(၁၀) ကြိမ်မြောက် ပေကျင်း ရှန်ကျန်းဖိုရမ်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 

နေပြည်တော်   နိုဝင်ဘာ    ၂


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သည့်   ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်၏   ဖိတ်ကြားချက်အရ   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင်  ကျင်းပပြုလုပ်ခဲ့သည့် (၁၀) ကြိမ်မြောက်  ပေကျင်း ရှန်ကျန်းဖိုရမ် (10th Beijing Xiangshan Forum) သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ ညပိုင်းတွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိ သူများက ကြိုဆိုခဲ့ကြသည်။


ဒုတိယဝန်ကြီးချုပ်နှင့်   ပြည် ထောင်စုဝန်ကြီး      ဗိုလ်ချုပ်ကြီး တင်အောင်စန်း      ဦးဆောင်သော မြန်မာကိုယ်စားလှယ်   အဖွဲ့သည် အောက်တိုဘာ ၂၉  ရက် နံနက် ၉     နာရီအချိန်တွင်     တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊      ဗဟိုစစ် ကော်မရှင် ဒုတိယဥက္ကဋ္ဌ  ဗိုလ်ချုပ် ကြီး ကျန်းယိုရှား ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်   နှစ်နိုင်ငံ သီးသန့် တွေ့ဆုံပွဲသို့ တက်ရောက် ခဲ့ပြီး   တွေ့ဆုံပွဲ၌   ဗိုလ်ချုပ်ကြီး ကျန်းယိုရှားက   တရုတ် - မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး သည် ယခင်ကထက် ပိုမိုတိုးတက် ခိုင်မာလာလျက်ရှိကြောင်း၊ မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်  တိုးတက်လာစေရေး     အတွက် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အား        ကူညီပေးသွားမည်ဖြစ် ကြောင်း၊    နယ်စပ်ဒေသများတွင် လုံခြုံရေးနှင့်     တည်ငြိမ်ရေးတို့ အတွက်    မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဆောင်ရွက် သွားမည်ဟုလည်း     မျှော်လင့်ပါ ကြောင်း၊   တရုတ်နိုင်ငံအနေဖြင့်  မဟာဗျူဟာမြောက် အပြန်အလှန်  ယုံကြည်မှုကို     နက်ရှိုင်းအောင်  ဆောင်ရွက်ရန်အသင့်ရှိကြောင်း၊ နယ်ပယ်အသီးသီး၌  လက်တွေ့ ပူးပေါင်း   ဆောင်ရွက်မှုများကို အားကောင်းအောင်    လုပ်ဆောင် ရေးနှင့်    မြန်မာ့တပ်မတော်နှင့်  အဆင့်မြင့်    ဆက်ဆံရေးများကို ထိန်းသိမ်းထားရန်တို့အား   လုပ် ဆောင်ရန် အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။        ဒုတိယ ဝန်ကြီးချုပ်ကလည်း       နှစ်နိုင်ငံ တပ်မတော်ချင်း  ဘက်စုံပူးပေါင်း ဆောင်ရွက်မှုကို       မြှင့်တင်ရန်  အတွက်    တရုတ်ပြည်သူ့လွတ် မြောက်ရေး တပ်မတော်နှင့်အတူ  ဆက်လက်    ဆောင်ရွက်သွားလို ပါကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးအပေါ်      မြန်မာ့ တပ်မတော်အနေနှင့်      အထူး အလေးထားပါကြောင်း၊     နယ်စပ် ဒေသတည်ငြိမ်ရေးအား ထိန်းသိမ်း ထားနိုင်ရေးအတွက်      နှစ်နိုင်ငံ တပ်မတော်များအကြား     အပြန် အလှန် သတင်းဖလှယ်ရေးကိုလည်း   မြှင့်တင်လုပ်ဆောင်သွားမည်ဖြစ် ပါကြောင်း ပြောကြားသည်။ 


ဖိုရမ်ဖွင့်ပွဲတက်ရောက်


ဒုတိယဝန်ကြီးချုပ်      နှင့်  ကိုယ်စားလှယ်အဖွဲ့သည် အောက် တိုဘာ ၃၀ ရက်တွင် ပေကျင်းနိုင်ငံ တကာ        ကွန်ဗင်းရှင်းစင်တာ (Beijing   International   Con-vention   Center- BICC)   တွင် ကျင်းပသော   (၁၀) ကြိမ်မြောက် ပေကျင်း  ရှန်ကျန်းဖိုရမ်   ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး  ဖွင့်ပွဲ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊  ဗဟိုစစ်ကော်မရှင်     ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး       ကျန်းယိုရှားက အဖွင့် မိန့်ခွန်းပြောကြားခဲ့သည်။  ထို့နောက်တွင် ဒုတိယဝန်ကြီးချုပ် နှင့်       ကိုယ်စားလှယ်အဖွဲ့သည် “နိုင်ငံကြီးများ၏  တာဝန်များနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှု” (Major Countries’ Responsibility   and    Global Security Cooperation) ဆွေးနွေး ပွဲ၊   “ကမ္ဘာလုံးဆိုင်ရာ   လုံခြုံရေး တွင်   ဖွံ့ဖြိုးဆဲနိုင်ငံများ၏  အခန်း ကဏ္ဍ” (The Role of Developing Countries  in  Global  Security) ဆွေးနွေးပွဲနှင့် “ဒေသတွင်းလုံခြုံ ရေး ပူးပေါင်းဆောင်ရွက်မှုအခန်း ကဏ္ဍတွင် အာဆီယံ၏ ဗဟိုကျမှု” (ASEAN Centrality in Regional Security Cooperation Archi-tecture) ဆွေးနွေးပွဲများသို့ ပါဝင် တက်ရောက်ခဲ့ကြသည်။


ယင်းနောက်   ဒုတိယဝန်ကြီး ချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့သည်  အောက်တိုဘာ ၃၁ ရက် နံနက် ပိုင်းတွင်    ပေကျင်းနိုင်ငံတကာ ကွန်ဗင်းရှင်းစင်တာ       (Beijing International        Convention Center-BICC)   ၌   ကျင်းပသည့် “ကမ္ဘာ့ငြိမ်းချမ်းရေး ကြာရှည်စွာ  တည်တံ့ခိုင်မြဲရေးအတွက် ကမ္ဘာ လုံးဆိုင်ရာ လုံခြုံရေးစီမံလုပ်ဆောင် မှုများအား ပူးတွဲဖော်ဆောင်ခြင်း” (Jointly   Implementing   the Global Security Initiatives for Lasting Peace and Security of the World) ဆွေးနွေးပွဲသို့ တက် ရောက်ခဲ့ကြသည်။


တွေ့ဆုံနှုတ်ဆက်


ဒုတိယဝန်ကြီးချုပ်နှင့်   ပြည် ထောင်စုဝန်ကြီးသည် အောက်တို ဘာ  ၃၁  ရက်   မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတ      နိုင်ငံ ပေကျင်းမြို့ရှိ    မြန်မာသံရုံးသို့ သွားရောက်ခဲ့ပြီး  မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံးတို့မှ     ဝန်ထမ်း များနှင့်     မိသားစုဝင်များအား   သွားရောက်     တွေ့ဆုံနှုတ်ဆက် ခဲ့ကာ   လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။


ပူးတွဲကျင်းပ


အဆိုပါ  (၁၀)  ကြိမ်မြောက်  ပေကျင်း       ရှန်ကျန်းဖိုရမ်အား တရုတ်ပြည်သူ့လွတ်မြောက်ရေး  တပ်မတော်၊ တရုတ်နိုင်ငံစစ်ဘက် သိပ္ပံပညာအဖွဲ့ (China Associa-tion of Military Science -CAMS)နှင့်   တရုတ်နိုင်ငံ၊   နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး    အဖွဲ့ (China Institute of Interna-tional Strategic Studies-CIISS) တို့က    ပူးတွဲကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့   အာရှ၊   ဥရောပ၊ အာဖရိက၊   လက်တင်အမေရိက ဒေသများရှိ နိုင်ငံပေါင်း ၆၂ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများ၊   နိုင်ငံ တကာတပ်မတော်များမှ အဆင့် မြင့်       အရာရှိကြီးများအပြင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ များနှင့် အာဆီယံ၊ ဥရောပသမဂ္ဂ၊  ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များ    စသည့်နိုင်ငံတကာ အဖွဲ့အစည်း ၆ ခုမှ ကိုယ်စားလှယ် များလည်း    ပါဝင်တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။  

သတင်းစဉ်