နေပြည်တော် ဒီဇင်ဘာ ၈
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရန် မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၅၀) တို့တွင် သတ်မှတ်ရက်များအလိုက် မဲရုံများ ဖွင့်လှစ်၍ ကြိုတင်ဆန္ဒမဲပေးခြင်းအစီအစဉ်များကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်အထိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၄၁) ရုံးတို့တွင် ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ပြည်ပရောက်မြန်မာနိုင်ငံသားများ ကြိုတင်မဲများ ဆက်လက်ပေးနိုင်ရေးအတွက် ကျန်ရှိသောရုံးများအနေဖြင့် သတ်မှတ်နေ့ရက်များအထိ မဲရုံများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
