Skip to main content

နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီ ကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်ခြင်း

နေပြည်တော် ဩဂုတ် ၂၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက (၂၉--၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာ ခရီးသည်တင် လေကြောင်း ခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီ ကန့်သတ် ခြင်းဆိုင်ရာ ညွှန်ကြားချက် (Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel) သက်ရောက်မှု ကာလကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၃၁-၈-၂၀၂၀) ရက်နေ့၊ မြန်မာစံတော် ချိန် (၂၃:၅၉) နာရီအထိ တိုးမြှင့် သတ်မှတ်ခဲ့ပါသည်။

မြန်မာနိုင်ငံအတွင်း COVID- 19 ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ လေကြောင်း ခရီးစဉ်များဖြင့် ခရီးသည်များ ဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေးမှာ များစွာ အရေးပါသဖြင့် အထက်ပါ ညွှန်ကြားချက်၏ သက်ရောက်မှု ကာလကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၃၀-၉-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ ထပ်မံတိုးမြှင့် သတ်မှတ် လိုက်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန