Skip to main content

မကွေး ဩဂုတ်

မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေကြီးခြင်းများကြောင့် ကရင်ပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရေးကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ရေဘေးသင့် ပြည်သူများအား ယာယီရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးခြင်း၊ စားနပ်ရိက္ခာ များ၊ ဆန်ရိက္ခာဖိုးငွေများ၊ ပျက်စီး/ပြောင်းရွှေ့ရသော နေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ခြင်းများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက ဆောင်ရွက်ပေး လျက်ရှိသည်။

ထို့သို့ဆောင်ရွက်ရာလျက်ရှိရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေး မြို့နယ်နှင့် မင်းဘူးမြို့နယ်တို့ရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး၍ ကူညီထောက်ပံ့ ခြင်းလုပ်ငန်းများကို သွားရောက်ဆောင်ရွက်ပေးကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့နယ် မြေနုကျွန်းကျေးရွာသို့ စက်လှေများဖြင့် သွားရောက်ကြပြီး ရွာဦးဘုန်းကြီးကျောင်း၌ ဆရာတော်အား ဖူးမြော်ကြည်ညို၍ အလှူငွေများ လှူဒါန်းကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ရေနစ်မြုပ်မှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေကြီးနစ်မြုပ်မှုများကြောင့် ပျက်စီး/ ရွှေ့ပြောင်း ရသော နေအိမ်( ၂၄၈) လုံးအတွက် တစ်အိမ်လျှင် ငွေကျပ် () သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၄၈) သိန်း၊ လူဦးရေ (၉၆၃) ဦးအတွက် ဆန်ရိက္ခာဖိုး စုစုပေါင်းငွေကျပ် (,၀၂၂,၃၀၀) ကို ဘေးသင့် ပြည်သူများထံ ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် လူမှုဝန်ထမ်း ဦးစီးဌာနက ဘေးသင့် ပြည်သူများထဲမှ ထိခိုက်လွယ်အုပ်စု များတွင်ပါဝင်သော သက်ကြီးရွယ်အိုများ၊ အသက် () နှစ် အောက်ကလေးငယ်များ၊ မသန်စွမ်းသူများနှင့် ကိုယ်ဝန်ဆောင် မိခင်များ လူဦးရေ စုစုပေါင်း (၂၀၁) ဦးအတွက်တစ်ဦးလျှင် ငွေကျပ် () သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (,၀၃၀,၀၀၀) ကို   ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးမြို့နယ်သို့ သွားရောက်ပြီး ဘက်စုံသုံး ဘေးဒဏ်ခံအဆောက်အဦ၌ ရေဘေးသင့်ပြည်သူများအားတွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး ရေဘေးသင့်ပြည်သူ (၁၈၄၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (,၈၈၂, ၉၀၀) ခေါက်ဆွဲခြောက် ထုပ်များ၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လက်ဆေးဆပ်ပြာများနှင့် Mask များကို ဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ်သည်။

ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးများတွင် ရေဘေး၊ လေပြင်းဘေး၊ ကမ်းပြိုဘေး၊ မြေပြိုဘေး စသောဘေးအမျိုးမျိုးကို ရင်ဆိုင်တုံ့ပြန်ခြင်း၊ ဘေးဒုက္ခ ခံစားရသော ပြည်သူများအား ထောက်ပံ့ကူညီခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် မိမိတို့ဝန်ကြီးဌာန၏ တာဝန်ဖြစ်ပါကြောင်း၊ ယခုကာလတွင် သဘာဝဘေး များအပြင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေးပါ ရင်ဆိုင်နေရ၍ အထူးဂရုစိုက်စေလိုကြောင်း၊ ကပ်ရောဂါဘေးနှင့် ပတ်သက်၍ အစိုးရက ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်၊ ကုသရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ကပ်ရောဂါကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်နိုင်ရန် လက်ဆေးခြင်း၊ Mask တပ်ခြင်းနှင့် အတတ်နိုင်ဆုံး တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေကြရန် လိုအပ်ပါကြောင်း၊ ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်သူများ အခက်အခဲကြုံတွေ့ရချိန်တွင်  အစိုးရအနေဖြင့် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (CERP) ကို ချမှတ်၍ အားလုံးတစ်ပေါင်းတည်း ကျော်လွှားခြင်း လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနကလည်း ပါဝင်ဆောင်ရွက်ပါကြောင်း။

 အဆိုပါ အစီအစဉ်တွင် ပြည်သူများတိုက်ရိုက်အကျိုးရှိစေမည့် လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ခြင်း၊ ထိခိုက်အုပ်စုများနှင့် ဘေးဒဏ်ခံစားရသောသူများအား ထောက်ပံ့ခြင်း အထူး အစီအစဉ်များ ပါဝင်ကြောင်း၊ ပုံမှန်ပေးအပ်နေသော လူမှုရေးပင်စင်တွင် အကျုံးမဝင်သေးသော အသက် (၈၀) မှ အသက် (၈၄) နှစ်အထိ ဘိုးဘွားများအား တစ်ဦးလျှင် ငွေကျပ်() သောင်းနှုန်းဖြင့် တစ်ကြိမ်၊ MCC အစီအစဉ်တွင် အကျုံးမဝင်သေးသော ဒေသများရှိ ကိုယ်ဝန်ဆောင်များအား တစ်ဦးလျှင်ငွေကျပ် () သောင်းနှုန်းဖြင့် တစ်ကြိမ်နှင့် ထိခိုက်လွယ်အုပ်စုများအတွက် တစ်ကြိမ် ထောက်ပံ့ခြင်း စသည့်ဖြင့်လာမည့် စက်တင်ဘာလအတွင်း အပြီးပေးအပ်ထောက်ပံ့မည် ဖြစ်ပါ ကြောင်း၊ အစိုးရ၏ဆောင်ရွက်မှုများသည် အားလုံးသာတူညီမျှခံစားရရှိရေးကို ဦးတည်ပြီး မူဝါဒ၊ မဟာဗျူဟာ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ပါကြောင်း၊ အစိုးရ၏ ရေတို ဆောင်ရွက်ချက်များကို ပြည်သူများခံစားရရှိနေပြီဖြစ်ပြီး ရေရှည်မျှော်မှန်းပြီး ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများ ထိရောက်မြန်ဆန်စွာ အကောင်အထည်ပေါ်လာရန် ပြည်သူများက ပူးပေါင်း ဆောင်ရွက်ပေး ကြစေလိုကြောင်း ပြောကြားသည်။

(သတင်းစဉ်)