
ရန်ကုန် နိုဝင်ဘာ ၁၇
နိုင်ငံတော်မှ အမျိုးသားအောင်ပွဲ နေ့အား ဂုဏ်ပြုသောအားဖြင့် လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အလေးထား သောအားဖြင့်လည်းကောင်း၊ နိုင်ငံ တစ်ဝန်းရှိ အကျဉ်းထောင်များ တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၅၇၇၄ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု ခဲ့ရာ ရန်ကုန် အင်းစိန်ထောင်ရှိ နိုင်ငံခြားသား လေးဦးအပါအဝင် အကျဉ်းသား/အကျဉ်းသူ ၉၈၅ ဦးကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြု ၍ လွှတ်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်အကျဉ်းထောင်မှ လွတ် ငြိမ်းခွင့်ရရှိသော အကျဉ်းသား/အကျဉ်းသူ ၉၈၅ ဦး တို့ကို Stadi-um ခန်းမ၌ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့် ရန်ကုန် တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်တို့က ဩဝါဒစကားများ ပြောကြားကြသည်။
နိုင်ငံတော်အစိုးရက နိုင်ငံ တစ်ဝန်းရှိ အကျဉ်းသား ၅၀၉၈ ဦး၊ အကျဉ်းသူ ၆၇၆ ဦး စုစုပေါင်း ၅၇၇၄ ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှု၍လည်း ကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အလေးထား သောအားဖြင့် လည်းကောင်း၊ နိုင်ငံခြားသားများ ဖြစ်ကြသည့် မစ္စတာရှောင်တာနယ်၊ မစ္စတာ တိုရူကူဘိုတာ၊ မစ္စဗစ်ကီ ဘိုးမန်း နှင့် အမေရိကန်နိုင်ငံသားခံယူ ထားသော ဦးကျော်ဌေးဦးတို့ကို လည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့သည်။
နိုင်ငံတော်၏ လွတ်ငြိမ်းခွင့် ရရှိသော အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၈၉၄ ဦး၊ အကျဉ်း သူ ၈၇ ဦးနှင့် နိုင်ငံခြားသား လေးဦး စုစုပေါင်း ၉၈၅ ဦးတို့ကို မွန်းလွဲ ၂ နာရီခွဲမှစ၍ ရန်ကုန်မြို့ ၏ ခရိုင်လေးခုသို့ YBS ယာဉ်များ ဖြင့် အေးချမ်းမှုကို ဖော်ဆောင် သည့် မိုးဖွဲဖွဲအောက်တွင် ပို့ဆောင် ခဲ့ပြီး အင်းစိန် ဗဟိုအကျဉ်းထောင် မှ လွတ်ငြိမ်းခွင့်ရရှိသော နိုင်ငံ သား အကျဉ်းသား အကျဉ်းသူ ၉၈၁ ဦးနှင့် နိုင်ငံခြားသား အကျဉ်း သား လေးဦးတို့ကို နိုင်ငံတော် ၏ စေတနာအမှန်ကို ထုတ်ဖော်ပြသည့်အနေဖြင့် လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
ဓာတ်ပုံ - ကနူး