Jul 29, 2022
မြန်မာနိုင်ငံ လယ်ယာသန်းခေါင်စာရင်းကောက်ယူခြင်း နည်းလမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 29, 2022
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီငါးမျိုးစိတ်စိုက်ထည့်ပွဲကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်၌ ကျင်းပသည်။
Jul 29, 2022
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်ပနိုင်ငံများသို့ သင်တန်းနှင့် လေ့လာရေး တက်ရောက်ခဲ့သူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံး မြို့တော်ခန်းမတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Jul 29, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Jul 29, 2022
မြန်မာနိုင်ငံအတွင်းရှိ ရဟန်းသံဃာတော်များနှင့် ပြည်သူများအနေဖြင့် ပါကစ္စတန်နိုင်ငံရှိ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွား သောဒေသများသို့ သွားရောက် လည်ပတ်ကြရာတွင် အဆင်ပြေ လွယ်ကူချောမွေ့စွာ သွားရောက် နိုင်ကြစေရန် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန်သံရုံးမှသိရသည်။
Jul 29, 2022
အထည်ချုပ် လုပ်ငန်းတွင် Assessment Center များ တိုးမြှင့်တည်ထောင်ရေး၊ Assessorများ ပိုမိုမွေးထုတ်ပေးရေးနှင့် CMP လုပ်ငန်းများ စစ်ဆေးရေး ဆပ်ကော်မတီ (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Jul 29, 2022
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဆေးတက္ကသိုလ်-မန္တလေး၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီး အတွင်း ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့်် ဆေးကုသမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ဆွေးနွေးမှာကြားသည်။
Jul 29, 2022
(၂၃)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုဆပ်ကော်မတီ အစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် အာဆီယံ + ၃ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကွန်ရက် အစည်းအဝေးကို ဇူလိုင် ၂၇ ရက် နှင့် ၂၈ ရက်တို့တွင် မလေးရှားနိုင်ငံ ကူချင်မြို့၌ ကျင်းပသည်။
Jul 29, 2022
၁။ မြန်မာနိုင်ငံအတွင်းသို့ လမ်းကြောင်းအသီးသီးမှ စားသုံးရန်မသင့်သည့် စားသောက်ကုန်များ၊ အရည်အသွေးနိမ့် လူသုံးကုန်ပစ္စည်းများ၊ တရားမဝင်ဆေးဝါးများနှင့် အခွန်ပေးဆောင်ထားခြင်း မရှိသော အကောက်ခွန်မဲ့ကုန်ပစ္စည်းများ ဝင်ရောက်မှုအား ကုန်သွယ်ရေးစခန်းများ၊ စစ်ဆေးရေး စခန်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များ ဖွဲ့စည်း၍ တားဆီး/ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
Jul 29, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်း ထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Jul 29, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ လူထုအခြေပြုဗဟိုဌာန (Community Center)သို့ ရောက်ရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Jul 29, 2022
မြေဩဇာကော်မတီ (၃၆)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 29, 2022
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာ မျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၁၈)ကို ယနေ့မွန်းလွဲပိုင်းက “အဆင့်မြင့်အရာရှိကြီး များ၏ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ စီမံခန့်ခွဲမှု သင်တန်းများမှ လေ့လာသိရှိမှုများ” ခေါင်းစဉ် ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမတွင် ကျင်းပသည်။
Jul 29, 2022
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စစ်သည်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဘက်စုံထူးချွန် ဆုရရှိသူများ ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် တောင်ပိုင်း တိုင်း/စစ်ဌာနချုပ်တို့၌ ကျင်းပ ကြရာ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jul 29, 2022
ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝ အဆင်ပြေစေရေးအတွက် မရှိမဖြစ် လိုအပ်သောအချက်မှာ လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည်။ အထူးသဖြင့် မြို့ပြများ၌ လူမှုဘဝနေထိုင်မှုနှင့် လုပ်ငန်းကိုင်ငန်းအကျိုးစီးပွားများအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးသည် အရေးကြီးရာ ယင်းကိုနိုင်ငံတော်အစိုးရက နည်းလမ်းအမျိုးမျိုးဖြင့် ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။
Jul 29, 2022
မြန်မာနိုင်ငံသည် ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းများကို ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည့် အလျောက် ဒီရေတောပိုင်ဆိုင်မှု အနေဖြင့်လည်း ကမ္ဘာ့အဆင့်တွင် သတ္တမ၊ အာရှအဆင့်တွင် တတိယ အများဆုံးနိုင်ငံ ဖြစ်သည်။ ဒီရေတောများသည် အဖိုးတန်သဘာဝ သယံဇာတများ ဖြစ်သည်ကို သတိမပြုမိသူများက အများစုဖြစ်ရာ မိမိတို့နိုင်ငံတွင် ပိုင်ဆိုင်ထားသည့် ဒီရေတောများကို ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပျက်စီးဆုံးရှုံးသွားသည့် ဒီရေတောများကို ပြန်လည် စိုက်ပျိုးပြုစုပျိုးထောင် ခြင်းများအား အလေးအနက်ထား ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်။
Jul 28, 2022
အစိုးရ၏ ပညာရေးစနစ် ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက်အုပ်စု အဖြစ်ကြေညာထားသည့် NUG မှ အဖွဲ့ဝင် တရားခံပြေး ဇော်ဝေစိုးနှင့် ဂျာထွယ်ပန်တို့သည် Kaung For You တရားမဝင် ပညာသင်ကြားမှု အစီအစဉ်အား Online စနစ်ဖြင့် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။
Jul 28, 2022
အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Jul 28, 2022
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ
Jul 28, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။