သည့်အမှုဖြစ်ခြင်းကြောင့် ရဲစခန်းကိုတိုင်ကြား ရပါကြောင်း၊ ရဲစခန်းက အမှုဖွင့်ပြီးမှသာ စုံစမ်း စစ်ဆေးမှုများ ဆက်လုပ်သွားရမည်ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက     စာရင်းဇယားများ တောင်းခံပြီး တချို့အမှုများကို  ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ အချို့အမှုများကို  စိစစ်ဆဲဖြစ်ပါ ကြောင်း၊ လုပ်ငန်းစဉ်များအနေဖြင့်  မည်သည့်  အချိန်   ပြီးပြတ်မည်ကို  မသိရှိနိုင်သေးကြောင်း၊ အမြန်ဆုံး    ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
မြန်မာနေရှင်နယ်ပို့စ် သတင်းဌာနမှ အယ်ဒီ တာချုပ် နောင်တော်လေး က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်အနေဖြင့် မဲမသမာမှု အခြေအနေများ ထုတ်ပြန်လျက်ရှိပြီး တပ်မတော် အစိုးရ၏ ယခင်ကထုတ်ပြန်ခဲ့သည့် မဲမသမာမှု    များကို လက်မခံဘဲ၊ ပြည်သူလူထုကလည်း ဆန္ဒပြ နေကြောင်း၊ မဲမသမာမှုကို သံသယဖြစ်နေသည့် ပြည်သူလူထုကို  ဆရာ့အနေဖြင့်    မည်ကဲ့သို့ သတင်းစကားပေးလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က စိစစ်တွေ့ရှိချက်များကို သက်သေ အဖြစ်   ပြသနိုင်ကြောင်း၊    မဲစာရင်းများနှင့်  မဲလက်မှတ်များသည် အမှန်တကယ်တွေ့ရှိရသည့် ဖြစ်စဉ်အမှန်များ ဖြစ်ပါကြောင်း၊ ထုတ်ပြန်ချက် များကိုလည်း       ယုံကြည်စေချင်ပါကြောင်း၊ လာရောက်၍ လေ့လာနိုင်ပါကြောင်း၊ တိတိကျကျ သေသေချာချာ ထုတ်ပြန်ပေးသွားမည်   ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားသည်။
Skynet သတင်းဌာနမှ    သတင်းထောက် ဦးမင်းဇင်ထက် က  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်အနေဖြင့် မဲစာရင်းများကို စိစစ် ထားပြီး ထုတ်ပြန်ထားခြင်းများ တွေ့ရှိရပါကြောင်း၊  UN ၊ အာဆီယံနှင့် ဘက်မလိုက်သော အဖွဲ့အစည်း များ ဖိတ်ခေါ်ပြီး မဲစာရင်းများကို စိစစ်ဆောင်ရွက် သွားဖို့ အစီအစဉ်ရှိပါသလားဟု မေးမြန်းသည်။
အားလုံးပူးပေါင်းထားသည့် အဖွဲ့အစည်းဖြစ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က ဘက်မလိုက်သော အဖွဲ့အစည်း များဖြင့် စစ်ဆေးခံရန် လက်တလော အစီအစဉ် မရှိပါကြောင်း၊     ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ဥပဒေ ပုဒ်မ-၅၃ အရ အငြင်းပွားဖွယ်၊ ပြဿနာဖြစ်ဖွယ်ရာ     စာရင်းဇယားများကို တောင်းယူပြီး  ကြည့်ရှုစစ်ဆေးနိုင်ကြောင်း၊ စစ်ဆေးတွေ့ရှိချက်အပေါ်မူတည်ပြီး  လိုအပ်သလို ဆုံးဖြတ်နိုင်ကြောင်း၊ ယခု UEC မှာလည်း အများ ယုံကြည်ရသော ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ ဌာန ဆိုင်ရာများလည်းပါဝင်ပြီး အားလုံးပူးပေါင်းထား သည့် အဖွဲ့အစည်းဖြစ်သဖြင့် လုံလောက်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍    Skynet    သတင်းဌာနမှ သတင်းထောက် ဦးမင်းဇင်ထက် က UEC အသစ် အနေဖြင့်  မဲစာရင်းများကို    မြို့နယ်အလိုက် ရပ်ကွက်တစ်ခုလျှင်  တစ်ဦး  သို့မဟုတ် နှစ်ဦး၊ မြို့နယ်အလိုက် ၁၀ ရပ်ကွက် ဦးရေ ၂၀ ဖွဲ့စည်း၍ မြို့နယ်အလိုက် မဲစာရင်းများကိုကပ်ပြီး ပြည်သူ လူထုက မျက်မြင်ကြည့်ရှုပြီး မဲစာရင်း မရှင်းလင်း ခြင်းများကို မေးမြန်းမည်ဆိုပါက ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က စိစစ်ထားသည့် မဲစာရင်းဇယား အသေးစိတ် မိမိတို့တွင် ရှိပါကြောင်း၊ လတ်တလော မေးမြန်းလာပါက ဖြေကြားနိုင်ပါကြောင်း၊ မြို့နယ် အလိုက် မဲစာရင်းများကို စိစစ်ပြီးပါက မဲစာရင်း များကိုဖြန့်ဝေပြီး မြို့နယ်အလိုက် ကြည့်ရှုနိုင်မည် ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားသည်။
BBC သတင်းဌာနမှ သတင်းထောက် ဦးအောင် သူရ က ရွေးကောက်ပွဲစနစ်  ပြောင်းလဲမည့်ကိစ္စ သည် PR စနစ်ကို အသုံးပြုသွားမည် ဟုတ်/မဟုတ် သိလိုကြောင်း မေးမြန်းသည်။
 လေ့လာသုံးသပ်နေ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးသည့် အခါ ရွေးကောက်ပွဲစနစ်တစ်ခုဖြစ်သည့် PR စနစ် (အချိုးကျကိုယ်စားပြုစနစ်)ကို   သင့်လျော်သည့် လွှတ်တော်ရွေးကောက်ပွဲများတွင် အသုံးပြုသင့် သည်ကို အကြံပြုချက်များရှိကြောင်း၊ အဆိုပါကိစ္စ နှင့်ပတ်သက်ပြီး   အချိန်လိုအပ်သလို  ဥပဒေ ဘောင်အရလည်း လိုအပ်မည်ဖြစ်ကြောင်း၊ ဒါပေ မယ့်လည်းပြင်ဆင်မှု  လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့သော်လည်း  လုပ်နိုင်ခြေရှိ၊ မရှိဆောင်ရွက်နိုင် မည့်အနေအထားကို သုံးသပ်နိုင်ဖို့အတွက်ပါတီ များကိုလည်း စာတမ်းများပြုစု ခိုင်းထားပါကြောင်း၊ စာတမ်းများပြုစုပြီးပါက နောက်တစ်ကြိမ် တွေ့ဆုံ ပြီး   ဆွေးနွေးနိုင်အောင်   စီစဉ်ထားပါကြောင်း၊        ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်  အနေဖြင့် PR စနစ်နှင့်ပတ်သက်၍ ဖြစ်နိုင်ခြေကို လေ့လာ သုံးသပ်နေပါကြောင်း၊ မိမိတို့အနေဖြင့် ဆောင်ရွက် နေမှု    အခြေအနေကိုသာ  ပြောနိုင်ပါကြောင်း၊ ဆောင်ရွက်ဖြစ်၊ မဖြစ်ကို လက်ရှိအခြေအနေအရ မပြောနိုင်သေးပါကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍   BBC    သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရ က   တကယ်လို့ ရွေးကောက်ပွဲပြန်လည်ကျင်းပဖြစ်ရင်  ဒီစနစ်ကို ကျင့်သုံးမယ်လို့  ဆုံးဖြတ်ထားပါသလား  သိလို ကြောင်း မေးမြန်းသည်။
ဆက်လက်၍  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က ကျွန်တော်တို့ အဲဒီလိုတော့ မဆုံးဖြတ်ရသေးပါဘူးဟု ဖြေကြား သည်။
People Media သတင်းဌာနမှ သတင်းထောက် ဦးပြည့်ဖြိုးအောင်က ပထမတစ်ခုမေးချင်တာက လွှတ်တော်သက်တမ်းနှစ်ခုမှာ ကြန့်ကြာနေသော ရေးဆွဲပြီးသားဖြစ်သော Right to Recall Law ကို ခုအချိန်အထိ မပြဋ္ဌာန်းနိုင်ဘူး။ ဒါနဲ့ပတ်သက်ပြီး UEC အနေနဲ့ရော ဘယ်လိုဆက်လုပ်သွားဖို့ အစီ အစဉ်ရှိပါသလဲ၊ တကယ်လို့ PR စနစ်ကျင့်သုံး Right to Recall Law ဥပဒေအရ ရှိမှကိုဖြစ်မယ့် ဥပဒေ တစ်ရပ်ဖြစ်နေတော့ ဒါနဲ့ပတ်သက်လို့ UEC အနေ နဲ့   ဘယ်လိုသဘောထားရှိပါသလဲ သိလိုကြောင်း  မေးမြန်းသည်။                      
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က Right to Recall Law က               လွှတ်တော်ကိုပေးပို့ထားပြီး     ဖြစ်ပါကြောင်း၊ လွှတ်တော်တွင် ဆွေးနွေးပြီးခါမှ ဆုံးဖြတ်ရမည့် အစီအစဉ်များကို    ဆောင်ရွက်နိုင်စေချင်တာ ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် လွှတ်တော်ကတည်းက ပို့ပြီးသားဖြစ်ပါကြောင်း၊ လိုအပ်ရင် ပြဋ္ဌာန်းနိုင် ခြင်းကိစ္စကို ဆက်လက်ပြီး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
People Media သတင်းဌာနမှ သတင်းထောက် ဦးပြည့်ဖြိုးအောင်က PR စနစ်က ပြီးခဲ့တဲ့ ပထမ အကြိမ်   လွှတ်တော်သက်တမ်းမှာကတည်းက လေ့လာမှုမှတ်တမ်းတွေရှိသည့်အတွက်   ဒါနဲ့ ပတ်သက်လို့  ဆရာတို့အနေနဲ့  တကယ်တမ်း ကျင့်သုံးမယ်ဆိုရင် ကျင့်သုံးနိုင်မယ့်အခြေအနေ တစ်ရပ်ရှိတယ်၊ တချို့တွေ သုတေသနစာတမ်းတွေ နဲ့ ရွေးကောက်ပွဲကော်မရှင်ကို ပို့ထားတာရှိတယ် လို့ ကြားသိရတဲ့အခါကျတော့ ဒါနဲ့ပတ်သက်လို့ ဘာမှတ်ချက်ပေးလို့ရမလဲသိချင်ကြောင်း မေးမြန်း သည်။
ပြန်လည်ဖြေကြား
ဆက်လက်၍  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က PR စနစ်နဲ့ ပတ်သက်၍ မည်သည့်လွှတ်တော်တွင် ကျင့်သုံးလျှင် သင့်တော်မလဲ၊   PR စနစ်   အမျိုးမျိုးရှိသဖြင့် မည်သည့် PR စနစ်ကို ကျင့်သုံးမလဲ၊ ယခင်မှတ်တမ်း တွေရှိပါကြောင်း၊ သို့သော်လည်း   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပါတီများနှင့် တွေ့ဆုံ  ဆွေးနွေးသည့်အခါ၌   ဆွေးနွေးဖို့ရှိပါ ကြောင်း၊   သို့သော်   ပထမဦးစားပေးအနေဖြင့် မဲစာရင်းများ   စစ်ဆေးခြင်း၊ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ  ဆောင်ရွက်နေသည့်အတွက် တစ်ခါတည်း အပြတ်မပြောနိုင်သေးပါကြောင်း ပြန်လည်ဖြေကြားသည်။
ရဲရဲတောက်ဂျာနယ် အယ်ဒီတာချုပ် ဦးနေလင်း က UEC အနေဖြင့် ဗဟိုမှာဖွဲ့စည်းထားတာ မှန်ပါ တယ်၊ ဒီကနေ့ UEC ဗဟိုက ရှင်းလင်းတဲ့ ရှင်းလင်း ချက်တွေမှာ သတင်းစာတွေမှာရော၊ အခုလိုသတင်း စာရှင်းလင်းပွဲတွေမှာရော ပါပါတယ်၊ ဒါပေမယ့် အောက်ခြေမှာ မသိပါဘူး၊ အဲဒီတော့ UEC အနေ ဖြင့်  မြို့နယ်ကျေးရွာ၊  ရပ်ကျေး၊  ရွေးကောက်ပွဲ ကော်မရှင်အသစ်တွေဖွဲ့စည်းဖို့  အစီအစဉ်ရှိပါ သလား သိလိုကြောင်း မေးမြန်းသည်။
မဲစာရင်းစိစစ်မှုလုပ်ငန်းများကို ဦးစားပေး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်ကို အသစ်ဖွဲ့စည်းရန်  ရည်မှန်းချက် တွေရှိပါကြောင်း၊ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ လည်း ဆောင်ရွက်ရန်ရှိပါ ကြောင်း၊ မဲစာရင်းစိစစ်မှု လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေသဖြင့် ပြီးပါက လိုအပ်သလိုဆက်ပြီး ဖွဲ့စည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
သေနင်္ဂမဟာဗျူဟာ     လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြီးခဲ့တဲ့ ၂၀၂၀   အထွေထွေရွေးကောက်ပွဲမှာ  မဲစာရင်း မှားယွင်းမှု အလွန်များနေတဲ့အတွက်ကြောင့် ဒီလို မဲစာရင်းမှားယွင်းမှုတွေဖြစ်ခဲ့တဲ့ အဓိကအကြောင်း အရင်းတွေ၊ (နစက)က နောင်တစ်ချိန်မှာ ပြန်လည် ကျင်းပပေးမယ့် ရွေးကောက်ပွဲမှာသာ   အခုလိုမျိုး မှားယွင်းမှုတွေကို ရှောင်ရှားပြီးတော့ အကောင်းဆုံး ဖြစ်နိုင်အောင်  ဘယ်လို ဆောင်ရွက်မလဲဆိုတာ သိလိုပါကြောင်း မေးမြန်းသည်။
လိုအပ်လျှင်ပြင်ဆင်ဖို့ ဆွေးနွေးခဲ့
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက    ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပထမပိုင်းရှင်းလင်းတင်ပြခဲ့သည့်အတိုင်း မဲစာရင်း မှားယွင်းမှု တော်တော်များတာကို တွေ့ရပါကြောင်း၊ ဒီလိုဖြစ်ခဲ့သည့် အကြောင်းအရင်းများကို လေ့လာ သည့်အခါတွင်   အကြောင်းများက   အများကြီး တွေ့ရပါကြောင်း၊  သို့သော်လည်း အကျဉ်းချုပ်      ပြီး   တင်ပြရမည်ဆိုပါက အခြေခံမဲစာရင်းများ ကောက်ယူပါကြောင်း၊ ကောက်သည့်အခြေအနေ တွင် UEC နှင့် တခြားသက်ဆိုင်သည့်အဖွဲ့အစည်းများ၊ ရပ်/ကျေး၊ ထွေအုပ်နှင့် လဝကတို့ ပူးပေါင်းဆောင်ရွက်ရတာရှိပါကြောင်း၊ ဆောင်ရွက်သည့် လုပ်ငန်းစဉ် တစ်စုံတရာ အားနည်းချက်များရှိပါ ကြောင်း၊   စာရင်းကောက်သည့်အခါတွင်   (ရှိ၊ ကောက်)ရှိသည့်လူကို   ကောက်သည်ဆိုသော စနစ်နှင့်လုပ်ခဲ့ပါကြောင်း၊ နောက်ပြီး မရှိသည့်သူ များကို မှတ်ထားပြီး နောက်တစ်ကြိမ် ထပ်ကောက် ရာတွင် စိုးရိမ်မှုတွေလွန်ကဲပြီး ရှိသည့်လူတွေကိုပါ ထပ်ကောက်ပါကြောင်း၊ အိမ်ထောင်စုစာရင်း ၆၆/၆ အရ ရှိသည့်သူတွေကို ထည့်လိုက်သည့်အခါမှာ မဲစာရင်းတွေက ပိုပြီးတော့ ပွားသွားတာ ဖြစ်ပါ ကြောင်း၊ နောက်တစ်ခါ နေအိမ်မှာရှိတဲ့သူတွေက ပြောတာကို စာရင်းဇယားအခြေမခံဘဲ ကောက် သည့်အတွက် အရေအတွက်များ၊ ကိန်းဂဏန်းများ တော်တော်မှားပါကြောင်း၊ ပထမအကြိမ်မဲစာရင်း ကပ်သည့်အခါတွင် အရေအတွက် တော်တော်မှား ပါကြောင်း၊ ရှိသည့်သူကို ကောက်သည် ဆိုသော စနစ်ဖြင့် လုပ်ခဲ့မှုကြောင့်ဖြစ်ကြောင်း၊ နောက်မရှိ သည့်သူကို မှတ်ထားခြင်း ဖြစ်ကြောင်း၊ ပြီးမှ သူတို့ ကို စာရင်းမှာပါအောင် လုပ်ရပါကြောင်း၊ ပုံစံ ၆၆ ရှိသည့်သူများကို    ထပ်ကောက်သည့်အခါမှာ မဲစာရင်းများကို ပိုပြီးတော့ အဆမတန်ပွားလာခြင်း ဖြစ်ပါကြောင်း၊  နယ်များတွင်ရှိသည့်သူများကို စာရင်းဇယားအခြေမခံဘဲ ကောက်သည့်အတွက် အရေအတွက်၊ ကိန်းဂဏန်းများ တော်တော်မှားပါ ကြောင်း၊ ပထမအကြိမ် မဲစာရင်းကပ်သည့်အခါ တွင်  မဲစာရင်းများ  မှားယွင်းမှုရှိသည့်အတွက်  ပြည်ထောင်စု အစိုးရက အဖွဲ့တစ်ဖွဲ့ ဖွဲ့ခဲ့ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊  ပြည်နယ်ဝန်ကြီး   ချုပ်များသည်  အဖွဲ့ခေါင်းဆောင်၊ အများအားဖြင့် လူမှုရေးဝန်ကြီးများက အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်  ကော်မရှင်ဥက္ကဋ္ဌက အဖွဲ့ဝင်၊ ထွေအုပ်အကြီးအကဲ၊ လဝကအကြီးအကဲ များနှင့် မဲစာရင်းများကို မှန်ကန်ရန်အတွက် အဖွဲ့ဖွဲ့ ပြီး တာဝန်ပေးလိုက်ပါကြောင်း၊ အဆိုပါအဖွဲ့က လည်း မဲစာရင်းများကို မှန်ကန်အောင် ထပ်ထည့်ရန် လိုသည်ဟု စာရင်းများပေးပို့ပါကြောင်း၊ ထို့ကြောင့် ထပ်ထည့်လိုက်သည့်အခါ  တစ်ကြိမ်၊    နှစ်ကြိမ်၊ 
သုံးကြိမ်ဖြစ်လို့   ပွားတယ်လို့    နောက်ပိုင်းတွင် စစ်ဆေးတွေ့ရှိရကြောင်း၊ ဒါဟာ အစုလိုက် အပြုံ လိုက် ကြံစည်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လွှတ်တော် ရွေးကောက်ပွဲဥပဒေတွင်    ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက ၇ ရက်အတွင်းမှာ ဖြည့်စွက် ပြီး  မဲစာရင်းများ ထည့်ပေးခွင့်ရှိသည်ဟု   ရှိပါ ကြောင်း၊ ၎င်းအခွင့်အရေးရပြီး တကယ့်မဲဆန္ဒရှင် ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်ဆိုပြီး ထည့်ခိုင်းထား သည်များ ပါကြောင်း၊ ထို့ကြောင့် မဲလက်မှတ်များ မလုံလောက်ဘဲ ထပ်ရိုက်ရသည်များ ရှိခဲ့ကြောင်း၊ ဒါတွေကြောင့် မဲစာရင်းများ ပိုပြီးမှားယွင်းပြီး ပိုပြီး ထပ် ရခြင်းဖြစ်ကြောင်း၊ Covid-19 ရောဂါကြောင့် ဖြေလျှော့ဆောင်ရွက်မှုများရှိကြောင်း၊ ရက် ၉၀ ထက်မနည်း မဲဆန္ဒပြင်ပရောက်ရှိသူသည် ပုံစံ(က)နှင့် လျှောက်ရပါကြောင်း၊ ၃(က)ဖြင့် သက်ဆိုင်ရာ မဲစာရင်းကို  ထည့်သွင်းသည့်အခါတွင် ၃(ခ)ဖြင့် သက်ဆိုင်ရာ မဲစာရင်းကိုဖြည့်ရကြောင်း၊ ဒါတွေကို အချိန်မီ မဆောင်ရွက်သည့်အခါတွင် လျှောက်သည့် နေရာတွင်လည်းပါကြောင်း၊ မူလနေရာတွင်လည်း မဖြတ်ထားခြင်းကြောင့် မဲစာရင်းများ  ထပ်နေ ကြောင်း၊ အကြောင်းအချင်းအရာ အများကြီးဖြစ် ကြောင်း၊ နောင်တွင် မဲစာရင်းများ ဖောင်းပွမှုမရှိ စေရန်အတွက်  ပါတီများနှင့်တွေ့သည့်အခါတွင် လည်း ဆွေးနွေးခဲ့ပါကြောင်း၊ မဲစာရင်းမမှားအောင် ဘယ်လိုလုပ်မလဲ၊ အဲဒီလိုလုပ်တဲ့အခါမှာ မှတ်ပုံ တင်ရှိသည့်သူသာ မဲပေးလို့ရအောင်၊ မှတ်ပုံတင် ရရှိအောင်၊   အိမ်ထောင်စုစာရင်း  ရရှိအောင်၊ အိမ်ထောင်စုမရှိဘဲနှင့် ရက် ၉၀ တို့၊ ရက် ၁၉၀ တို့နှင့် ပေးလိုက်သည့်အခါတွင်လည်း ထပ်တာတွေ ရှိကြောင်း၊ ဒီဥပဒေကိုလည်း လိုအပ်လျှင်ပြင်ဆင်ဖို့ ဆွေးနွေးခဲ့တာရှိကြောင်း၊ နောက် မဲစာရင်းထည့် သည့်အခါ အိမ်ထောင်စုပုံစံ(၆၆/၆ )တွင် ထည့်ပြီး မှသာ မဲစာရင်းမှာထည့်ရန် ဆွေးနွေးခဲ့ပါကြောင်း၊ အကောင်းဆုံးနည်းလမ်းနှင့်  အဆင်ပြေဆုံးဖြစ် အောင်    ဆောင်ရွက်သွားဦးမည်  ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ထာဝရငြိမ်းချမ်းရေးသတင်း  ကွန်ရက်မှ သတင်းထောက် ဦးဥက္ကာ က ထုတ်ပြန်ကြေညာ ချက်များနှင့်ပတ်သက်ပြီး ပြည်သူလူထုက ပြောနေ သည်မှာ ပြီးခဲ့သည့် UEC အဟောင်းက လူများကို ဖမ်းထားပြီး အတင်းအကျပ် ထွက်ဆိုခိုင်းမှုများရှိ သည်ဟု ပြောဆိုမှုများရှိကြောင်း၊ ထိုအပေါ်တွင် မည်သို့ ရှင်းပြပေးနိုင်မည်လည်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ထိုကိစ္စနှင့် ပတ်သက်ပြီး မဟုတ် ပါကြောင်း၊  အဘယ့်ကြောင့်ဆိုသော်  စစ်ဆေး             ရာတွင် တချို့  UEC  အဖွဲ့ဝင်ဟောင်း  ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ရုံးအဆင့်ဆင့်က ရုံးဝန်ထမ်း များကို   လိုအပ်ချက်အရ  ခေါ်ယူပြီး  မေးမြန်း စစ်ဆေးမှုများရှိကြောင်း၊     ရိပ်သာများတွင် ကောင်းကောင်းမွန်မွန်ထားရှိ စစ်ဆေးတာဖြစ်ပါ ကြောင်း၊ အပြောင်းအလဲများ၊ ပြဿနာများရှိမည် စိုး၍ မဲစာရင်းများ ကိုင်တွယ်ခဲ့သူများဖြစ်၍ ခေါ်ယူ စစ်ဆေးတာဖြစ်ကြောင်း၊  သွားစစ်သည့်အချိန်         မှာ   အားလုံးကိုခေါ်ပြီး   အတူတူစစ်ဆေးခြင်းဖြစ် ကြောင်း၊ သက်ဆိုင်ရာ မှတ်တမ်းမှတ်ရာများတွင် အားလုံးလက်မှတ်ထိုးထားကြောင်း၊    အားလုံး ပွင့်လင်းမြင်သာစွာဖြင့် ဆောင်ရွက်ခြင်းဖြစ်သည့်အကြောင်းကို သက်သေအထောက်အထားများက အစ ပြည့်ပြည့်စုံစုံရှိကြောင်း ရှင်းလင်းဖြေကြား သည်။
ဆက်လက်၍ ထာဝရငြိမ်းချမ်းရေးသတင်း ကွန်ရက်မှ သတင်းထောက် ဦးဥက္ကာ က  ရရှိလာ သည့် သက်သေအထောက်အထားများကို  လိုအပ် လာပါက ထုတ်ပြပေးနိုင်သည့် အစီအစဉ်မျိုး ရှိပါ သလား မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က မိမိတို့တွင် မှတ်တမ်းမှတ်ရာ အပြည့်အစုံရှိပါကြောင်းဖြင့် ဖြေကြားသည်။