နေပြည်တော် ဩဂုတ် ၂၅
မြန်မာနိုင်ငံ၌ တရားဝင်ခရီးရောက်ရှိနေသော ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုတဲဂိ တိုရှိမိစု ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီတွင် လေကြောင်းခရီးဖြင့် နေပြည်တော်မှ ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့အား နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမနှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
သတင်းစဉ်