
နေပြည်တော် မေ ၂၅
(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ တို့အကြား လူကုန်ကူးမှုတိုက်ဖျက် ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး (10th Meeting on Cooperation to Combat Trafficking in Persons bet-ween Myanmar Police Force and Royal Thai Police) ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည် တော် Park Royal Hotel ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁)၊ ရဲဗိုလ်ချုပ်အောင်အောင် ဦးဆောင် သော ကိုယ်စားလှယ်များနှင့် ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ် Pol. Gen. Surachate Hakparn ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၉ ခုနှစ် ထိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့သည့် (၉)ကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ တို့အကြား လူကုန်ကူးမှုတိုက်ဖျက် ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများ၊ နယ်စပ် ဖြတ်ကျော်ဖြစ်ပွားသော လူကုန် ကူးမှုအခြေအနေများ၊ လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေး ကိစ္စရပ် များ၊ ပြောင်းလဲလာသော လူကုန်ကူးမှုပုံစံများနှင့် ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံ နယ်စပ်မြို့များသို့ နိုင်ငံခြားသားများ တရားမဝင် လာရောက် အလုပ်လုပ်ကိုင်မှု ဖြစ်စဉ်များ၊ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော လူကုန်ကူးမှု ကျူးလွန်သူတရားခံများ၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြင့် အရေးယူခံရပြီး ထွက်ပြေးတိမ်း ရှောင်နေသည့် တရားခံများအား စုံစမ်းဖမ်းဆီး လွှဲပြောင်းပေးနိုင် ရေးနှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တရားမဝင် ဝင်/ထွက် သွားလာမှုများကို ပူးပေါင်း တားဆီးကာကွယ်ရေး ဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်