၁-၆-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၅)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊   သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို   ၂၀၂၂   ခုနှစ်၊    ဇွန် ၁ ရက်    မွန်းလွဲ ၁ နာရီ တွင်   ပြန်ကြားရေးဝန်ကြီးဌာန၌  ကျင်းပပြုလုပ်ရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်  ဗိုလ်ချုပ်ဇော်မင်းထွန်း၊            ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့်  ဌာနဆိုင်ရာ   သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏  သိရှိလိုသည့်  မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။

 

(ယမန်နေ့မှအဆက်)


Myanmar National  Post  မှ  အယ်ဒီတာချုပ် နောင်တော်လေးက   မိမိအနေဖြင့်  NLD   ပါတီနှင့် ပတ်သက်၍      အစဉ်တစိုက်မေးမြန်းမှုအပေါ် နားလည်ပေးနိုင်မည်ဟု  ထင်မြင်မိကြောင်း၊ အဆိုပါ ပါတီ၏    ဥပဒေမဲ့အကြမ်းဖက်မှုများကို    မိမိတို့ မီဒီယာများအနေဖြင့်လည်း မြင်တွေ့နေရသကဲ့သို့ ပြည်သူများအနေဖြင့်လည်း     သိနေကြပါကြောင်း၊ သို့သော်  UEC   အနေဖြင့်    ယနေ့အချိန်အထိ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်ခြင်းမရှိသေးသည် ကို တွေ့ရကြောင်း၊  အဆိုပါ ပါတီမှကျူးလွန်ခဲ့သည့် ဥပဒေမဲ့လုပ်ရပ်များအပေါ် မည့်သည့်အချိန်ကာလ ခန့်တွင် ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ရပ်ချမှတ် နိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက   ယခုမေးခွန်းကို  မေးမြန်းသည့် သတင်းထောက်ကြီးအနေဖြင့်    ယခုမေးခွန်းနှင့် ဆင်တူသည့်မေးခွန်းကို ယခင် သတင်းစာရှင်းလင်း ပွဲတွင်   မေးမြန်းခဲ့ပါကြောင်း၊    ယခုသတင်းစာ ရှင်းလင်းပွဲတွင်မူ  တစ်လ၊ နှစ်လ၊ သုံးလ  ဆိုသည့် ကာလသတ်မှတ်ချက်တစ်ခုအနေဖြင့်  မေးမြန်းလို သည့်   သဘောတရားမျိုးဖြင့်   မေးမြန်းသည်ဟု သဘောပေါက်ပါကြောင်း၊       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏   ရှေ့လုပ်ငန်းစဉ်  (၁) အရ မိမိတို့၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း။

 


ထိုသို့ဖွဲ့စည်းရာတွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ပါတီနိုင်ငံရေး ကင်းရှင်း၍ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပြီး အတွေ့အကြုံရှိသည့်  လူပုဂ္ဂိုလ်များနှင့်   ရွေးချယ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ပုဒ်မ (၁၀) (ဌ)ပါ နိုင်ငံရေးပါတီများ ကို  ကြီးကြပ်ခြင်းတာဝန်များကို ဆောင်ရွက်ရာ၌ အားလုံးအပေါ်တွင် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် မျှမျှတတ     ဆောင်ရွက်နေကြောင်း၊     ထိုသို့ ဆောင်ရွက်၍    ဆုံးဖြတ်ချက်များ   ချမှတ်ရာတွင် လည်း ပြည်ထောင်စု   ရွေးကောက်ပွဲ   ကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များပါဝင်သည့် စုံညီ အစည်းအဝေးမှ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ သတင်း ထောက်ကြီး  ယခုမေးမြန်းသည့်ကိစ္စနှင့် ပတ်သက် သည့် လုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း၊ မည်သည့်ကိစ္စများကို လုပ်မည်ဟု ကြိုတင်ဆုံးဖြတ်ထားခြင်းမရှိကြောင်း၊    အဆိုပါ လုပ်ငန်းစဉ်များအပေါ်  မိမိတို့အနေဖြင့် ဥပဒေနှင့် အညီသာ     ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လည်း အချိန်နှင့်တစ်ပြေးညီ အသိပေးသွားမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။ 

 


ခေတ်ပုံရိပ်ဂျာနယ်မှ သတင်းထောက်ဦးဝင်းနိုင် က  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်   UEC အနေဖြင့်      နောင်လာမည့်    ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်သတ်မှတ်ထားသည့် နောက်ဆုံးအချိန်မှာ မည်သည့်ရက်ဖြစ်နိုင်မည်ကို သိလိုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် လူဦးရေကို အခြေခံသည့် အချိုးကျကိုယ်စားပြု PR စနစ်ဖြစ်သည့်အတွက်   မဲဆန္ဒနယ်မြေအား   ခရိုင် အလိုက်သတ်မှတ်မည်၊ မြို့နယ်အလိုက် သတ်မှတ် မည်၊ ဒေသအလိုက်သတ်မှတ်မည်ကို သိလိုကြောင်း၊ ယခင်ရွေးကောက်ပွဲ ဥပဒေအား မည်ကဲ့သို့သော အချက်များကို ပြန်လည်ဖြည့်စွက်မည်ကို သိလို ကြောင်း မေးမြန်းသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက  သတင်းထောက်ကြီး ယခုမေးမြန်း သည့် မေးခွန်းနှင့် ပတ်သက်၍ လုပ်ငန်းစဉ် (၅) အရ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း။

 


ထိုသို့ဆောင်ရွက်ရာတွင် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို  ဥပဒေအရ  လုပ်ဆောင်လျက်ရှိ ကြောင်း၊ ရွေးကောက်ပွဲစက်ဝန်းတွင် ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ အလွန်ကာလ   ဟူ၍ပါဝင်ကြောင်း၊   ယင်းတို့သည် တစ်ဆက်တစ်စပ်တည်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကာလဟုဆိုရာတွင်      လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၆ အရ မည်သည့်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်၊ ကိုယ်စားလှယ်လောင်း အမည်စာရင်း များကို မည်သည့်နေ့တွင် တင်သွင်းရမည်၊ မည်သည့် နေ့တွင်   နောက်ဆုံးထား၍      ရုပ်သိမ်းနိုင်သည်၊ မည်သည့်နေ့တွင်  စိစစ်မည်ဟု ထုတ်ပြန်သည့်အချိန် တွင်     ရွေးကောက်ပွဲအချိန်ကာလ   စတင်ပြီဖြစ် ကြောင်း၊ ထိုအချိန်မှစတင်၍ ရွေးကောက်ပွဲလုပ်ငန်း စဉ်များအတိုင်း ဆောင်ရွက်ပြီးစီး၍ ရလဒ်များထုတ် ပြန်ပြီးစီးသည့်  အချိန်ကာလအထိမှာ ရွေးကောက်ပွဲ ကာလဖြစ်ကြောင်း၊  နောက်ပိုင်း ကန့်ကွက်လွှာအမှု များစစ်ဆေးခြင်း   ကိစ္စရပ်များမှာ    ရွေးကောက်ပွဲ အလွန် ကာလဖြစ်ကြောင်း၊၊  

 


ယခုကာလသည် ရွေးကောက်ပွဲ အကြိုကာလ ဖြစ်သည်ဟု ပြောလိုကြောင်း၊ ရွေးကောက်ပွဲအကြို ကာလဖြစ်သည့် အတွက် ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းစဉ်များဖြစ်သည့် မဲစာရင်းများပြုစုခြင်း၊ ဥပဒေမူဘောင်ဖြစ်သည့်   ဥပဒေများကို   ယခင် အတွေ့အကြုံများအပေါ်မူတည်၍ သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစောပိုင်းကပြောခဲ့သည့် PR   စနစ်ကို   ကျင့်သုံးရန်ရှိသည့်အတွက်   ယင်း စနစ်နှင့်ကိုက်ညီသည့် သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေများကို   ပြင်ဆင်ဆောင်ရွက်ထားကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အဆိုပါ ဥပဒေမူဘောင် ကို ဆောင်ရွက်ကြောင်း၊ အလားတူအခြေခံကျပြီး လုပ်ငန်းပမာဏကြီးမားသည့်    မဲစာရင်းပြုစုခြင်း လုပ်ငန်းများကို     ဆောင်ရွက်လျက်ရှိကြောင်း၊  ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းများ၏ Capacity Building နှင့် အင်အားဖြည့်တင်းခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ ရွေးကောက်ပွဲ တွင်    အသုံးပြုမည့်    မဲရုံသုံးပစ္စည်းများကိုလည်း စုဆောင်းရကြောင်း၊     ရုံးအဆောက်အဦများ ဆောက်လုပ်ခြင်းကဲ့သို့သော အုပ်ချုပ်မှုကိစ္စများကို လည်း ဆောင်ရွက်ရကြောင်း၊   ထိုကဲ့သို့   ပြင်ဆင် ဆောင်ရွက်ဖွယ်ရှိသည့် ရွေးကောက်ပွဲ အကြိုကာလ လုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြောင်း။

 


အလားတူ     ရွေးကောက်ပွဲကာလရောက်ရှိ၍ ကြေညာပြီးပါက  ဆင့်ကဲဆင့်ကဲ တစ်ဆက်တစ်စပ် တည်းဆောင်ရွက်ရမည့်       လုပ်ငန်းစဉ်များရှိပါ ကြောင်း၊ ရွေးကောက်ပွဲအလွန်ကာလ လုပ်ငန်းစဉ် များလည်းရှိကြောင်း၊       အဆိုပါကိစ္စများကို သတ်မှတ်ချက်များနှင့်အညီ စီမံချက်များကြိုတင်ရေးဆွဲပြီးဖြစ်ကြောင်း၊      သတင်းထောက်ကြီး မေးမြန်းသည့် PR စနစ်နှင့်ပတ်သက်၍ ပြောရမည် ဆိုပါက ယင်းနှင့်ပတ်သက်သည့်   စာအုပ်ထုတ်ခဲ့ သည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း၊ ဥပဒေအတည်ပြု ထုတ်ပြန်လာပါက   PR   နှင့်    ပတ်သက်သည့် ဗဟုသုတများ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး Pamphlet များ၊ နိုင်ငံပိုင်မီဒီယာများမှ အသိပညာ ပေးထုတ်ပြန်       ကြေညာခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်      သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


တဲ့ပြောအွန်လိုင်းမီဒီယာမှ    အယ်ဒီတာချုပ် ဦးဇော်မင်းဦးက ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင် များကို ယခုအချိန်အထိ ခန့်အပ်ထားခြင်းမရှိသေး သည်ကို တွေ့ရကြောင်း၊ ၂၀၂၃ ခုနှစ် ဩဂုတ်လခန့် တွင် ရွေးကောက်ပွဲကျင်းပဖြစ်မည်ဟု အကြမ်းဖျင်း သိထားကြောင်း၊ ရွေးကောက်ပွဲကျင်းပရန်အတွက် တစ်နှစ်ခန့်သာလိုတော့သည်ဟု       မိမိအနေဖြင့် တွက်ချက်မိကြောင်း၊   ရပ်/   ကျေးရွေးကောက်ပွဲ ကော်မရှင်များကို  ယခုအချိန်အထိ ခန့်အပ်ခြင်းမရှိ သေးကြောင်း၊ အမှန်တကယ်တွင်မူ ခန့်အပ်ရန်သင့် နေပြီဖြစ်ကြောင်း၊ ယခုလက်ရှိတွင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက် ဖြင့် မှတ်ပုံတင်များ လုပ်ပေးနေကြောင်း၊ မိမိအနေ ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဝန်ကြီးဌာန၏  ကောင်းကြောင်းကို  ပြောလို၍ မဟုတ်ကြောင်း၊ မိမိတို့သတင်းဌာနများအနေဖြင့် ဝန်ကြီးဌာနအချို့ကို      စောင့်ကြည့်နေကြောင်း၊ မည်သည့်ဝန်ကြီးဌာန၏  လုပ်ပုံလုပ်နည်းက   အတု ယူရန်လိုသည်၊   မလိုသည်ကို    ချိန်ထိုးပြခြင်းဖြစ် ကြောင်း၊ ယခုပန်းခင်းစီမံချက်ဖြင့်  ဆောင်ရွက်ပေး ရာတွင်  ပြည်နယ်နှင့် ခရိုင်တို့ရှိ ဦးစီးအရာရှိများက ရုံးထိုင်ခြင်းမပြုဘဲ   မြို့နယ်ကို    ဝိုင်းဝန်းကူညီကြ ကြောင်း၊ ယခုနောက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေး နှင့်    ပြည်သူ့အင်အားဝန်ကြီးဌာနက   Door To Door စနစ်ဖြင့်    အိမ်တစ်အိမ်၏   သန်းခေါင်စာရင်းကို   စစ်ဆေးမည်ဆိုပါက   အိမ်သားတစ်ဦးဦး     အိမ်တွင် မရှိပါက    မည်သည့်နေရာသို့     သွားသည်ကို   မှတ်တမ်းတင်မည်၊   မှတ်ပုံတင်  ရှိ/မရှိ   မှတ်တမ်း တင်မည်၊ မှတ်ပုံတင်မရှိပါက   
နိုင်ငံတော်ကပန်းခင်းစီမံချက်ဖြင့်      ကွင်းဆင်း ဆောင်ရွက်ပေးနေသည်ကို အသက်ပြည့်ပြီး  ဖြစ် သော်လည်း မည်သည့်အတွက်ကြောင့်  လိုက်ပါ ဆောင်ရွက်ခြင်းမပြုသည်ကို မှတ်တမ်းတင်မည်ဟု သိရကြောင်း။

 


ယခုလက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက  ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်နှင့်   ရပ်/ကျေး  ရွေးကောက်ပွဲ ကော်မရှင်ခန့်ထား၍        ၎င်းတို့နှစ်ဦး       ပူးပေါင်း လုပ်ဆောင်မည်ဆိုပါက       အိမ်တွင်မရှိသည့် အိမ်သားမှာ မည်သည့်နေရာသို့ သွားရောက်နေသည် ကို သိနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက်လည်း အဖျက်အမှောင့်လုပ်ငန်း လုပ်နေသူများ၏ Data များ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်  ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်များ မဖွဲ့စည်းရသေးပါက    အမြန်ဆုံးဖွဲ့စည်းပေးရန်ရှိ/မရှိ သိလိုကြောင်းမေးမြန်းသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီးမေးမြန်းသည့် ကိစ္စနှင့်ပတ်သက်သည့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ   အဆင့်ဆင့်     ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေပုဒ်မ ၁၂၊ ကော်မရှင်ဥပဒေ ၁၀ (ဂ)ပါ လုပ်ပိုင်ခွင့်အရ ပုဒ်မ  ၁၂  အရ ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းရ သည့်  ကော်မရှင်များမှာ တိုင်းကော်မရှင်၊  ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ  တိုင်း/ဒေသနှင့်   မြို့နယ် အဆင့်ထိ ကော်မရှင်အဖွဲ့ခွဲများဖြစ်ကြောင်း၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများကိုမူ    တိုင်းဒေသကြီး/ပြည်နယ် ကော်မရှင်အဖွဲ့ခွဲက ကော်မရှင်ဥပဒေပုဒ်မ ၁၃ အရ ဖွဲ့စည်းရကြောင်း၊   ယခုလက်ရှိတွင်   တိုင်း၊ ခရိုင်၊ မြို့နယ်များကို ဖွဲ့စည်းရန်  Timeline  ချထား ကြောင်း၊ ရွေးကောက်ပွဲအကြိုကာလတွင် ဆောင်ရွက် ရသည့်လုပ်ငန်းများ ဖြစ်ကြောင်း။

 


ထို့ကြောင့် ရွေးကောက်ပွဲအကြိုကာလလုပ်ငန်း စဉ်များတွင် အထက်ပါကိစ္စများကို သတ်မှတ်သည့် အချိန်ဇယားအတိုင်း    ဖွဲ့စည်းနိုင်ရေး  ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပြီးပါက တိုင်းကော်မရှင်က   ရပ်/ကျေး      ကော်မရှင်ကို ဆက်လက်    ဖွဲ့စည်းပေးသွားမည်ဖြစ်ကြောင်း၊ သတင်းထောက်ကြီး မေးမြန်းခဲ့သည့် မဲစာရင်းပြုစုရေး နှင့်  ပတ်သက်လျှင် ယခုအချိန်တွင် ဥပဒေကြောင်း အရ  ရပ်/ကျေးကော်မရှင်နှင့် မည်သို့မျှ သက်ဆိုင် ခြင်း   မရှိသေးကြောင်း၊   မဲစာရင်းပြုစုရာတွင် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းနှင့် သက်ဆိုင်ရာမြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနစာရင်းတို့ကို မြို့နယ်ကော်မရှင် က ပေါင်းစပ်၍     မဲစာရင်းများကို    ပြုစုရကြောင်း၊ လဝကမှရရှိသည့်    ပုံစံ (၆၆/၆)   စာရင်းများ၊ မှတ်ပုံတင်ထုတ်ပေးပြီးသူများ၏ မှတ်ပုံတင်စာရင်း များနှင့်  ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ကောက်ခံရ ရှိသည့်  မြေပြင်လူဦးရေစာရင်းများကို တိုက်ဆိုင် စစ်ဆေးရကြောင်း၊ ထိုသို့တိုက်ဆိုင်စစ်ဆေးရာတွင် နှစ်ဖက် စာရင်းဇယားများတွင် ကွဲလွဲချက်များရှိနေ ဆဲဖြစ်ကြောင်း၊    ထိုစာရင်းဇယားများ   ညီစေရန် အတွက်  စာရင်းများ ကောက်ယူ၍ နှစ်ဖက်စာရင်း ဇယားများ တိုက်ဆိုင်စစ်ဆေးဆဲ ဖြစ်ကြောင်း။

 


ထိုသို့တိုက်ဆိုင်စစ်ဆေးပြီး စာရင်းဇယားများ ညီညွတ်ပြီး ဥပဒေနှင့်အညီ မဲပေးခွင့်ရှိသည့်သူများ၏ စာရင်းများရရှိပြီဆိုပါက ရွေးကောက်ပွဲကျင်းပသည့် ရက်တွင် အဆိုပါစာရင်းများဖြင့် မဲစာရင်းဟူ၍ဖြစ် လာမည်ဖြစ်ကြောင်း၊ မဲစာရင်း ဖြစ်လာပြီဆိုပါက အဆိုပါမဲစာရင်းများကို    မိမိတို့ကော်မရှင်များက စိစစ်ရကြောင်း၊  ကပ်ထားရပါကြောင်း၊ ယခင်က နှစ်ကြိမ်ကပ်ထားကြောင်း၊    ထိုသို့ကပ်ထားသည့် အချိန်တွင် ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်း၊ အစားထိုး ဖြည့်စွက်ခြင်းစသည့်   လုပ်ငန်းများကို   ဥပဒေနှင့် အညီ  ဆောင်ရွက်ရကြောင်း၊ ထို့ကြောင့် ရပ်/ကျေး ကော်မရှင်၏   Function    မှာမရှိသေးကြောင်း၊ သို့သော်  မိမိတို့   အချိန်မီ  ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊   သက်ဆိုင်ရာလွှတ်တော်   ရွေးကောက်ပွဲ ဥပဒေ/ နည်းဥပဒေပါအတိုင်း မဲစာရင်းများပြည့်စုံမှန်ကန်ရေးအတွက် အခြေခံမဲစာရင်းများ တိုက်ဆိုင် စစ်ဆေးနေကြောင်း၊   အခြေခံလူဦးရေစာရင်းကို လည်း   တိုက်ဆိုင်စစ်ဆေးနေကြောင်း၊ မဲဆန္ဒရှင် စာရင်းကိုလည်း   သတ်မှတ်သည့်ကာလအတိုင်း ပြုစုမည်ဖြစ်ကြောင်း၊  ပြုစုပြီးစီးပါက  စိစစ်သည့် လုပ်ငန်းကို ကော်မရှင်အဆင့်ဆင့်နှင့် ထိုဒေသတွင် အခြေစိုက်သည့် နိုင်ငံရေးပါတီများပူးပေါင်း၍ စိစစ် မည်ဖြစ်ကြောင်း။

 


ထိုသို့     စိစစ်ပြီးနောက်    ကပ်ထားပေးမည် ဖြစ်ကြောင်း၊   ကပ်ထားသည့်အချိန်တွင်  ပြည်သူ လူထုကကြည့်ရှု၍   တောင်းဆိုခြင်း၊   ပြင်ဆင်ခြင်း၊    ကန့်ကွက်ခြင်းများကို  ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ    စိစစ်ပြီးပါက   Final   မဲစာရင်းကို   ကပ်ထားမည်ဖြစ်ကြောင်း၊    ထိုသို့  ဆောင်ရွက်ရာ၌ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင်      တွေ့ကြုံခဲ့ရသည့်  မဲစာရင်းမှားယွင်းမှု  ၁၁  ဒသမ ၃ သန်းခန့် ရှိခဲ့သည့် အတွက်     အဆိုပါကိစ္စကို   အထူးသတိထား၍     သက်ဆိုင်ရာ            ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊    ပြည်ထဲရေးဝန်ကြီးဌာန၊   လူဝင်မှု ကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ကြိုတင်ပူးပေါင်း၍ အကြိမ်ကြိမ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း      ပြန်လည်ဖြေကြားသည်။

 


တဲ့ပြောအွန်လိုင်းမီဒီယာမှ   အယ်ဒီတာချုပ် ဦးဇော်မင်းဦးက   ယခုလက်ရှိတွင်   ဆယ်အိမ်မှူး/ရာအိမ်မှူးများက မဲစာရင်းပြုစုနေသည်ကို တွေ့ရပါ ကြောင်း၊ သို့သော် အိမ်တိုင်းစေ့မရောက်ကြောင်း၊ ထိုကိစ္စကိုလည်း သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက   ယခုလက်ရှိတွင်   ရပ်/ကျေးမှ စာရင်းများကို အဆင့်ဆင့်ပြုစု၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြပြီး မြို့နယ်မှတစ်ဆင့် တင်ပြထားဆဲသာရှိသေးကြောင်း၊     ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စိစစ်သည့်အပိုင်း၊ မဲစာရင်းဖြစ်ရန်  သတ်မှတ်သည့် အသက်ကာလများ ဖြင့် ပိုင်းဖြတ်ခြင်းအပိုင်းများကို မဆောင်ရွက်ရသေး ကြောင်း၊ ဝန်ကြီးဌာနအလိုက် လုပ်ငန်းစဉ်များသာ ရှိနေသေးကြောင်း၊ ထိုကိစ္စများကိုလည်း  ပေါင်းစပ် ညှိနှိုင်း၍  တိုက်ဆိုင်စစ်ဆေးခြင်း       လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊    အချိန်မီဖွဲ့စည်း၍ အဆင်ပြေစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


နိုင်ငံအကျိုးပြုသတင်းမီဒီယာမှ  အယ်ဒီတာ ကိုခန့်က  ၂၀၂၃ ခုနှစ်တွင်  ရွေးကောက်ပွဲကို မဖြစ် မနေကျင်းပမည်ဟု    သိရကြောင်း၊       ယခင် ရွေးကောက်ပွဲများတွင် ပါတီအများစုမှာ ပါတီများ၏ မူဝါဒများ၊ စံနှုန်းများကို  ပါတီ၏  ဗဟိုအလုပ်အမှု ဆောင်များမှအပ အများပြည်သူသာမက ၎င်းတို့၏ ပါတီဝင်များပင်မသိရှိကြကြောင်း၊ ထိုအခြေအနေမှာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီ များအတွက်    မဖြစ်သင့်သည့်   ကိစ္စတစ်ရပ်ဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံ့အကျိုး၊ တိုင်းပြည်အကျိုး ကိုထမ်းဆောင်ကြမည့် ပါတီများအနေဖြင့် ပြည်သူ လူထုသိရှိနိုင်ရန်အတွက် မိမိတို့ပါတီ၏ မူဝါဒများ၊ စံနှုန်းများ၊      ပြည်သူအပေါ်အလေးထားသည့် ကျင့်ဝတ်များ၊ မိမိတို့ပါတီအနေဖြင့်   လွှတ်တော် အတွင်းသို့ အမတ်များအဖြစ် ရောက်ရှိပါက ပြည်သူ များအပေါ် မည်ကဲ့သို့ ကောင်းကျိုးပြုမည်ဆိုသည် ကို ပြည်သူများသိရှိနိုင်ရန်  အလွန်အရေးကြီးသည့် အတွက် ပါတီများ၏ မူဝါဒများကို ပြည်သူများသိရှိ စေရန် ချပြနိုင်ရန်အတွက် UEC အနေဖြင့် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို     သိလိုကြောင်း မေးမြန်းသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက  ယခုမေးခွန်းကို ပြန်လည်ဖြေဆို ရမည်ဆိုပါက   ပါတီများ၏မူဝါဒ၊    လုပ်ငန်းစဉ်၊ သဘောထားများနှင့်ပတ်သက်လျှင် မိမိအနေဖြင့် နှစ်ပိုင်းခွဲ၍ ပြောမည်ဖြစ်ကြောင်း၊  ပထမအပိုင်းမှာ ပါတီများ၏ အပိုင်းဖြစ်ကြောင်း၊ ပါတီများသည် ၎င်းတို့၏ ပါတီစည်းရုံးရေးနှင့် မဲဆွယ်စည်းရုံးရေးကို ဆောင်ရွက်ရကြောင်း၊ ပါတီတည်ထောင်ပြီးနောက် ပိုင်း မှတ်ပုံတင်ခွင့်ရရှိပြီးပါက ပါတီ၏ စည်းရုံးရေးကို ၎င်းတို့၏   ပါတီအတွင်း     ဆောင်ရွက်ခွင့်ရှိကြောင်း၊ အလားတူ         မဲဆွယ်စည်းရုံးရေးကာလတွင် လှည့်လည်စည်းရုံးဟောပြောသည့် လုပ်ငန်းစဉ်များ နှင့်မီဒီယာမှ       စည်းရုံးသည့်လုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊       ပါတီစည်းရုံးရေး လုပ်ဆောင်ရာတွင်  လည်းကောင်း၊ မဲဆွယ်စည်းရုံး ရေးကာလအတွင်း      မဲဆွယ်စည်းရုံးရာတွင် လည်းကောင်း၊ မိမိပါတီ၏ မူဝါဒများ၊ သဘောထား များနှင့်    လုပ်ငန်းစဉ်များကို    ထုတ်ပြန်ခြင်း၊ ပြောကြားခြင်း၊ ကြေညာခြင်းများကို ဆောင်ရွက်၍ ရကြောင်း၊ ဆောင်ရွက်လျက်လည်းရှိကြောင်း။

 


ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံ ပါတီ မှတ်ပုံတင်ခွင့်  ဥပဒေပုဒ်မ ၅  အရ  တင်ပြရာတွင် လည်း ပါတီအမည်နှင့် အလံ၊ တံဆိပ်၊ တည်ထောင် လိုသော ပါတီ၏ နိုင်ငံရေးသဘောတရားနှင့်လုပ်ငန်း စဉ်များ၊  ပါတီစည်းမျဉ်းနှင့်   ဖွဲ့စည်းပုံတို့အပြင် အခြားပါရှိရမည့် အထောက်အထားစာရွက်စာတမ်း များနှင့်အတူ ပေးပို့ရကြောင်း၊ ထိုအချက်အလက် များကို  စိစစ်၍      ပါတီမှတ်ပုံတင်ခွင့်ပြုခြင်းဖြစ် ကြောင်း၊ ထိုသို့မှတ်ပုံတင်ခွင့်ပြုပြီးပါက ၎င်းပါတီ နှင့် ပတ်သက်သည့်   အချက်အလက်များကို   UEC ၏ Website  ရှိ  ပါတီများအခန်းကဏ္ဍတွင် အဆိုပါ ပါတီ၏ အလံတံဆိပ်၊ ခေါင်းဆောင်၊ ပါတီ၏ ဖွဲ့စည်း ပုံ    စည်းမျဉ်းအစရှိသည့်   အချက်အလက်များကို လေ့လာသိရှိနိုင်ကြောင်း၊      ပါတီဝင်များကို ရွေးကောက်တင်မြှောက်နိုင်မည့် အရည်အသွေးနှင့် ပတ်သက်သည့် သတ်မှတ်ချက်များလည်းရှိကြောင်း၊ ပါတီဝင်အဖြစ်စုဆောင်းရမည့်သူများ၏ အရည် အသွေး၊ အရည်အချင်းများနှင့်   ပါတီဝင်အဖြစ် စုဆောင်းခြင်း   မပြုရသူများနှင့်   ပတ်သက်သည့် သတ်မှတ်ချက်များလည်း ရှိကြောင်း။

 


အလားတူရွေးကောက်ပွဲတွင် ကိုယ်စားလှယ် လောင်းအနေဖြင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသူများနှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိ သူများဟူသည့် သတ်မှတ်ချက်များလည်းရှိကြောင်း၊ နိုင်ငံရေးပါတီများ  မှတ်ပုံတင်ခြင်းဥပဒေ၊ နည်း ဥပဒေများတွင်   သတ်မှတ်ချက်ရှိကြောင်း၊   ထို သတ်မှတ်ချက်များနှင့်အညီသာ      လွှတ်တော် ကိုယ်စားလှယ်လောင်းများက ပါဝင်၍ ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


Myanmar   National   Post   သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏    ကျောင်းပြန်ဖွင့်သည့် လုပ်ငန်းစဉ်များသည်      ပြည်သူများအတွက် လိုအပ်ချက်ဖြစ်သည်ဆိုသည်မှာ ပြောစရာမလိုပါ ကြောင်း၊   သို့သော်  အကြမ်းဖက်ဘေးအန္တရာယ် မကင်းသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ် ကဲ့သို့ဒေသများ၌ ကျောင်းများကို မဖြစ်မနေဖွင့်ခိုင်း မည်လား၊ ကျောင်းသား  ကျောင်းသူများနှင့် ဆရာ ဆရာမများ        အန္တရာယ်ကင်းရှင်းရေးအတွက် အကြမ်းဖက် ဘေးအန္တရာယ်အခြေအနေများအရ ဆောင်ရွက်မည်လား သိလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ်ဇော်မင်းထွန်းက      မိမိတို့အနေနှင့် ကျောင်းများကို  တစ်နိုင်ငံလုံးတွင်     ဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊     သို့သော် လုံခြုံရေးအခြေအနေအရ    မဖွင့်လှစ်နိုင်သည့် ကျောင်းများလည်းရှိကြောင်း၊   အချို့ကျောင်းများ တွင် ဆရာ ဆရာမများကလည်း ကျောင်းဖွင့်လို ကြောင်း၊ ကျောင်းသား ကျောင်းသူများကလည်း တက်ရောက်လိုကြောင်း၊   သို့သော်လည်း  လက်ရှိ အချိန်တွင်    ကျောင်းများကိုသာ    ပစ်မှတ်ထား နှောင့်ယှက်ဖျက်ဆီးနေသည်ကို  တွေ့ရကြောင်း၊ ယခင်နှစ်ကလည်း မိမိတို့ ကြုံတွေ့ရပြီးဖြစ်ကြောင်း၊ မိမိတို့  ကျောင်းဖွင့်ရန် ဆောင်ရွက်ခဲ့ရာတွင်  ဆရာ ဆရာမများ၊     လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ ဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ရပ်မိ ရပ်ဖအဖွဲ့အစည်းများ၊ ထို့အပြင် ယခင်နှစ်က စစ်မှု ထမ်းဟောင်းများပါ  Volunteer အနေနှင့်် ဝင်ပြီးလုပ်ဆောင်သည်များရှိကြောင်း၊ ယခုနှစ်တွင်လည်း လိုအပ်သည့်နေရာများတွင်     ကျောင်းများကို အန္တရာယ်ကင်းကင်းနှင့်   ဖွင့်လှစ်နိုင်ရန်   ပြည်သူ လူထုပါဝင်သည့်စနစ်များ၊     မိမိပြောခဲ့သည့် Volunteerများ၊ စစ်မှုထမ်းဟောင်းများပါဝင်သည့် စနစ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊တပ်မတော်အားလုံး ပူးပေါင်းပြီး ဆောင်ရွက်သွားရန်ရှိကြောင်း။

 


မိမိအနေဖြင့်      ထပ်မံမေတ္တာရပ်ခံလိုသည်မှာ ထိုကိစ္စသည် ပြည်သူလူထုတစ်ရပ်လုံးက စဉ်းစားရ မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရေးကဏ္ဍတွင် မည်သို့ဖြစ်ခဲ့သည်၊ မည်မျှနိမ့်ကျနေပြီဆိုသည်ကို အချက်အလက်များ၊    အထောက်အထားများနှင့် မိမိတို့ပြောပြီးဖြစ်ကြောင်း၊    လက်ရှိအချိန်တွင် လက်တွေ့ကျကျ     စဉ်းစားကြည့်မည်ဆိုလျှင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ခြင်း သော်လည်းကောင်း၊ ပညာရပ်ဆိုင်ရာလုပ်ငန်းများ နှင့်ပတ်သက်၍   အသက်မွေးဝမ်းကျောင်းလုပ်ငန်း များလုပ်ကိုင်ခြင်းသော်လည်းကောင်း၊ မည်သည့် လုပ်ငန်းများ လုပ်ကိုင်သည်ဖြစ်စေ ပညာသင်ကြားခဲ့ မှုနှင့်  မသင်ကြားခဲ့မှုသည်  အလုပ်အကိုင်ရရှိမှုနှင့် အခွင့်အလမ်းရရှိမှုများမှာ ကွာခြားသွားမည်ဖြစ် ကြောင်း၊ ထိုကိစ္စများကို ဂရုစိုက်ရမည်ဖြစ်ကြောင်း။

 


ထိုသို့      ကျောင်းသား    ကျောင်းသူများကို နှောင့်ယှက်နေခြင်း၊  စာသင်ကျောင်းများ၊   ဆရာ ဆရာများကို  နှောင့်ယှက်ခြင်းများသည်   မိမိတို့ အစိုးရကို နှောင့်ယှက်နေခြင်းဆိုသည်ထက် နိုင်ငံ၏ အနာဂတ်ကို  နှောင့်ယှက်နေခြင်းပင်  ဖြစ်ကြောင်း၊ မိမိပြောခဲ့သည့်      လုံခြုံရေးဆိုင်ရာ     ပူးပေါင်း ဆောင်ရွက်မှုများတွင် ပြည်သူလူထုအနေဖြင့်လည်း တတ်နိုင်သည့်ဘက်က ပူးပေါင်းပါဝင်ဆောင်ရွက် စေလိုကြောင်း၊  မီဒီယာအနေဖြင့်လည်း  တတ်နိုင် သည့်ဘက်က ဝိုင်းဝန်းကူညီပြီး ပူးပေါင်းဆောင်ရွက် စေလိုကြောင်း၊     မိမိတို့အစိုးရအကျိုးအတွက် လုပ်ဆောင်ခိုင်းနေခြင်း မဟုတ်ကြောင်း၊ မိမိတို့နိုင်ငံ အကျိုး၊ ပြည်သူလူထုအကျိုးအတွက် လုပ်ဆောင် နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အားလုံးဝိုင်းဝန်း ပူးပေါင်း လုပ်ဆောင်ကြပါစို့ဟု  ထပ်မံတိုက်တွန်း ပြောကြားလိုပါကြောင်း ပြန်လည်ဖြေကြားသည်။


(ဆက်လက်ဖော်ပြပါမည်)