Skip to main content

ပန်းတဉ်း အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ၂၀၀ ကျပ်တန်ရောင်းချပေးမည်

နေပြည်တော် ဩဂုတ်၂၆

မြန်မာ့ယဉ်ကျေးမှု သုခုမအနုပညာရပ်များကို မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းတဉ်း အထိမ်းအမှတ် အထူး ထုတ်စာပို့တံ ဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၁)မျိုးအား ၂၀၂၀ပြည့်နှစ်၊ သြဂုတ် (၂၈) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဝါခေါင် လဆန်း(၁၀)ရက် (သောကြာနေ့)၊ နံနက် ၉ နာရီမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး ၊ရန်ကုန် စာတိုက်ကြီး၊ မန္တလေးစာ တိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများတွင် ရောင်းချပေး သွားမည်ဖြစ်သည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် သြဂုတ် (၂၈)ရက် တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover)များပေါ်တွင် နေ့စွဲ အမှတ် အသား တံဆိပ်ရိုက်နှိပ်ပေး မည် ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)